လိုက်ခဲ့စမ်းပါ

ဟိုမှာ... ဟိုမှာ...
အဲ... မဟုတ်သေးဘူး
ဒီမှာ... ဒီမှာ...
အဲ... ဒါလည်းမဟုတ်သေးဘူး
ဒါဆို ဟိုနားလေးကကော
ဟုတ်မယ်ထင်တယ်
ပျောက်ဆုံးနေတာ ဘာလဲ
လိုအပ်နေတာကကော ဘာလဲ
ငါလိုချင်တာ ဘာလဲ
ငွေလား
ပျော်ရွှင်မှု ဆိုတာလား
ဘာတွေရှာနေတာလဲ
ပျော်ရွှင် အဆင်ပြေမှုတွေအတွက်
ငွေနောက်လိုက်တယ်
ငွေနားရောက်တော့ကော ပျော်ရွှင်သေးရဲ့လား

ကျန်ခဲ့ပြီ......
ဟိုး အဝေးကြီးမှာ
အများကြီးပဲ
ပြန်ရနိုင်ဦးမလား
အချစ်ဆုံးသူတစ်ယောက်အတွက်
အပေးနိုင်ဆုံးအရာက ငွေလား
မဟုတ်သေးဘူးထင်တယ်
စက္ကန့်လက်တံလေးတွေက
ငါ့နှလုံးသားကို တိုက်စားခဲ့ပြီ

တော်ပါပြီ...
ငွေဆိုတာကြီးကိုလည်း ငါမလိုချင်တော့ပါဘူး
လိုအပ်နေသေးပြန်တော့လည်း ခက်သား
မင်းနောက်မလိုက်ပဲ ငါ့နောက်ပါအောင် ဘယ်လိုခေါ်ရပါ့မလဲကွာ...........။

9 comments:

Welcome said...

သူ့နေရာနဲ့သူ
သူ့တန်ဖိုးနဲ့သူ
သူ့အရည်အချင်းနဲ့သူ
အသုံးဝင်တာချည်းမို့
အလိုက်အထိုက်လေးပေါ့

http://winzaw-mdy.blogspot.com

Anonymous said...

ကိုဗီရေ မင်္ဂလာနှစ်သစ်ပါဗျာ။ဒါနဲ့ဆရာသမား
ရွာပြန်တယ်ကြားလို့ မရေးဖြစ်တော့ဘူး ထင်နေတာ။ ပြန်ရောက်လာတာထင်တယ်။
ကဗျာလေးလန်းတယ်ဗျာ ငွေမလိုချင်တော့ဘူး
ရင်နဲ့ခံစားသွားပါတယ်ဗျ။

sait phay yar said...

ဗီးရေ.. ကဗျာတွေတင်နေပြီပေါ့ဟုတ်လား
လန်းတယ်
ရောက်နေပြီပေါ့ဟုတ်လား

Anonymous said...

အယ်...သူက ငြင်းနေတယ်လား ဘယ်လိုမှငြင်းလို့ မရအောင် အပါခေါ်နိုင်တဲ့ နည်းတွေအများကြီးး) သိချင်လား ပြောပြ၀ူးးးးးးးးးး

ဖိုးဂျယ် said...

ဗီဗီ ဘာတွေဖြစ် အဆင်မပြေဘူးလား
ငါနဲ့ ဂိုဏ်းတူတယောက်တိုးလာပီ
မြန်မြန်သာပြန်လာပါတော့ကွာ
ငါတယောက်တည်း ပျင်းနေပြီကွ

Anonymous said...

အို့အို့လို့ခေါ်ရင်ကော
မှားလို့ ခွေးမှမဟုတ်တာနော်
လိုက်မလားလို့ ခေါ်ရင်ကော
မှားလို့ မအားသေးဘူးလို့ပြန်ပြောရင်အခက်
အပါခေါ်ဗျာ
မရရင် အတင်းတွန်းတင်မယ်နော့ဗျာ

NangNyi said...

အောင်မာ အောင်မာ.. သူက ဘာညာတွေတောင် တင်လို့ .. တယ်ဟုတ်နေပါ့လား

Anonymous said...

*ငါမလိုချင်တော့ပါဘူး
လိုအပ်နေသေးပြန်တော့လည်း* ဟုတ်ပါ့ အဲဒါတကယ်ခက်တာ

ကိုရုပ်ဆိုး said...

ငါ့ညီရေ ... အတွေးအရေး ကောင်းမှကောင်း ... ငွေကို အကိုတို့လည်း အဲဒီလို ခံစားရတာပဲ။ ”လူမိုက်နှင့်ငွေ အတူမနေတဲ့” ... ငွေလုပ်တာနဲ့ပဲ မရှိတဲ့အကိုတို့က လူမိုက်ဖြစ်ကော ...။ ငွေရှိပြန်တောကော ... တွေ့လား ငွေဂုဏ်မောက်နေလိုက်တာတဲ့ .... အင်း ...... ခက်ရော ...