နံပါတ် ၁၀ ဘယ်သူလဲ။

ကျနော် ဖတ်ဖူးသမျှ ဘာသာရေး ဘလော့တွေထဲမှာ ထေရဝါဒ ဗုဒ္ဓဘာသာရဲ့ အားကိုးထိုက်တဲ့ လေးစားဖွယ် ဘလော့ဂါတစ်ဦးက နံပါတ်တစ်။ ဘာသာရေး မေးခွန်းတိုင်းအတွက် ငြင်းမရတဲ့ အဖြေရအောင်ရှာပေးတဲ့ ကျေးဇူးတင်ထိုက်သူတစ်ဦးပါ။

ကျနော် ဖတ်ဖူးသမျှ ဘလော့တွေထဲမှာ ဖတ်လို့ လိုက်မမီအောင် ရေးအားကောင်းတဲ့၊ မှတ်သားစရာ အသိတွေ ဘာသာပြန်ရေး ပေးနေတဲ့ ဘလော့ဂါတစ်ဦးက နံပါတ်နှစ်။ Forword တွေထဲမှာလည်း သူ့စာတွေ ချည်းပဲ။ တခါတခါများ ဘာအလုပ်မှ မလုပ်ဘူးလား လို့ ထင်ရလောက်အောင်ကို ရေးနိုင်သူပါ။

ကျနော် ဖတ်ဖူးသမျှ ဘလော့တွေထဲမှာ ကော်မန့်ပေးတဲ့သူတွေ ပထမ လုနေကျတယ်။ ဓာတ်ပုံတစ်ပုံ စာလေးတစ်ကြောင်းနဲ့ ကော်မန့် ၁၀၀ကျော် ရအောင် လုပ်နိုင်တဲ့ ဘလော့ဂါတစ်ဦးက နံပါတ်သုံး။ အတိုက်အခိုက်တွေလည်း သိပ်များပါတယ်။ သူတိုက်ခိုက်ခဲ့တာလည်း နည်းမှ မနည်းပဲ။ ချစ်သူပေါသလို မုန်းသူကလည်း စံချိန်တင်ထားတဲ့သူပါ။

ကျနော် ဖတ်ဖူးသမျှ ဘလော့တွေထဲမှာ ကျနော် အနှစ်သက်ဆုံး ဘလော့တစ်ခုလို့ ပြောလို့ရတယ်။ နှိုက်နှိုက်ချွတ်ချွတ်တွေကို ဖွယ်ဖွယ်ရာရာ နဲ့ စုံစုံလင်လင် ရေးတတ်တဲ့ ရသစုံ ဘလော့ဂါတစ်ဦးက နံပါတ်လေး။ မြန်မာ့ Font လောက တိုးတက်ဖို့ Standard အမှန် ဖြစ်တဲ့ Myanmar Unicode ကို အနစ်နာခံပြီး သုံးထားတဲ့ ဘလော့တစ်ခုပါ။

ကျနော် ဖတ်ဖူးသမျှ ဘလော့တွေထဲမှာ Update သတင်း အစုံအလင်ကို တစ်နေရာတည်းမှာ ဖတ်လို့ရအောင် စီစဉ်ပေးတဲ့ ဘလော့ဂါတစ်ဦးက နံပါတ်ငါး။ ကမ္ဘာ့အရေးကြီးသတင်း အစုံအလင်ကို တစ်နေရာတည်းမှာတင် ဖတ်နိုင်တဲ့ အပြင် ရသလေးတွေ ကဗျာလေးတွေ နဲ့ ပါ မပျင်းရအောင် ဖန်တီးထားတဲ့ ဘလော့တစ်ခုပါ။

ကျနော် ဖတ်ဖူးသမျှ ဘလော့တွေထဲမှာ ရသစုံစုံနဲ့ စွဲမက်ဖွယ် တန်ဖိုးရှိ ပို့စ်ပေါင်းများစွာကို ရေးသားတဲ့ ဘလော့ဂါတစ်ဦးက နံပါတ်ခြောက်။ နာမည်ကြည့်ရုံနဲ့ တိုင်းပြည်ချစ်တဲ့သူ တစ်ဦးဆိုတာ ထင်ရှားစွာသိနိုင်တဲ့ ခင်ဖို့ကောင်းတဲ့ အစ်မတစ်ဦးပါ။

ကျနော် ဖတ်ဖူးသမျှ ဘလော့တွေထဲမှာ ပုဂံဆိုတာနဲ့ သူ့ကိုပြေးမြင်တဲ့ ဘလော့ဂါတစ်ဦးက နံပတ်ခုနစ်။ ပုဂံရာဇဝင်နဲ့ ပတ်သတ်လို့ သိချင်တာကို အလွယ်တကူရှာလို့ရအောင် ဖန်တီးထားတဲ့ ဘလော့တစ်ခုပါ။

ကျနော်နဲ့ သူငယ်ချင်းတွေ ဖန်တီးထားတဲ့၊ ဘာမှ မဟုတ်ပေမယ့် ပျော်စရာကောင်းတဲ့ ငပေါများဂေဟာအဖွဲ့သားများအားလုံးက နံပါတ်ရှစ်။ ဟာသရသကို ပြောင်မြောက်အောင်မစွမ်းနိုင်ပေမယ့် အင်အားရှိသလောက်လေး ဖန်တီးထားတာမို့ လိုအပ်တာများရှိရင် နားလည်ပေးကြပါ။

ကိုယ်တိုင် သင်္ဘောသား ဖြစ်ချင်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လောလောဆယ်တော့ ကျွန်းတစ်ကျွန်းပေါ်မှာ သောင်တင်နေပါတယ်။ ရေပျော် ဗီလိန် မဖြစ်သေးပေမယ့် အမေ့အိမ်ပြန်ရင်တော့ တစ်ကျွန်းပြန် ဗီလိန်တော့ ဖြစ်နေပါပြီ။ :) အသက်ကိုလုပြီး ဘဝကို စိန်ခေါ်နေကြတဲ့ သင်္ဘောသားတွေထဲက သင်္ဘောသားဟောင်း ဘလော့ဂါတစ်ဦးက နံပါတ်ကိုး။ ဟာသရသတွေ အရေးများတဲ့အတွက် ငပေါများဂေဟာကို ရာထူးကြီးကြီး၊ လခကြီးကြီးနဲ့ ကမ်းလှမ်းခဲ့ပေမယ့် တစ်ကိုယ်တော်ပဲ ပေါပါရစေဆိုလို့ လက်လျှော့ခဲ့ရပါတယ်။ ဆန္ဒရှိရင်တော့ အချိန်မရွေး ကြိုဆိုလျက်ပါလို့ ထပ်ပြောချင်ပါတယ်။

တစ်ကနေ ကိုးအထိကို မမြင်ဖူးတဲ့ သူတွေပဲထည့်ထားပါတယ်။ ငပေါများဂေဟာကတော့ ချွင်းချက်ပေါ့။

နံပါတ် ၁၀အတွက်ကတော့ ဘလော့လောကမှာ နာမည်ကြီးတဲ့ ခပ်ချောချော ဘလော့ဂါလေးတစ်ဦးပါ။ သူက စိတ်ထားလေးလည်း ကောင်းတယ်။ လူတကာကလည်း ချစ်ကြတယ်။ ဗီလိန်ရဲ့အိပ်ရာကိုလည်း အမြဲလာလည်တယ်။ နောက်လည်း အမြဲလာလည်ဦးမယ်တဲ့ ပြောတယ်။ တွေ့ဖြစ်ရင်လည်း ကျနော့ကို မုန့်ကျွေးမယ်ပြောတယ်။ အဲဒါ ဘယ်သူလဲဆိုတော့









YOU
:D တွေ့ရင် မုန့်ကျွေးရမယ်နော်


^^^^^^^
မတွေ့ရင်သေချာပြန်ဖတ်။ အပေါ်မှာရေးထားတယ်။

ကိုခရောင်းရေ့ တွေ့ချင်သပတွေကိုတော့ ပြောပြပြီးပြီဗျာ။ တွေ့မတွေ့ကတော့ ကံတရားပေါ့။

ဗီလိန်

19 comments:

Htoo Aung Lwin said...

ကျေးဇူးပါပဲ ကိုလိန်လိန်ရေ

Anonymous said...

ရေးပုံက အဆန်းပဲ.. အော် ဒါကြောင့်လည်း ဗီလိန် ဗီလိန်နဲ့ ဘလော့ရပ်ဝန်းမှာ ကျော်ကြားနေတာကိုး.. (ဦးစံရှားလို ခေါင်းတညိတ်ညိတ်ဖြင့် ပြောသွားသည်)

ပုံ/နန်းစံရှား.. အဲလေ နန်းညီ

ဖိုးဂျယ် said...

တွေ့ချင်သူတွေနဲ့ တွေ့ခွင့်ရပါစေ
လိန်လိန်ရေ

နိုင်းနိုင်းစနေ said...

အလုပ်မရှိ အားနေပါတယ်ဆို
ဘာအလုပ်မှ မလုပ်ဘူးလို့ ထင်ရက်တယ်.. :P

ဆုံချင်ပါသေးတယ် ဗီလိန်

မောင်မျိုး said...

နံပါတ် ၁၀ ယောက်မြောက်ကို ခေါင်းဖြတ်ချင်တယ်း) ဒါနဲ့ သီချင်းက ရေလည်မိုက်တယ် တင်ထားပေးတာ ကျေးဇူုးပါ တွေ့ချင်သောသူများနှင့်တွေ့နိုင်ပါစေဗျာ ။

မင်းအိမ်ဖြူ Minn Eain Phyu said...

်လိန်လိန်ကွ.. သူများနဲ.မတူတမူထူးလို. ...........

တွေ.ချင်ရင် ပိုက်ဆံလှမ်းချေးလိုက် .. ပြီးရင်

ပြန်မပေးနဲ. တွေရလိမ့်မယ် .. မကြာခင်

မင်းအိမ်ဖြူ Minn Eain Phyu said...

်လိန်လိန်ကွ.. သူများနဲ.မတူတမူထူးလို. ...........

တွေ.ချင်ရင် ပိုက်ဆံလှမ်းချေးလိုက် .. ပြီးရင်

ပြန်မပေးနဲ. တွေရလိမ့်မယ် .. မကြာခင်

ရွှေပြည်သူ (ShwePyiThu) said...

၁၀ယောက်ထဲမှာ ပါခွင့်ရလို့ တကယ်ကို ဝမ်းသာမိပါတယ် မောင်လေး ဗီလိန်ရေ။ သတိတရရှိတာလည်း ကျေးဇူးတင်ပါတယ်။ အစ်မလည်း ဆန်းသစ်တဲ့ အတွေးတွေ အရေးတွေနဲ့ လိန်လိန့်ကို တနေ့ တွေ့ချင်ပါသေးတယ်...

Anonymous said...

ရှဲရှဲပါဗျာ... တကူတက တွေ့ချင်တယ်ဆိုလို့...
အနော်က မဟောင်းသေးဘူး ဆြာရဲ့ လက်ရှိကို
ရွာမှာ တရားဝင်ပဲ ဒီမှာတော့ ကုန်ပေါ်ပေါ့ဗျာ

sait phay yar said...

ဗီးလေးကတော့ အဆန်းလေးကိုရေးထားတာ တော်ပါပေတယ် ဗီး

Anonymous said...

သြော်..မောင်ဗီ..မောင်ဗီ... ရေးတတ်ပါ့...
လူဂျီးခေါင်းခြောက်အောင်...
မောင်ဗီ တွေ့ချင်တဲ့သူတွေနဲ့ တွေ့ဆုံနိုင်ပါစေကြောင်း..

pandora said...

တွေ့ချင်တဲ့လူတွေကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးထားပုံက သဘောကျစရာကောင်းတယ်

သူငယ်ချင်းတွေ ခင်မင်သူတွေအားလုံးနဲ့ တွေ့ဆုံနိုင်ပါစေ.

ဗန်ပိုင်းယား said...

တွေ့ရင် ရှုပ်ကုန်မယ်. . ဟီး ...

Unknown said...

ဟဟ ပေါပါ့ကွာ .. မသိရင် ငပေါဂေဟာက လိုပဲ .. ဟီဟိ

flowerworld said...

ရေးထားတာလေးမိုက်တယ် သူများနဲ့မတူတော့ တစ်မူထူးဆန်းနေတာပေါ့ ဗီဗီတွေ့ချင်တဲ့သူများ အားလုံးနဲ့တွေ့ဆုံနိုင်ပါစေရှင့်

လင်းဦး(စိတ်ပညာ) said...

ညီရေ.... နံပါတ်ငါး ရောက်တယ်.... နံပါတ် (၁၀) ဘယ်သူလဲ...? :P

လင်းဦး(စိတ်ပညာ) said...

ဟိုက် ဟုတ်တယ်.. အခုမှတွေ့တယ်.. အဟားးး... :) အဆင်ပြေပါစေ ညီရေ....

Dream said...



YOU
:D တွေ့ရင် မုန့်ကျွေးရမယ်နော်

ဟားဟားဟား.. ဘီဘီတို့ကတော့ လုပ်ချလိုက်ပြန်ပြီ... နံပါတ် ၁၀ ကို ရေးထားတာ လန်ထွက်နေတာပဲ...

မိုက်တယ်ကွာ.. ရေးချက်ကတော့... ဒီက သုံးလေးခေါက်လောက် အစအဆုံး ပြန်ဖတ်လိုက်ရတယ်.. ဟားဟား...နောက်ဆုံး .. selectလုပ်ပြီး ဖတ်မှ တွေ့တော့တယ်.... ဟွန်း..လူဆိုး... :P တွေ့ချင်သူများနဲ့ အမြန်တွေ့နိုင်ပါစေနော်...

2mar said...

လိန်လိန်ဆို လို့ လိပ်ကလေးကိုး