အရိမဒ္ဒနပူရ သူရဲကောင်း (အပိုင်း ၁)

အချိန်ယူပြီး ဖန်တီးထားတဲ့ ဝတ္ထုရှည်လေး တစ်ပုဒ်ကို ဖော်ပြပေးလိုက်ပါတယ်။

ဤဝတ္ထုကို Luo Guanzhong ၏ Three Kingdoms ဇာတ်လမ်းကျောရိုးကို အခြေခံ၍ ပထမမြန်မာနိုင်ငံတော် (ပုဂံခေတ်) နှောင်းပိုင်းအချိန် မြန်မာ့ခေတ် မြန်မာ့ဟန်နဲ့ စိတ်ကူးယဉ် ရေးသားထားခြင်းသာ ဖြစ်ပါသည်။ သမိုင်းလို မဖတ်ပဲ ဝတ္ထုလိုပဲ ဖတ်ပေးပါရန် မေတ္တာရပ်ခံပါတယ်။ စိတ်ကူးယဉ် ဇာတ်လမ်းသက်သက် မျှသာဖြစ်ပါသည်။ သမိုင်းကို မှားအောင်ပြုလုပ်ခြင်း မဟုတ်ကြောင်း ကြိုတင် တောင်းပန်ချင်ပါသည်။ တချို့သော ပုဂံခေတ် အသုံးအနှုန်းတွေကလည်း ကျနော်အပါအဝင် စာဖတ်သူတွေလည်း ဖတ်ရမှာ ထောက်နေမှာဖြစ်လို့ မသုံးထားတာတွေလည်း ရှိပါသည်။ အဲဒီအတွက် နားလည် ပေးနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။

အရိမဒ္ဒနပူရ သူရဲကောင်းလို့ နာမည်ပေးထားပါတယ်။ အားပေးကြပါဦး။

အပိုင်း (၁) ကို သွားရောက်ဖတ်ရှုနိုင်ပါပြီ။

လေးစားလျက်....
ဗီလိန်

4 comments:

မေဇင် said...

နေမကောင်းလို့ အိမ်ပြန်နားပါတယ်... ဒါပေမယ့် ဒီဇတ်လမ်းကို စိတ်ဝင်စားနေတာ ကြာတော့ ခေါင်းမူးနေပေမယ့်.... ကြိုးစားပြီး သွားဖတ်လိုက်ပါဦးမယ်..။

Anonymous said...

ကြာဆိုကြာလှပြီ အိမ်တောင် နှစ်အိမ်ပြောင်းသွားပြီ အခုမှ အပိုင်းတစ်တဲ့ဗျ။ ဆက်တစ်နေလို့ကတော့ လာညှစ်မှ လည်ပင်း

ဖိုးဂျယ် said...

အေးပါ ဖတ်ပြီးသွားပါပြီ။
မျှော်လင့်ရကြိုးနပ်ပါပေတယ်။

chanye` said...

ငါလည်း ပါသကိုး.. ပုဂံခေတ်က ငလုံးလဖယ်လို့
ငချမ်းလဖယ်ပေါ့ :P အလုံးမဟုတ်ဘူး အခြမ်း