တမ်း... တတတ

မြို့ကြီးပြကြီး မဟုတ်လည်း ဖြစ်ပါတယ်။
စေတီပုထိုးနဲ့ ဘုန်းကြီးကျောင်းတွေ ရှိတာပဲ။

အိမ်ကောင်းတိုက်ကောင်းမှာ မနေရလည်း ဖြစ်ပါတယ်။
အသက်ရှူတော့ ဝနေတာပဲ။

လိုင်းကားတိုးစီးရလည်း ဖြစ်ပါတယ်။
နေမမြင်အောင် လုပ်နေရတာမှ မဟုတ်ပဲ။

ဒေါ်လာမစားရလည်း ဖြစ်ပါတယ်။
တစ်နေ့ သုံးနပ်တော့ ဖူလုံနေတာပဲ။

လျှပ်စစ်မီး မရလည်းဖြစ်ပါတယ်။
ဓာတ်ဆီဈေးတွေ ကျနေတာပဲ။

ဖုန်ထူလည်း ဖြစ်ပါတယ်။
ရေပေါတာပဲ။

ကော်နက်ရှင်မကောင်းလည်း ဖြစ်ပါတယ်။
၁ နာရီမှ ၅၀၀ တည်း။

ဟိုဘန်းဒီဘန်းလည်း ဖြစ်ပါတယ်။
Freedom နဲ့ Freegate ရှိတာပဲ။

ကားကြာကြာစီးပြီးမှ ကျောင်းတော်ကြီးရောက်လဲ ဖြစ်ပါတယ်။
မိဝေးဘဝေးမှ မဟုတ်ပဲ။

အဖေဆိုးလည်း ဖြစ်ပါတယ်။
ပထွေးကောင်းနဲ့ မနေရပြီးတာပဲ။

မင်းတို့ပြောတဲ့ စာလုံးငါးလုံးမရှိလည်း ဖြစ်ပါတယ်။
အသေခံတဲ့ လူသတ်သမားတွေမှ မရှိပဲ။

ဗီလိန်

*ကိုယ်ပိုင်ခံစားချက် သက်သက်မျှသာဖြစ်ပါသည်။ တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ပါ။*

17 comments:

Unknown said...

ဒီလူနှယ်...အမှန်တွေပဲ ပြောတတ်သလား မသိ..
တစ်ခါတစ်လေ..မှားပါအုံး.. :P
ကိုဗီ ဂိမ်းမြန်မြန်တင်ပေးပါ... :D

Anonymous said...

ကောင်းလိုက်တဲ့ကဗျာ.. တစ်ကြောင်းပဲမရှင်းတာ။း)

လင်းဒီပ said...

ဖြစ်ပါကွာ..ဖြစ်ပါ..

ဖိုးဂျယ် said...

တော်လိုက်တဲ့ ဗီဗီလေး ကောင်းလိုက်တဲ့ အတွေးလေးတွေကွာ
ငါနဲ့များကွာပါ့ ဒီခပ်ပိန်းပိန်းငဂျဲလေး မှာ ရူးရရှာ

Anonymous said...

အေးလေ
“ဟုတ်တာပဲ ဖြစ်နေတာပဲကိုနော့်လေ လိန်လိန် လာပြန်ကြစို့ ဒေါ်လာလည်းမစားနဲ့ ဘတ်လည်း မစားနဲ့ ကြက်ပဲစားကြမယ်

ကြက်= ပြည်ထောင်စုမြန်မာနိုင်ငံတော်ကျပ်ငွေ

chanye` said...

စာလုံး ၅လုံးက ဘာလဲဗျို့..
ရှင်းရှင်းလုပ်လေဗျာ :D
အီမိုခရေဇီလားဟင်.. တားတားလိုပေါ့ :P

NangNyi said...

ခွင့်မလွှတ်ဘူးဟေး (အဟုတ်)

မောင်ဖားကြီး said...

ဒီလိုကဗျာမျိုးတွေ ရေးတာပိုင်ပါ့ဗျာ

sait phay yar said...

အဟမ်းတော်ပါ့ဗီးကတော့ နောက်ဆုံးစကားလုံးလေးကို
ကြောက်တယ်

Anonymous said...

ကဗျာတစ်ပုဒ်လုံးမိုက်တယ်ဗျာ...

ဗန်ပိုင်းယား said...

မင်းတို့ ပြောတို့ ပြောတဲ့ စာလုံး ငါးလုံး ဆိုတာ .. ဘာလည်း .. ကေလာ တိချင်ဒယ် ..... :D

tututha said...

ဘာမှမရှိလည်းဖြစ်ပါတယ် ငပေါများဂေဟာ ရှိနေတာပဲ

Anonymous said...

ကိုဗီလိန်ရေ----
အတွေးဆန်းတဲ့ကဗျာလေးပါလား--
ဒါပေမယ့်--ဘဝဆန်တယ်---
လူတွေဟာ--ချမ်းသာအောင်မြင်မှုအတွက်--
အမြဲတမ်း ရှာနေကြတယ်--တကယ်လိုအပ်နေတာကတော့---
တစုံတခုပါပဲ---

မောင်bee said...

အချိန်မှန်မလာတဲ့ MRT မရှိလည်းဖြစ်တယ်။ ပေါပေါလောလော တား စီးလို့ရတဲ့ CNG Taxi ရှိတာဘဲ။

kiki said...

အဖေဆိုးနဲ့ လည်းမနေပါရစေနဲ့။သားသမီးအရင်းခေါက်ခေါက်ကိုတောင်သတ်နေတဲ့ အဖေဆိုးမျိုးတော့ကြောက်..ကြောက် ...အဟင့် ပထွေးကောင်းကမှ တော်အုံးမယ်။။ဓါတ်ဆီဈေးတွေကျပေမဲ့ကုန်ဈေးနှုန်းတွေမကျတာ ဘယ်လိုလုပ်ကြမလဲ ..ဒုက္ခပါဘဲ နော်။။ကိုဗီလိန်ကြီး ဖြေရှင်းပေးပေတော့  ။

Anonymous said...

ရွာပြန်ချင်နေပြီလားဗျ မပြန်ပါနဲ့ဦးဗျာ။

Anonymous said...

t&rfcspfw,fuGm မပါတာ အဲ့စာလုံးတွေလား ...။ အောက်ဆုံး က