ပျောက်နေတဲ့ ဗီလိန်နဲ့ ဘုရင်သုံးပါး

အရင်ဦးဆုံး အမြဲတမ်း Check in ဝင်နေတဲ့ စာလာဖတ်သူတွေအားလုံးကို ကျေးဇူးတင်ကြောင်းနဲ့ တောင်းပန်ကြောင်းပြောချင်ပါတယ်။

ဗီလိန်တစ်ယောက် ပျောက်နေပါသည်။ ဒီဇင်ဘာ လကုန်ပိုင်းမှာ ရန်ကုန်ပြန်သွားတာကို အကြောင်းပြပြီး ပို့စ်တွေမရေးပါ။ ဇန်နဝါရီ လဆန်းမှာ ပြန်ရောက်ပါတယ်။ အိမ်ကလည်း ပြောင်းနေတာကြောင့် ပြန်ရောက်ရောက်ချင်း ကွန်ပြူတာက အဆင်သင့် မဖြစ်သေးပါ။ အဆင်သင့် ဖြစ်ပြီလဲဆိုရော။ bar311.exe ဗိုင်းရပ်စ်က ကိုက်ခံထိပါသည်။ သတ်လိုက် ပြန်ပေါ်လိုက် ဘာကြောင့် ဒီကောင် ဒီလောက် သောင်းကျန်းသလဲ မှတ်တယ်။ ဘယ်ဟုတ်မလဲ ဗီလိန်ရဲ့ ချစ်လှစွာသော Motorola အစုတ်ကြောင့်ပါ။ အားသွင်းစက်(Adaptor) မဝယ်နိုင်လို့ ကွန်ပြူတာနဲ့ USB Port ကတစ်ဆင့် သွင်းနေရတော့ အားသွင်းတိုင်း Motorola ရဲ့ ဘယ်ချောင် ကပ်နေမှန်းမသိတဲ့ ဒင်းက ပြန်ဝင်ပါတယ်။ အခုတော့ ရှုပ်ပါတယ်ဆိုပြီး ဖုန်းအသစ် ဝယ်သလားဆိုတော့ မထင်ပါနဲ့။ ပေပြီးတော့ မဝယ်ပါဘူး။ ဒါဆိုလွယ်ပါတယ် Adaptor တစ်ခုဝယ်လိုက်ပေါ့။ ဒါလည်း မဝယ်သေးပါဘူး။ နှပ်ချေးကို တွဲလောင်းကျအောင် ကပ်စေးနှဲပြီး ရုံးမှာပဲအားသွင်းပါတယ်။ ရုံးက ပြန်ကာနီး နာရီဝက်လောက်ဆိုရင် လက်လီလက်စိတ်နိုင်လှတဲ့ bar311.exe သတ်ပုံသတ်နည်း အဆင့်ဆင့်နဲ့ သတ်ပြီးမှ ရုံးကပြန်ပါတယ်။ ပါးစပ်ကလည်း “ကဲ မင်းပဲ ကိုက်နိုင်မလား။ ငါပဲသတ်နိုင်မလား” ပေါ့လေ။ သနားတတ်သူများ ဟမ်းဖုန်းတစ်လုံး အံပေါင်းအဖြစ်ပေးနိုင်ပါတယ်။ လိပ်စာကတော့ http://www.villain-lay.com/ ဖြစ်ပါတယ်။ ဒါနဲ့ ပို့စ်မရေးတာနဲ့ ဘာဆိုင်လဲဆိုတော့ ဘာမှမဆိုင်ပါဘူး။

ဇန်နဝါရီလမှ ဒီပို့စ်မတိုင်ခင် ပို့စ် ၄ ပုဒ်ပဲရေးရပါသေးတယ်။ ဒါတောင် ရန်ကုန်ကနေ တင်ထားတဲ့ တစ်ပုဒ်ပါသေးတယ်။ ကဲ..... ဘာကြောင့် ပျောက်သလဲဆိုတာကို စပြောရရင် ကိုရွာသားလေး က တရားခံပါ။ ဘာကြောင့်လဲ ဆိုတော့ သူရေးတဲ့ ပို့စ်တစ်ခုကနေ အခြေခံပါတယ်။ ဘယ်ပို့စ်လဲပြောရရင် အနီရောင်ကျောက်ဆောင် (ဇာတ်သိမ်း) ဆိုတဲ့ ပို့စ်ပါ။ အစကတော့ အမှုမဲ့အမှတ်မဲ့ပေမယ့် စကားစပ်မိရာက AD 200 ဝန်းကျင်လောက်က တရုတ်ပြည်ရဲ့သမိုင်းဖြစ်တဲ့ Three Kingdom ခေတ်က ဇာတ်လမ်းဖြစ်နေကြောင်းသိလိုက်ရတဲ့ နောက်မှာ တိမ်မြုပ်ပျောက်ကွယ်နေတဲ့ Romance of the Three Kingdom ရောဂါက အိပ်ရာထဲ ဘုန်းဘုန်းလဲအောင် ပြန်ထလာပါတော့တယ်။ ဘယ်လိုများ ဘုန်းဘုန်းလဲသလဲ ဆိုတော့ အခု အသစ်ထွက်တဲ့ Red Cliff အပြင် ဇာတ်လမ်း အစအဆုံးကိုပါ Youtube မှာ ဒီဇာတ်လမ်းကို ပြန်ရှာပြီး ကြည့်ပါတော့တယ်။ အိပ်ရာထဲကနေအိပ်ပြီး ကြည့်လို့ အိပ်ရာထဲ ဘုန်းဘုန်းလဲတယ်လို့ပြောတာပါ။ ဇာတ်လမ်းပြီးသွားတော့ ထူထူထောင်ထောင် ရှိလာသလားလို့ မထင်ပါနဲ့။ ပိုဆိုးသွားပါတယ်။ ရန်ကုန်က အသင့်ဝယ်လာတဲ့ Romance of the Three Kingdom XI ဂိမ်းက ကို Install လုပ်ပြီး ဆော့ပါတော့တယ်။ ဒါကလည်း အိပ်ရာထဲကနေ Mouse ကိုပဲကိုင်ပြီး ဆော့ရတာကြောင့် ဘုန်းဘုန်းလဲနေဆဲပါ။ တချို့နေ့တွေဆို ဆော့ရင်းနဲ့ အိပ်ပျော်သွားတာတောင် ရှိပါတယ်။ အခု ဆော့လို့ဝသွားပြီလားဆိုတော့ မဝသေးပါဘူး။ အရှိန်လျော့သွားရုံပဲ ရှိပါသေးတယ်။ ဘာပဲဖြစ်ဖြစ် အရှိန်လျော့သွားပြီဆိုတော့ ပို့စ်တွေရေးတော့မယ်ပေါ့ လို့ မေးလာကြပါတယ်။ ဒါပေမယ့် ဒီဂယက်က မပျက်သေးပါဘူး။ ဒီဇာတ်လမ်းကိုကြည့်ပြီး မြန်မာ့ရှေးခေတ် သမိုင်းလိုလို စစ်ဝတ္ထုလိုလို၊ သိုင်းဝတ္ထုလိုလို ရေးချင်တာနဲ့ပဲ။ အဲဒါကြီးကို အကောင်အထည်ဖော်နေပါတယ်။ ဇာတ်လမ်းရှည် ဝတ္ထုရှည်ကြီး ဖြစ်တာကြောင့် စိတ်ရှည်လက်ရှည်နဲ့ သူငယ်ချင်းတွေ အကူအညီနဲ့ ရေးနေပါပြီ။ ကိုင်း...... ဒီတော့

မကြာမီ............... လာမည်.............. မျှော်.....................။

11 comments:

Anonymous said...

ဆရာသမား သတ်ပုံသတ်နည်းလေးမျှဦးဟ
ဒါမှ ဖြစ်လာရင် သတ်လို့ရမှာဗျ ဟန်းဖုန်းတော့
ပေးစရာမရှိသေးဘူးဗျ မကိုင်တော့တဲ့ အဟောင်းလေးဘားလေးရှိရင် မျှဦးဗျ ဒီမှာ ဖုန်း
စရာဆိုလို့ ဘောင်းဘီ အပေါက်ကိုတောင်မနဲ
လုံအောင်ဝတ်နေရသဗျ ဟီး
ဒါနဲ့ ဘာဂိမ်းခွေလဲ အဲဒါလဲမျှဦးဗျ ဆော့ချင်လို့
ဟိဟိ အလကားရရင် အကုန်ယူမှာဗျနော်

Welcome said...

လူဆိုး
အဟုတ်မှတ်လို့ .. ..။
ကဲလုပ်တော့ တန်းလန်းကြီးဖြစ်နေပြီ။
Romance of the Three Kingdom XI ဂိမ်း
ဒေါင်းလို့ရနိုင်မလား
နက်မကောင်းရင် ဆော့ချင်လို့ .. ..

Unknown said...

အဲဒီ ဂိမ်းပေးပါဗျို့ ....

ရွှန်းမီ said...

မျှော်မည်. . . မကြာမီ . . . လာ . . .
(new posts ကို ဆိုလိုသည်။)

ဗီလိန် said...

အိမ်ကလည်းဗျာ။ ရှေ့ ၂ ပုဒ်ကျော်မှာ ရေးထားပြီးသားလေဗျ။

ခေါင်ခေါင် said...

ဟမ်းဆက်လိုချင်ရင် ခေါင်ခေါင်နားလာတောင်းစမ်းဘာ..။
ဂေဟာမှာ တစ်ခါ လစာထုတ်တိုင်း သတင်းစာရှင်းလင်းပွဲတိုင်း ပေးပေးထားတဲ့ ဟန်းဆက်တွေ တစ်ပုံတစ်ခေါင်းဂျီး...။

Anonymous said...

မကြာမှီ လာမှာကို မျှော်ပါတယ် ဟိုစကားပုံတော့မလုပ်နဲ့နော် သေနပ်နဲ့ကို လာပစ်မှာ ကြောက်လား =)

လင်းဒီပ said...

စောင့်နေပါတယ်..မျှော်နေပါတယ်..ဖတ်ချင်ပါတယ်...ခင်ဗျား....:P

ဖိုးဂျယ် said...

ထင်သားပဲ ဂူအောင်းသိုင်းကျင့်နေတယ်လို့
သတင်းရထားတာလေ အခုရော သိုင်းကျင့်စဉ်က
မအောင်သေးဘူးပေါ့ ဆက်ကျင့်စေဗျားးးး

chanye` said...

မသိပါဘူး.. ကိုဗီလိန်ကြီး တရုတ်ကားတွေထဲကလို သိုင်းကျင့်စဉ်မှားပြီး ဘ၀တွေ ဘာတွေ ပြောင်းသွားပြီးလားလို့ စိတ်ပူနေတာ :P

sait phay yar said...

အင်း... ကောင်းပတော် မျှော်နေမယ် ဆက်လုပ်ဗီးရေ