ဗီလိန် နှုတ်ဆက်ခြင်း

ကျနော်ဟာ လူဖြစ်ပါတယ်။ လူတောင်မှ ပုတုဇဉ်ပါ။ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ တစ်ခုမှ မကင်းပါဘူး။ လောဘကြီးသလို ဒေါသလည်းကြီးပါတယ်။ မြန်မာပြည်မှာကတည်းက အရပ်တကာလှည့်ပြီး ဘဝမျိုးစုံ ကျင်လည်ခဲ့ဖူးပါတယ်။ ပတ်ဝန်းကျင် အသီးသီးမှာ နေရာယူခဲ့ဖူးပါတယ်။ နိုင်ငံတကာမှာတော့ မကျင်လည်ခဲ့ဖူးပါဘူး။ တိုင်းတပါးဆိုလို့ စင်ကာပူကလွဲရင် ၃ ရက်လောက်သွားလည်တဲ့ မလေးရှားကိုပဲ ရောက်ဖူးပါတယ်။ မှန်မယ်ထင်ရင် အမေတောင် တားမရတဲ့ ကျနော် ဘာကိုမှလည်း ဂရုမစိုက်ခဲ့ပါဘူး။ ကျနော့ကိုယ်ကျနော် မှန်တယ်လို့ ခံယူပြီးမှန်းသိရင်လည်း အမေက မတားတော့ပါဘူး။ ငယ်ငယ်ကတည်းက မီးကိုကိုင်ရင် ပူမယ်လို့ ပြောတဲ့ အမေ့စကားကို နားမထောင်ပဲ မီးကိုကိုင်ကြည့်ပါတယ်။ အမေကလည်း လက်ကိုမဆွဲပါဘူး။ ပူသွားတော့မှ နားရွက်ကိုင်ဖို့ ပြောပါတယ်။

အခုလည်း မှန်မယ်ထင်တာကို လုပ်ခဲ့ပါပြီ။ ကျနော့ ပုဂ္ဂလိကအတွက် မဖြစ်သင့်ဘူးဆိုပေမယ့် လုပ်သင့်မယ်ထင်တဲ့ အလုပ်တစ်ခုကို လုပ်ခဲ့ပါပြီ။ နောက်တစ်ပတ် Good Friday နဲ့ အလှည့်ကျစနေပိတ်ရက် နဲ့ တိုက်ဆိုင်စွာ ဖြစ်နေပါတယ်။ သို့သော်... အဲဒီ့ခံစားခွင့် ကျနော့မှာ မရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီ့ Weekend မှာ ကျနော် စင်ကာပူနိုင်ငံမှာ ရှိမနေတော့ပါဘူး။ မြန်မာပြည်မှာ လမ်းဘေးပွဲစားတွေဖြစ်တဲ့ ဆိုက်ကားသမားနဲ့ ကွမ်းယာသည်တောင် ကိုယ့်စကားကိုယ်တည်တဲ့ သူတွေ၊ ပြောပြီးရင် ဖြစ်အောင်လုပ်တဲ့သူတွေ၊ ကိုယ့်စကားကိုယ်တန်ဖိုးထားတဲ့သူတွေ တပုံကြီးပါ။ Human Right မရှိဘူးလို့ ပြောနေကြတဲ့ မြန်မာပြည်။ ဘယ်နိုင်ငံမှာ ရှိပါလိမ့်။ ကျနော်မသိပါ။ သို့သော် အရှေ့တောင်အာရှတွင် နာမည်ကြီးလှပါချည်ရဲ့ ဆိုတဲ့ စင်ကာပူ။ အထင်ကြီးမှုတွေ နဲ့ နိုင်ငံကြီးသားတွေနဲ့ ဆက်ဆံရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ချီတက်ခဲ့တဲ့ စင်ကာပူ။

ဟားဟားဟားဟား
ဟားဟားဟားဟား
ဟားဟားဟားဟား
ဟားဟားဟားဟား
ဟားဟားဟားဟား

ကဲပါလေ။ ဒါတွေ ထားလိုက်ပါတော့။ တောင်းပန်ချင်တာက ကျနော့ စာတွေလာဖတ်နေကြတဲ့ စာဖတ်သူအပေါင်း၊ ဘလော့ဂါအပေါင်း။ သူငယ်ချင်းတွေ အားလုံးကို ဒီနေရာကနေပဲ နှုတ်ဆက်ပါတယ်။ တစ်ခါတည်းပဲ ဒီဘလော့လေးကိုပါ နှုတ်ဆက်ပါတယ်။ စာဖတ်သူတွေကို အတွေးမှားတွေ ပေးခဲ့တဲ့ ဗီလိန် အပြစ်တွေလည်း မနည်းတော့ပါဘူး။ ရေးချင်ရာရေးပြီး လုပ်ချင်ရာလုပ်ခဲ့တာကို ဂရုတစိုက် လာရောက်ဖတ်ပေးကြတဲ့ သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်ဆိုရင်လည်း မဟုတ်ကဟုတ်ကတွေ တွေးပြီး အရာရာကိုပြောင်းပြန်တွေးနေတဲ့ ဘုကလန့် ဗီလိန်တစ်ယောက် ဘလော့ဂါလောကမှာ မရှိတော့ပါဘူး။

*အားလုံးကို ကျေးဇူးတင်ပါတယ်။*

11 comments:

Anonymous said...

လိန်လိန် အင်း....လိန်လိန်
ဘယ်ခြေလှမ်းပြန်နေတယ်ဆိုတာ သိနေတယ်နော်

Anonymous said...

ဟင်...ပြန်တော့မလို့လား ပြောလည်းမပြောပြဖူးပါဘူး ဘာဖြစ်တာလဲ ။

မသက်ဇင် said...

လွမ်းစရာလေးတွေ ဖြစ်ကုန်ပြီ
ဗီလိန်လေးရေ----
မြန်မာပြည်ရောက်ရင် အွန်လိုင်းတက်ခဲ့

WWKM said...

အင်း ၈လပိုင်းစလုံးအလည်လာမလို့ဟာကို..
မောင်ဗီကို မတွေ့ရတော့ဘူးပေါ့..

အဆင်ပြေပါစေလေ.

Anonymous said...

ယုံဘူးဟေ.
ယုံကြနဲ...apirl fool...
ကေလာမမ

ဖိုးဂျယ် said...

ယုံပါဘူးကွယ် ယုံဘူးကွယ်
ကိုရွာသားတောင် မယုံတာ
နာလဲ ယုံပါဘူးကွယ်

တောင်ပေါ်သား said...

အဟား ဒီနေ့ဘာနေ့လဲဟေ့ ငါတော့ ဗီဗီရဲ့ အကွက်ထဲ မ၀င်ပါဘူး အဟား ဟား
ယုံပါဘူးကွယ် ယုံဘူးကွယ်



လေးစားလျက်
တောင်ပေါ်သား

ဖိုးသင်္ကြန် said...

အိုင်ဆေး
ဒီလိုရှိတယ် ကိုသိန်းမောင်ရဲ့...
သေသူရဲ့ နောက်ဆုံးစာအရ သူဟာ အလုပ်ထဲမှာ တခုခုပေါက်ကွဲလာတာဖြစ်ရမယ်။ ကျွန်ုပ်စိတ်ထင် ဒီကောင် အလုပ်ပြုတ်လာတာဖြစ်ရမယ်။

ဒါပေမယ့် နောက်ဆုံးအပိုဒ်နားမှာရေးထားချက်အရဆို ဒီလူဟာ စိတ်တွေ ဂယောက်ဂယက်ဖြစ်ပြီး လူတွေအာရုံလွှဲအောင် ပေါက်တက်ကရတွေ ရေးသွားတာလဲ ဖြစ်နိုင်သေးတယ်ဗျ။ အိမ်နီးနားချင်းတွေကလဲ သူ့ကို သိပ်စိတ်မမှန်လှဘူးလို့ သုံးသပ်ကြတယ်မဟုတ်လားဗျ။

သွပ် သွပ် သွပ်

နွေးနေခြည် said...

ဗီလိန်ရေ... တာ့တာ

Anonymous said...

တကယ်လည်းမဟုတ်ပဲနဲ့များ ငါက အတည်မှတ်လို့ မျောက်မ ။

Anonymous said...

တော်သေးတယ်... ငါ လာတာ ခြေတစ်လှမ်းနောက်ကျသွားလို့