ဗီလိန် သိတဲ့ အရောင်

အစိမ်းရောင် (Green)
မီးပွိုင့်မှာတော့ သွားနိုင်သည်။ Gtalk မှာတော့ ပွားနိုင်သည်။






လိမ္မော်ရောင် (Orange)
မီးပွင့်မှာတော့ အရှိန်လျှော့။ Gtalk မှာတော့ အိုင်ဒယ်လ် (Idle) ပေါ့။






အနီရောင် (Red)
မီးပွိုင့်မှာတော့ တားပါတယ်။ Gtalk မှာတော့ မအားပါကွယ်။






အနက်ရောင်၊ အမည်းရောင် (Black) & မီးခိုးရောင် (Gray)
မီးပွိုင့်အနက် မီးပွိုင့်ပျက်
Gtalk မီးခိုး ကိုဂျီပုန်း။





ကျနော်ကတော့ အဲလို သိတာပဲ။ တခြားသူတွေ အတွက်တော့.............

ဗီလိန်

12 comments:

နန်းညီ said...

အော်.. ဂလိုလား

မေဇင် said...

ဟားးးးးးးးးးးးးးးးး မိုက်တယ်ကွယ်.....။ ကိုယ်ကတော့ အနီရောင်လေး နဲ့ ရုံးမှာကွယ်...အစိမ်းရောင်လေးနဲ့ အိမ်မှာပဲ....။ လိမ်မော်ရောင်တော့ ... ပျင်းလို့ပေါ့...။ မီးခိုးလေး က.... မီးခိုးလေးက .... အဟဲ...... ဘလော့လဲ မလုပပစ်နိုင်...၊ပြောလဲ မပြောချင်တဲ့ သူ ရှိတဲ့ အချိန်မှာပါကွယ်.........။

တောင်ပေါ်သား said...

အဟား ကျနော့် ကတော့ မီးပွိုင့်လေး မစိမ်းတာ အတော်ကို ကြာနေပြီဗျာ.. နီတာတောင် ခပ် ရှားရှားရယ်း) ပုန်းတယ်လို့လဲ မဟုတ်ပါဘူး ပုန်းတာပါပဲး)

လေးစားလျက်
တောင်ပေါ်သား

စည်သူ said...

မသိပါဘူးဗျာ...

ကျွန်တော်ကတော့
မအူအလည်လေးဆိုတော့

ဟာ....ဘူမှလည်းကျိဘူး..
စဉ်းစားနေတုန်း..

တိန်.. တိန်.. တိန်.. ဆိုပြီး
ဟ ဟ ဟ ဘာလဲဟ.. ဂျီတော့ကနေ သရဲခြောက်တာလား
မီးခိုးရောင်ကနေ.. တိန်.. တိန်.. တိန်.. မြည်လာတာ

ဆောရီးနော်တဲ့
နေကောင်းလား
မအားလို့ပါတဲ့.......

မချစ်ရ said...

အစိမ်းမှိတ်တုတ်မှိတ်တုတ်မီးပွိုင့်ဆိုရင်
ဂျီတော့ကဘာလဲဖြေပေးနော် :P

သုခုမလေဒီ said...

ဗီလိန်တို့ ကတော့ အမှန်တွေပြောနေပြန်ပါပြီ။း)
အဆင်ပြေပျော်ရွှင်ပါစေဗျို့ 

ဗီလိန် said...

မချစ်ရ ရေ့ မှိတ်တုတ်မှိတ်တုတ်ဆို မြန်မာပြည်ကပဲ။ ကော်နတ်ရှင် တက်လိုက်ကျလိုက်ဖြစ်နေလို့။ :)

မအနမ်းရေ့ အမှန်တွေဆိုပေမယ့် တချို့ကျတော့ ကျနော်ပြောတာနဲ့ လွဲနေတဲ့သူတွေ ရှိလို့ပါ။ အဲဒါကြောင့်ပါ။

ဖိုးသင်္ကြန် said...

တခါတလေတော့ နီဖို့တောင် အချိန်မရတာတွေ ရှိတတ်တယ်။ မန်နေဂျာ ဗြုန်းဆို ရောက်လာတာမျိုး၊ အရေးတကြီး Siteထဲ ပြေးရတာမျိုးပေါ့။

မောင်ဖားကြီး said...

ဟား ဟား ဂျီတော့ မီးခိုး ကိုဂျီပုန်းလို့ ပြောတာ မိုက်တယ်ဗျာ... ကောင်မလေးတွေအတွက်ရော စပ်ပါဦးဗျာ... နာမည်ပေးချင်လို့ပါ :)

Anonymous said...

မိုက်တယ်ဟ...အဟေဟေ

ဏီ(န်)ကင်း said...

ကြိုက်တယ်။အမှန်တွေမြင်နေတာကိုး

Waing said...

ဝိုင်းတော့ အမြဲတမ်း မီးပွိုင့်ပျက်ထားလိုက်ပြီ :)