သူတောင်းစားမနှင့် အပျော်မယ် စကားဝိုင်း

မြို့ထဲလမ်းတစ်နေရာတွင် သူတောင်းစားမလေး တစ်ယောက်နှင့် အပျော်မယ် တစ်ယောက် တို့တွေ့ကာ စကားပြောဖြစ်ကြသည်။
အပျော်မယ် ။ ။ ဟဲ့ သူတောင်းစားမ နင်ဘယ်တွေသွားတောင်းလဲ။
သူတောင်းစားမ ။ ။ လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ကျောင်းကန်တင်း၊ အင်းယားကန်ဘောင် အဲလို လူစည်ကားတဲ့ နေရာတွေမှာပေါ့။
ပျော် ။ ။ အဲဒီတော့ သူတို့က ထည့်တော့ နင်စားဖို့သောက်ဖို့ကော လောက်လို့လား။
တောင်း ။ ။ လောက်တာမှ ကျော်လို့တောင် ထွက်သေးတယ်။
ပျော် ။ ။ ဒါဆို မဆိုးဘူးပဲ။ တစ်နေ့ ဘယ်လောက်ရလဲ။
တောင်း ။ ။ ၁၅၀၀၊ ၂၀၀၀လောက်တော့ ရတာပေါ့။
ပျော် ။ ။ အော် ဟုတ်လား။ နည်းတာပေါ့။ ငါဆို တစ်ညကို ၂၀၀၀၀ လောက်ရတယ်ဟ။ ပြီးတော့ သက်လည်းသက်သာတယ်။
တောင်း ။ ။ ပင်ပန်းတယ်တော့လည်း မဟုတ်ပါဘူးဟာ။ ဒီလိုပါပဲ။ နင်အလုပ်ကြီးတော့ မလုပ်ချင်ပါဘူးဟာ ရှက်စရာကြီး။
ပျော် ။ ။ အံမယ် နင်ကလဲ။ ငါ့အလုပ်က ဘယ်သူမှ သိပ်သိတာမဟုတ်ဘူး။ နင် လူကြားထဲမှာ အဲလိုလိုက်တောင်းတော့ မရှက်ဘူးလား။
တောင်း ။ ။ မရှက်ပါဘူးဟာ။ သူတို့ ကျေနပ်လို့ပေးတာပဲ။
ပျော် ။ ။ အင်း... ဟုတ်သားပဲနော်။ နင်တခြားအလုပ်ကော ပြောင်းလုပ်ဖို့ စိတ်ကူးမရှိဘူးလား။ ပိုက်ဆံပိုရတဲ့ အလုပ်တစ်ခုခုပေါ့။
တောင်း ။ ။ အာ မလုပ်ချင်ပါဘူးဟာ။ နင်ကလည်း။ ဟိုတစ်ခါက အဘွားကြီးတစ်ယောက်ကို သွားတောင်းတုန်းကတော့ သူကပြောတယ်။ သူ့ဆီမှာ ငရုတ်သီးခြွေမလားတဲ့။ ငါကလည်း ပြန်ပြောလိုက်တာပေါ့ ငရုတ်သီးခြွေရင် လက်တွေပူမှာပေါ့ ဆိုတော့ သူက “အဲ့ဒီ ငရုတ်သီးကိုခြွေပြီး သူ့သားသမီးတွေကို ရှာကျွေးလာတာ အခုဆို သားသမီး လေးယောက်စလုံး ဘွဲ့ရပညာတတ်တွေ ဆရာဝန်တွေ ဖြစ်ကုန်ပြီ။ ငါလက်တွေအပူခံပြီး ရှာထားတဲ့ ပိုက်ဆံကို နင်လို အချောင်သမားကို မပေးဘူးဟဲ့” ဆိုပြီး ကျယ်ကျယ်ကျယ်ကျယ်နဲ့ ပြောပြီးထွက်သွားတယ်ဟာ။ ဘယ်လို အဘွားကြီးလဲ မသိပါဘူးဟာ။ မပေးချင်လည်း မပေးနဲ့ပေါ့။ အလကား သူများတွေကိုပါ ပေးချင်စိတ် မရှိအောင်လုပ်သွားတယ်။
ပျော် ။ ။ အေးဟာ လူတွေကလည်း ခက်ပါတယ်။ ငါ့ကိုကြိုက်တဲ့ ငါ့ဖောက်သည် ဘဲကြီးတစ်ဗွေလည်း အဲလိုပဲ။ ငါ့ကို ဈေးဆိုင်လေးတစ်ဆိုင် လုပ်ပေးမယ်တဲ့ ဈေးရောင်းပါလား။ ဒီအလုပ်မလုပ်နဲ့တော့တဲ့။ ဈေးဆိုင်ဆိုရင် အလုပ်က ပင်ပန်းမှာဟ တစ်နေကုန်လည်း နားရမှာမဟုတ်ဘူး။ နင်ပဲစဉ်းစားကြည့် အရင်းပြုတ်ရင် သူကထပ်ပေးမှာလား။ ပင်ပင်ပန်းပန်းတွေ မလုပ်ချင်ပါဘူးဟာ။
တောင်း ။ ။ ဟုတ်တယ်နော်။ သူတို့ ပင်ပင်ပန်းပန်းလုပ်ရတိုင်း ငါတို့ကို လာပြီးဆွဲထည့်နေတယ်။
ပျော် ။ ။ အေးဟာ။ ဟော.... ဟိုမှာ ငါ့ကို လာခေါ်တဲ့ ကားလာနေပြီ။ ငါလိုက်သွားတော့မယ်။ တာ့တာ။
တောင်း ။ ။ အေးအေး ငါလည်း သွားတောင်းတော့မယ်ဟာ။ ၄နာရီထိုးတော့မယ်။ အခုအချိန်ဆို လက်ဘက်ရည်ဆိုင်မှာ တီဗွီကြည့်မယ့်သူတွေ ပြည့်နေလောက်ပြီ။ နောက်မှ စကားထပ်ပြောကြတာပေါ့။ တာ့တာ။

ဗီလိန်

26 comments:

tututha said...

အင်း ....

Unknown said...

အွန်....ဘာဆက်ပြောရမှန်း မသိအောင် ရေးထားတယ် ဗျ....
အဟီး..

Anonymous said...

အွန့်...အောင့်သွားတယ် ရင်ဘတ် သနားရမလား ပျင်းတာကို အပြစ်တင်ရမလား မသိ ။အမှန်တွေကြီးပဲလိုက်ရေးနေတယ်း)

ဖိုးဂျယ် said...

ဟာကွာ ဗီဗီတော့လား
တွေးလဲ တွေးတတ်တဲ့ မင်းဦးနှောက်ကို
ငါ့ ခဏငှားပါလားကွာ

Welcome said...

သမာအာဇီဝနဲ့ လုပ်ကိုင်စားသောက်ဖို့
အကြံဥာဏ်ပေးမဲ့သူ၊ အကူအညီပေးမဲ့သူ
ရှိနေပေမယ့်လည်။
အလုပ်အပေါ်လက်ကျောမတင်းတဲ့
ခပ်ပိန်းပိန်း ကောင်မလေးတွေရဲ့
အလွယ်လမ်းလေးပေါ့နော်...

Anonymous said...

ဟုတ်တယ် ထိုင်းမှာဆို တောင်းစားတဲ့သူကိုင်တဲ့ မိုက်ကအစက အပျံစားပဲ တောင်းတာတောင် ကက်ဆက် အကောင်းစားလေးနဲ့ ကိုင်တဲ့ဖုန်းက သေသွားမယ် လိင်အလုပ်သမတွေကတော့ မပြောနဲ့တော့ ကိုယ်ပိုင်ကားနဲ့ အလုပ်ရှာတယ်ဆိုပဲ ခွစ်

အောင်မြေ said...

အသိတရားလေးတွေ လိုတယ်နော်

Unknown said...

အင်းဗီးဗီးလေး.....

:P said...

ဟိုတွေး ဒီတွေးကို ဟိုဖတ် ဒီဖတ်လုပ်ပြီး ရင်မောမိပါသည်။

မောင်bee said...

ကောင်းသော ပညာပေး post လေးပါ ကိုဗီ။ အားပေးလျှက်

Anonymous said...

ဘာပြောရမှန်းတောင် သိတော့ဘူးဗျာ ဟုတ်
တော့လဲ ဟုတ်တာပဲ ကောင်းကောင်းမွန်မွန်
မလုပ်စားချင်လို့ ဒီအလုပ် လုပ်တာပဲဟာပဲဗျာ။
ဒါပေမဲ့ ချွင်းချက်တော့ ရှိတာပေါ့နော် ထားပါ
တော့ အခု ကိုဗီရေးတာလေးပဲ ဖတ်ပီးပြောရရင်
တော့ အဲလို လူမျိုး တကယ်ရှိနိုင်တယ်ဗျ။
ကိုယ့်ဆရာပဲ ရှာဖွေနှိုက်ချွတ်ေ၇းတတ်တယ်ဗျာ
ဟီဟီ

NangNyi said...

အင်းးးးးးးးးးးးးးးး
မိုက်တယ်

chanye` said...

တစ်ည၂၀၀၀၀ ဆိုပါလား..
ဖျံကျရေးဝံကြီးလုပ်တော့ဘူး.. နာလည်း အပျော်မောင်လုပ်မယ်ကွ... ဟေးး ပျော်တယ် ပျော်တယ်

လင်းဦး(စိတ်ပညာ) said...

ဒီခေတ်မှာ ပိုက်ဆံကို အလွယ်လိုချင်သူ ပိုများလာတယ်... ကောင်း၏ .. ကွက်တိ ထိမိအောင် ရေး၏

သံလွင် HeRo said...

ကိုဗီရေ...စက်ာပူကိုခေါ်လိုက်ပါလား...ဒီမှာပိုရတယ်
လို့...ဟီးဟီး
အလွယ်လမ်းကိုလိုက်တတ်တဲ့လူတွေ
အကြောင်းကို ကွက်ကွက်ကင်းကင်းမြင်အောင်
ရေးပြထားတဲ့အတွက် သင်ခန်းစာယူသွားပါကြောင်း...

အရုပ်ကလေး said...

ပညာပေးပို့စ်လေး တစ်ပုဒ်ဖြစ်သလို
စွဲဆောင်အားကောင်းတဲ့ အရေးအသားလေးပါ..

ဆက်လက် ရေးဖွဲ့နိုင်ပါစေ.. ။

Anonymous said...

ပိုစ့်ကလေးက တိုပေမယ့် ထိမိပြီး လိုရင်းကို ဒက်ကနဲ မှန်အောင် ပစ်နိုင်စွမ်းရှိတယ် ...
အချောင်စိတ်ဓါတ်က ဘ၀တွေကို ရေစုန်မျောစေတယ် ဆိုတဲ့ ပေးထားတဲ့ Message က တော့ ပီပြင်တယ်၊ တော်တယ် ဗီလိန်... လေးစားတယ် ...။

ခင်မင်လေးစားစွာဖြင့်

ဗီလိန် said...

ဟုတ်ကဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်။ အဝင်မှာတော့ အကြောင်းအမျိုးမျိုးနဲ့ ဝင်ခဲ့ကြရပေမယ့် အထွက်ကတော့ ကိုယ့်ဟာကိုယ်ထွက် ကြရမှာမလား။

ဝှိုက်ဝှိုက် said...

ပညာပေးပို့စ်လေးကောင်းတယ် ရေးလဲရေးတက်ပါပေတယ်

Andy said...

တောက်ခ်! ဟုတ်တယ်ဗျာ လေးစားတယ်ဗျာ... ကွက်တိပဲ

လင်းဒီပ said...

ကောင်းတယ်။။

ရွှေပြည်သူ (ShwePyiThu) said...

ဖတ်ပြီးတော့ Screen ကိုဆက်ငေးနေမိတယ်။ မောင်လေးဗီလိန် တကယ်တော်တယ်...

Anonymous said...

ကိုယ့်ဘဝကိုကိုယ်နေပျော်ကြတာဘဝမှာကျေနပ်စရာပါ

နဒီမိုးညို said...

အ၇မ်းကောင်းတဲ့..အကြောင်းအ၇ာလေးပါပဲ..
တွေံ့ဖူးပါတယ်...ဒါပေမက်.သူက..တော့..တစ်မိုး..အလွယ်လိုက်တာပါ
ကလေးတွေ..မွေး မွေး ပြီး..ေ၇ာင်းစားတာပါ..ကလေး..ကိုးယောက်မွေးတယ်
ယောကျာ်းလေး.ငါးယောက်..မိန်းကလေး..လေးယောက်..မှာ..ခုတော့..အငယ်သုံးယောက်ပဲ..ကျန်တယ်..လေ..
အဲလိုမိုး..မိဘတွေ..ရှိတယ်..ကိုဗီလိန်ေ၇
စိတ်မကောင်းဖူး...

~ဏီလင်းညို~ said...

ဒီပို့စ်လေးလည်း ဖတ်သွားတယ်ဗျာ...
အပေါ်က သူငယ်ချင်းတွေပြောသွားသလိုပါပဲ...။
ဖတ်ရတာ...ကျေးဇူးပါဗျာ...

ဝက်ကြီး said...

အရမ်းကောင်းတယ်ဗျာ...