ငါ အကြောင်း

ငါသည် ငါ၏ အတ္တကို ငါ့ဘာသာငါ စားသုံးသည်။ ထို့အတွက် ငါမဟုတ်သော ငါများကို ပြောလိုက်ချင်သည်ကား ငါ့နေရာနှင့်ငါ ငါ့မာနနှင့်ငါ ငါ့ဘဝကို ငါတည်ဆောက်မည်။ ငါကို ငါနှင့်မစားချင်သူများ ငါ့ကို နှောက်ယှက်သော်ညား ငါမယိုင်လဲ။ ငါ့ခြေထောက်ပေါ် ငါရပ်၍ ငါ့ဆန္ဒနှင့် ငါရှင်သန်သည်။ ငါချင်းတူတူ ငါ့ထက်သာသည့် ငါကို မနာလိုတတ်သည့် ငါအပေါင်းနှင့် ကင်းကွာလိုသော်ငြား ငါကိုယ်တိုင်က ငါဖြစ်နေ၍ ငါ့ကိုယ်ငါလည်း စိတ်မချနိုင်။ သို့ပေသောကြောင့် ပုတုဇဉ်ဖြစ်သည့် ငါကား မည်သည့် ငါကိုမျှ အပြစ်မပြောလို။ ထို့ကြောင့် ယနေ့မှ စ၍ ငါအပါအဝင် ငါမဟုတ်သော ငါအပေါင်းကို မေတ္တာပို့ပါမည်။

ငါ့ကို တွန်းချသော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါကို ကန်ချသော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့ကို ဆွဲချသော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့ကို နင်းတက်သော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့ကို ထိုးကျွေးသော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့ကို ခြေထိုးခံသော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့ကို အချွန်နှင့် မသော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့ကို မြှောက်ကာမြှောက်ကာ ရိုက်ချသော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့မကောင်းကြောင်း ပြောသော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့ကောင်းကြောင်း ပြောချင်ယောင်ဆောင်သော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့အမှားကို စောင့်နေကြသော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့အယိုင်ကို ဝမ်းသာသော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့အလဲကို လက်ခုပ်တီးသော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့ကို ထိုးသော လက်ညှိုးပိုင်ရှင် ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့ရင်ဝကို ဆောင့်ကန်သော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့နောက်ကျောကို ဓားနှင့်ထိုးသော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့အလစ်ကို ချောင်းရိုက်သော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါမေတ္တာပို့ရန် ကျန်ခဲ့သော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။

မေတ္တာဖြင့်
ဗီလိန်

16 comments:

ထင်းထင်း said...

မှန်လိုက်တာ ဗီလိန်ရယ်။ အဲလိုကျင့်သုံးနိုင်အောင် ကြိုးစားရအုန်းမယ်။

တောင်ပေါ်သား said...

ခံစားသွားတယ် ကိုဗီလိန် အစစအရာရာ အဆင်ပြေ ချောမွေ့ပါစေ


လေးစားလျက်
တောင်ပေါ်သား

Anonymous said...

ကောင်းလိုက်တာ မိုက်လကွာ မေတ္တာပို့နည်းလေ့လာသွားတယ်း)

မေဇင် said...

ငါ တွေ အများကြီးပဲ....သတ္တ၀ါ တွေပါပဲ... အားလုံး ကျန်းမာ ချမ်းသာ ကြရင် အကောင်းဆုံးပါပဲ.... အဟိ..။

Anonymous said...

တနေ့ကတောင် မက်ဆေ့လေးတင်မိသေးတယ် အခုပြန်သတိရသွားပြီ

ဂျေဂျူဝိုင် said...

ဘယ်လို ငါရတော့မလဲ မသိတော့ပါဘူး ဗီလိန်ရယ်

Lucifer said...

ငါ...ငါ..ငါ..ငါ..
များလိုက်တဲ့ငါတွေ
နည်းနည်းတော့ချန်ပါအုံး.

ဖိုးသင်္ကြန် said...

သိပ်ကောင်းတယ်...

မောင်ဖားကြီး said...

မေတ္တာပို့နည်းကို ကြိုက်တယ် ကိုဗီလိန်ရာ...

Anonymous said...

ကောင်းစွာနှလုံးသွင်း တတ် အောင်ကြိုးစား နိုင် ပါစေ။
ပိုပြီး ရင့်ကျက် တဲ့ အတွေး အခေါ်လေး နဲ့ မေတ္တာတွေ ပို့ နိုင်ပါစေ။

ဗီလိန် said...

Anonymous ရေ့။ သင်ကိုယ်တိုင်ရော ငါလွတ်ပြီလား။

:)

ရင့်ကျက်ဖို့က လည်း ငါကိုယ်တိုင်သာ ကြိုးစားပါဦး။

အောင်ဒီကန် said...

ဒါက ငါတရားစီရင်ခန်းမဟုတ်ဘူး... ငါမေတ္တာပို့ခန်းပေါ့

လေပြေ said...

ကိုလိန်ကြီးတစ်ခုခုကြောင့်မကျေမနပ်ဖြစ်နေပုံရတယ်ဗျ။
ဘာပဲဖြစ်ဖြစ်အဲ့လိုမေတ္တာပို့ ပေးလိုက်တာကအကောင်း
ဆုံးပါပဲဗျာ....နော့်။ကျနော်တို့ လည်းအဲ့လိုဖြစ်လာ
အောင်ကြိုးစားရဦးမယ်။အားလုံးကျမ်းမာချမ်းသာကြပါစေ
ဗျာ........။

Anonymous said...

ငါလွတ်ပြီလား။ ဒီမေး ခွန်း အတွက် အဖြေ ရှိပြီးသား ပါ။
ရင့်ကျက်ဖို့ လည်း ငါတိုင်း ကြိုးစား သင့် တာပဲ။
ရိုးသား စွာ အကြံပြု ခြင်းသာ ဖြစ် ၏။

Anonymous said...

လုပ်ဟ.... ဘာတွေ မကျေမနပ်ဖြစ်နေသတုန်း.။

Unknown said...

ဘယ်လိုတုန်း လိန်လိန်

အစ်ကိုလည်း မရောက်တာကြာပေါ့

အလုပ်တွေ ရှုပ်နေသလို စိတ်တွေလည်း ရှုပ်နေလို့

မင်းအိမ်ဖြူ