မိဘကျေးဇူးဆပ်ဖြစ်ခဲ့တဲ့ အမှတ်တရလေးတစ်ခု

ကျွေးမွေးမပျက် ဆောင်ရွက်စီမံ
မွေခံထိုက်စေ လှူမျှဝေ၍
စောင့်လေမျိုးနွယ် ဝတ်ငါးသွယ်
ဖခင်မယ်တို့တာ..........
သမီးလေးရဲ့ ထစ်ထစ်ငေါ့ငေါ့ စာဖတ်သံကို ချစ်ဇနီးက ထောက်ပေးနေသည်။ သြော်... ကျနော်တို့ ငယ်ငယ်တုန်းကကော အမေက ဒီလိုပဲ သင်ပေးခဲ့ဖူးသည်ပဲ။ ပိုဆိုးသည်က ကျနော်ငယ်ငယ်က အဆော့မက်သည်။ စာဖတ်ပျင်းသည်။ သည်လိုသားမျိုးကို စာသင်ပေးခဲ့ရသည့် အမေတစ်ယောက်ရဲ့ ဘဝက မလွယ်လှ။ ပညာတတ်ကြီး တစ်ယောက်ဖြစ်ဖို့အရေး ပါးစပ်က သွေးအံ့မတတ် တတွတ်တွတ် ရွတ်လို့ ကစားရင်းလည်း ရွတ်ပေး၊ အိပ်ကာနီးတိုင်းလည်းရွတ်ပေး။ ဒီလိုနဲ့ ချော့တစ်ခါခြောက်တစ်လှည့် နည်းမျိုးစုံနဲ့ သင်ပေးလာခဲ့ရာကနေပဲ လူတလုံးသူတလုံးဖြစ်ခဲ့ပြီလေ။ “မိဘကျေးဇူး” တဲ့ လူတိုင်း ပြောနေကြသည်။ လူတိုင်း ကြားဖူးကြသည်။ လူတိုင်း တွေ့ကြုံကြသည်။ လူတိုင်းတွင် ဆပ်မကုန်သည့် မိဘကျေးဇူးရှိသလို၊ သားသမီးရှိ လူတိုင်းတွင်လည်း ပေးမကုန်သည့် မိဘကျေးဇူးများရှိသည်ကား မလွဲ။

ရှိတာကတော့ဟုတ်သည်။ ဘယ်လိုဆပ်ကြသနည်း။ ဘယ်လိုဆပ်ကြမည်နည်း။ ငယ်စဉ်က ကြုံသလို ကျင်ကြီးကျင်ငယ် စွန့်ခဲ့စဉ်က ကျေးဇူးကို မိဘတွေ အသက်ကြီးလို့ ကျင်ကြီးကျင်ငယ် မနိုင်တဲ့ အချိန်မှာ ပြန်ပြီး သန့်စင်ပေးတာလည်း ဆပ်နည်းတစ်မျိုး၊ ငယ်စဉ်မသိတတ်စဉ်က လိုချင်တာကို ပူစာသမျှ ဝယ်ပေးခဲ့တဲ့ ကျေးဇူးကို လိုအပ်သမျှ မပူစာပဲဝယ်ပေး ရမည်က သားသမီးများရဲ့တာဝန်။ ကစားကွင်းဆို ကစားကွင်း၊ တိရစ္ဆာန်ရုံဆို တိရစ္ဆာန်ရုံ၊ လိုက်ပို့ခဲ့တဲ့ အရာလေးတွေကို “အဖေ ဘုရားသွားရအောင် ကားထုတ်ထားလိုက်မယ်နော်။” “အမေ တရားပွဲရှိတယ် အိမ်ကကောင်လေးကို နေရာဦးခိုင်းထားတယ်။” စတာလေးတွေနဲ့ လုပ်ပေးရမှာကလည်း ဖြစ်သင့်တဲ့ကိစ္စလေးတွေပါ။ ပြောရရင်တော့ အရှည်ကြီးဖြစ်သွားမှာပါ။ မြင့်မိုရ်တောင်ဦး မကကျူးသား ဆိုသကိုး။

ဟုတ်ပေသည်။ သမီးလေးရဲ့ စာဖတ်သံကြောင့် ခံစားမိသွားရသည်က မိဘကျေးဇူးတင်မဟုတ် စာသင်ပေးခဲ့သည့် မိဘကျေးဇူးကို ဆပ်ခဲ့ဖူးသည့် တချိန်က အကြောင်းလေးကိုပါ စဉ်းစားမိသွားလို့ပါ။ ကြေအောင်ဆပ်သည်တော့ မဟုတ်ဘူးပေါ့လေ။ ဆပ်လို့မနိုင်အောင် များပြားလှပေသည်ကား။ ဘယ်လိုလည်းဆိုတော့ တချိန်က ကျနော့ရဲ့ တစ်ဦးတည်းသော အစ်ကို ရေခြားမြေခြားကို ထွက်သွားကာစကပေါ့။ သားကြီးကို လွမ်းတဲ့စိတ်ကို ထုတ်မပြောပင်မယ့် သိနေမိတဲ့ ကျနော်က အမေ့အတွက် ဘာလုပ်ပေးရမလဲပေါ့။

ရောက်ကာစက ဖုန်းလာပေမယ့် ဖုန်းခကလည်း မသေးဘူးလေ။ အွန်လိုင်းကနေ စကားပြောဖို့ကလည်း ချိန်းရတာနဲ့ သွားရတာနဲ့ လိုင်းမကောင်းတာနဲ့က မလွယ်လှ။ စာနဲ့ရေးပြီး စကန်ဖတ်ပို့ဖို့ကလည်း ထင်သလောက်မလွယ်။ မြန်မာစာနဲ့ ရိုက်ပြီးပို့ဖို့ကလည်း အစ်ကိုသုံးတာက ဆိုင်ကနေလေ။ မြန်မာဖောင့်မှ သွင်းလို့မရတာ။ အင်္ဂလိပ်လို ရေးပြီး အမေ့ဆီ အလွမ်းသယ်ဖို့က Mom, I miss u. I love u. I'm ok here. ဆိုတော့လည်း ရယ်စရာကြီးဖြစ်နေမပေါ့။ နောက်ဆုံး တစ်ခုစဉ်းစားမိတယ် ကျောင်းစာသင်ခန်းထဲက လက်ချာဆရာမတစ်ယောက်ရဲ့ စကားလုံးတစ်ချို့ကိုပေါ့။ “လူတစ်ဦးနဲ့ တစ်ဦး ဆက်သွယ်ရာမှာ Language ကအရေးကြီးတယ်။ Language တစ်ခုနဲ့ တစ်ခု ဆက်သွယ်ရာမှာ Linguistics ဆိုတဲ့ ဘာသာဗေဒက အရေးကြီးတယ်။ Linguistics ဆိုတာ ဘာသာစကားတွေရဲ့ ပေါင်းကူးတံတားပဲ။........” ဒီစကားကို သတိရတော့ အမေ့ကို Linguistics သင်ပေးဖို့ကလည်း မလွယ် ဒီတော့ လက်ရှိ အသုံးပြုနေတဲ့ Linguistics ကိုအခြေခံထားတဲ့ Burglish (Myanlish) ဆိုတဲ့ Language ကိုပဲ “အ” သုံးလုံးကြေ သင်ပေးဖို့ ဆုံးဖြတ်လိုက်တယ်လေ။

အမေကလည်း စိတ်ပါလက်ပါ သင်ရှာပါတယ်။ သားကိုချစ်သကိုး။ အစကတော့ ထစ်ထစ်ငေါ့ငေါ့နဲ့ပေါ့။ မှားရင် ကျနော်ကထောက်ပေးတယ်။ သူ့မှာတော့ ဝမ်းတွေသာလို့။ သားကြီးဆီကစာကို တစ်လုံးချင်း ပေါင်းဖတ်နေလိုက်တာ ကျနော်ငယ်ငယ်တုန်းက မကစားရလို့ မရရအောင် စာလုံးပေါင်းပြီး ဖတ်တုန်းကလိုပေါ့။ အဲဒီတုန်းက အမေက ကျနော့ဘေးမှာထိုင်ပြီး ယပ်ခပ်ပေးခဲ့သလို ကျနော်ကလည်း ထိုင်ပြီး ယပ်ခပ်ပေးခဲ့တာပေါ့။ မရရင်ဖတ်ပေး၊ မှားရင်ထောက်ပေးနဲ့ပဲ တစ်ပတ်လောက်ကြာတော့ အမေ ကောင်းကောင်း ဖတ်တတ်သွားပြီလေ။ အိမ်ရှေ့ အင်တာနက်ဆိုင်က အဒေါ်ရေ့ စာလာတယ်ဗျိုးဆိုတာနဲ့ မျက်မှန်ကိုင်ပြီး ဖတ်တော့တာပဲ။ အပြုံးလေးတွေဝေလို့ပေါ့။ ငယ်ငယ်ကတည်းက စာသင်ပေးခဲ့တဲ့ အမေ့ကျေးဇူးကို အကုန်လုံးတော့ မဟုတ်ပေမယ့် တစိတ်တပိုင်း နည်းနည်းလေးတော့ ဆပ်နိုင်လိမ့်မယ်လို့ ထင်တာပဲ။ မြန်မာဖောင့် မတွင်ကျယ်သေးရင်တော့ ဒီဘာသာကိုပဲဆက်ပြီး သုံးနေကြရဦးမှာပဲမဟုတ်လား။ Burglish ကို ဘယ်သူထွင်ခဲ့မှန်း မသိပေမယ့် ကျေးဇူးတင်မိတာအမှန်ပဲ။ ဘာသာဗေဒကို ဖော်ထုတ်ခဲ့တဲ့ Ferdinand de Saussure ကိုရောပဲပေါ့။

ဇန်နဝါရီ ၁၀ ရက်နေ့မှာကျရောက်တဲ့ အမေများနေ့ အမှတ်တရ။

21 comments:

Unknown said...

ကိုဗီရေ..ဘယ်လိုပဲနေနေ..အမေ သူသားကြီးစာကို ဖတ်နေတုန်း ဘေးကမြင်ရတဲ့ မြင်ကွင်းကို ခံစားရတယ်ဗျာ...ဆက်လက် အားပေးလျက်ပါ...

Anonymous said...

ဟုတ်တယ်ဟုတ်တယ်.. သားလည်း.. အဲ.. ညီလည်းမာမီနဲ့ Chat ရင်၊ မေးလ်ပို့ရင် မာမီက အဲ့လိုပဲပို့တာ သိတဲ့အင်္ဂလိပ်စာလုံးတွေ ညှပ်ညှပ်သုံးလို့ပေါ့။ သားအမိနှစ်ယောက်အဆင်ကိုပြေလို့။ ညီက မြန်မာလိုရိုက် မာမီက Burglish နဲ့ရိုက်။ မလာခင် Gmail သုံးနည်းလေးနဲ့ စာရိုက်တာလေးသင်ပေးခဲ့မိတဲ့ ကိုယ့်ကိုယ်ကို သိပ်ကျေနပ်တာ။ မာမီကလည်းကြိုးစားပြီးသင်ရှာတယ်။ အစ်ကို့မေမေလည်း ဒီလိုပဲနေမှာပါ။း)

sait phay yar said...

သားလိမ်မာလေးတွေနော်
အင်း မျက်စေ့မုန်နေတဲ့အမေ အတွက်တော့ ဖုန်းဘဲပြောရတော့တယ် တော်ပါသေးတယ် တယ်လီဖုန်းလေးက ဆက်သွယ်ပေးနေလို့နော်...

Unknown said...

Very good! Good job!မိဘကျေးဇူးကို ဒီ့ထက်မက ပိုဆပ်နိုင်ပါစေ။ သမီး ကတော့ ဖုန်းပဲ ဆက်ဖြစ်တယ်။ သမီးကသာ အားနေတာ အမေက မအားဘူးလေ :P

Anonymous said...

မင်းပြောတာလဲ ဟုတ်တယ်ကွ။
ငါလည်း ထောက်ခံပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ ငါအမတစ်ယောက်က
ရုံးကနေသုံးရတာ မြန်မာ fontက မရှိ
သူက ဘားဂလစ်လုံးဝမရ
ငါကလည်း အီးမတောက်တခေါက်ဆိုတော့
လွဲနေတာပေါ့ သူနဲ့chatရင် အဆင်မပြေဘူးပေါ့
ဒီတော့ scanner ဖတ်ပို့ ငါကလဲ paintထဲရေး
JPEGနဲ့ ပြန်ပို့ ဟုတ်တယ်လေ ကိုယ်ပြောချင်တဲ့
အဓိပ္ပာယ်ကို ပြည့်ပြည့်၀၀ပြောလို့မရဘူးလေ
Ph ထဲမှာလဲ how r u ??? ထက် nay kaung lar???
က ပို မိုက်တယ်။ where ထက် bal hmar la`က
ပိုအရသာရှိတယ် ထင်တယ်

သုခုမလေဒီ said...

မိဘကျေးဇူးဆပ်တာ ဘယ်လိုနည်းနဲ့ ဆပ်ရမှလို့ မဆိုထားပါဘူး။ မိခင်တစ်ယောက်ပျော်ရွှင်စေတာဟာ ကျေးဇူးဆပ်တာပါပဲ။ ကောင်းပါတယ်။

ခေါင်ခေါင် said...

good dal.. khaung la` may gyi nat so.. myanglish nat pa` pyaw dal. hee heee..

ငြိမ်သက် said...

thar due par taw,thar due par
Mae thar: lu hla Velain gyi tit yiat
yae lo pann: lo aye chan phar say,thawr la-yer lar la-yer kha loat ma htie sue: ma ngye; par sae nae taw

မေ့သမီး said...

ဟုတ်တယ်။ မိဘစိတ်ချမ်းသာနေသရွေ့ မိဘကို ကျေးဇူးဆပ်တာပဲ။ တခါတလေအသေးအမွှားလို့ထင်ရ တာလေးတွေကပိုအရာရောက်ပါတယ်။ ညီမတော့ အသေးအမွှားကိုမှ ဂရုမမူတဲ့သူဟာ မိဘကျေးဇူးကို ပုံပြီးဆပ်နိုင်မယ်လို့ပြောရင် စိန်စားပြောတောင်မယုံဘူး။

Anonymous said...

အမေရောသားရော စိတ်ချမ်းသာပါစေရှင်.... :)

Anonymous said...

သားလိမ္မာလေး လိန်လိန်း)

kk said...

အမေတွေ က သား တွေ ကို ပို ချစ် သလိုပဲ။ အရမ်း ခံစား ရပါတယ်။ နည်း နည်းတော့ မနာ လို ဘူး။

တောင်ပေါ်သား said...

အကိုရေ မိဘမေတ္တာကို လာပြီး ခံစားသွားတယ်ဗျာ

Anonymous said...

လိန်လိန်ရေ အင်တာနက်ဆိုတာကြီးနဲ့ တကယ့်ကိုဝေးကွာလွန်းတဲ့ ကျေးရွာကမေနဲ့ဖေကို တချက်တချက်မကြားရတတ်တဲ့ ဖုန်း တစ်ခါတစ်ခါ ခေါ်လို့မရပဲ ပိုက်ဆံတွေစားသွားတဲ့ ဖုန်းနဲ့ ဆက်သွယ်ရုံကလွဲပြီးမရှိဘူးလေ။ ရန်ကုန်ကိုဆင်းလာတုန်းကတော့ မေ့ခမျာဖုန်းခေါ်ရှာတယ်။ ကော်နက်ရှင်မကောင်းလို့ အသံမကြားရင် ဆိုင်ကို သားရေလုပ်ပေးပါဦးမကြားရတော့ဘူးလို့ ပြောတဲ့ အသံကို ဒီဘက်က ကြားနေရတာ အတိုင်းသာ။ ဒီဘက် အမေကြားရတယ်ဆိုတာလည်း သူမကြားရဘူး။ ဟိုဘက်ဒီဘက် ခဏလေးစောင့်မှ အပြန်အလှန်ပြောလို့ရတယ်ဆိုတာလည်း သူမသိရှာဘူး။ ကျနော့ ရွာမှာလည်း အင်တာနက်ရစေချင်လိုက်တာဗျာ....

ဗန်ပိုင်းယား said...

့lan htwet nay tar pa` .. mite tal .. da ga lo la` ok tar par har ko ....

လင်းဒီပ said...

သာဓုပါဗျာ...ဒီရက်ထဲမှာ အမေအကြောင်းလေးတွေပဲတွေ့တွေ့နေရတာ..
အမေများနေ့အမှတ်တရ အရမ်းဝမ်းသာမိတယ်..

ရွှေပြည်သူ (ShwePyiThu) said...

အမေများနေ့ ပို့စ်တွေထဲမှာ ရင်ထဲကို တိုက်ရိုက်ထိတဲ့ ပို့စ်တစ်ခုပါပဲ မောင်လေး ဗီလိန်ရေ... မျက်လုံးထဲမှာပါ မြင်လာတယ်... ရင်ထဲမှာ တမျိုးကြီး ဖြစ်ကျန်ခဲ့တယ်...

Anonymous said...

မျက်စေ့ထဲ မြင်မိတယ် ကိုဗီတို့ သားအမိကို
ဗျာ ရေးတတ်ပါပေ့ဆရာရယ်
သားကောင်း ရတနာလေးဖြစ်ပါစေဗျာ

WWKM said...

ရင်ထဲထိတဲ့ပို့စ်ကလေးပါ ဗီဗီ ရေ.
မိဘကျေးဇူးကို သိတတ်တဲ့ သားလေး ကျန်းမာပါစေ။
ဒါနဲ့ ဗီဗီက ဇနီးနဲ့ သမီးလေးနဲ့ဆိုတာ အစ်မအခုမှ
သိရတော့တယ်။
မိသားစုလေးကျန်းမာပျော်ရွှင်နိုင်ကြပါစေနော်။

ခင်မင်စွာနဲ့
အစ်မ၀ါ

Welcome said...

တို့ အင်္ဂါဂြိုဟ်မှာ လက်ဟန် ခြေဟန်နဲ့ ပဲ အဆက်အသွယ်လုပ်တာ၊ ကိုဗီလိန်တို့ကျတော့ ရှုပ်နေတာပဲ .. ..။
သားလိမ္မာလေး အမေချစ်သားလေး
ကြီးပွားချမ်းသာပါစေဗျာ .. ..

ဝက်ကြီး said...

အရမ်းထိ တယ်တကယ်ပါ...