ပြန်လည်တောင်းပန်ခြင်း

ငယ်ငယ်လေးကတည်းက အခုအချိန်အထိ သူများ ပစ္စည်းဖွက်ပြီး မနောက်ဖူးပါဘူး။ သူများ စိတ်ဒုက္ခရောက်အောင်၊ ဝမ်းနည်းအောင် မကျီစယ်ဖူးပါဘူး။ သူများကို အရူးလည်း မလုပ်ဖူးပါဘူး။ ဒါပေမယ့် ကျနော့ရဲ့စာဖတ်သူတွေကို အချစ်စမ်းချင်လို့ ဧပရယ်လ်ဖူးလ်မှာ နောက်လိုက်တာပါ။ အားလုံးကို တောင်းပန်ပါတယ်။ ဗီလိန်ဘာမှမဖြစ်ပါဘူး။ (ဘာမှမဖြစ်ဘူးဆိုပေမယ့် ပြဿနာလေး နည်းနည်းတော့ ရှိပါတယ်။)

အချစ်စမ်းတယ်ဆိုတဲ့အပြင် ပညာစမ်းတာလည်းပါပါသေးတယ်။ ဒါပေမယ့် မနက်ပိုင်းလောက်ပဲ မိကြပါတယ်။ နေ့လည် လောက်ရောက်တော့ ဘလော့ တော်တော်များများကလည်း ဧပရယ်ဖူးလ်နေကြတော့ အားလုံးရိပ်မိကုန်ကြပါတယ်။ အစကတည်းက ရိပ်မိအောင်လို့ Hint တစ်ခုပေးထားပါတယ်။ အဲဒါကတော့ April 1 (April Fool Day) ဝင်ဝင်ချင်း ည ၁၂ နာရီ တိတိမှာ ပို့စ်တင်ထားတာကို မှန်းတတ်တဲ့သူက မှန်းလို့ရပါတယ်။ အချစ်စမ်းတယ်ဆိုပေမယ့် စိတ်မကောင်းတာတော့ အမှန်ပါ။

တောင်းပန်ပါတယ်။ အချစ်စမ်းကြည့်တာပါ။ :D

ဗီလိန်

6 comments:

နွေးနေခြည် said...

ဗီလိန် နှုတ်ဆက်ခြင်းဆိုတာကို ၃၁ မတ် နေ့လည်လောက်တည်းကတွေ့တယ် (ပိုစ့်တော့ မရှိဘူးး) )
ဗီလိန်စိတ်ချမ်းသာပါစေတော့ ဆိုပြီး ပြန်နှုတ်ဆက်လိုက်တာ...စ မှန်းသိသားပဲ
Welcome Back :P

Anonymous said...

....စိတ်ချမ်းသာ တစ်တိုင်းပြည်လုံးအေးတယ် :)

:P said...

စိတ်မကောင်းမဖြစ်ပါနဲ့...
ဖတ်ပြီးကတည်းက သိပါတယ်... အာဟိ..အာဟိ...။

juli said...

သူပဲ fool လုပ်ထားပြီး fool လို့ fool တယ်ရေးထားတဲ့ သူများကွန်မန့်ကို ဖျက်ပြစ်တယ်.. :(

ဗီလိန် said...

Myo ရေ့ စောတီးပါဗျာ။ အရမ်းစောနေလို့ ဖျက်လိုက်တာပါဗျ။ အဟီး ပြန်ရေးပေးနော်။ စိတ်ဆိုးနဲ့။ :D

JulyDream said...

ရမလားကွယ်။ ဂိမ်းဆော့ဖို့ အသဲအသန် ချိန်းနေတဲ့သူက စင်္ကာပူကနေ ပြန်ရတော့မယ် နှုတ်ဆက်တယ် ဆိုတာကို ပြောတော့လည်း ယုံတဲ့သူက ယုံပေမယ်။ အကျွန်ုပ်ကတော့ လက်ကြီးပိုက် ပြုံးပြုံးကြီး ကြည့်ပြီး ပါးစပ်က အဟက် အဟား... ရီသံသဲ့သဲ့နဲ့ လုံးဝကို မယုံခဲ့ပါဘူး။