ရေတွင်းထဲက ဖားသူငယ်

ထိုးထွက်ခဲ့ပြီ
ပိတ်ဆို့နေတဲ့ ကျင်းဝတစ်ခု
ဖောက်ထွက်ခဲ့ပြီ
တားဆီးထားတဲ့ အရာတချို့
ရုန်းထွက်ခဲ့ပြီ
သေးငယ်လှတဲ့ ငါ့ကျင်းလေးထဲကနေ

ငါပျော်ရွှင်စွာ ခုန်ပေါက်နိုင်ပြီ
ငါကျယ်လောင်စွာ အော်ဟစ်နိုင်ပြီ
ငါလွတ်လပ်စွာ ရပ်တည်နိုင်ပြီ

ဟိုနားလေးမှာ ယင်ကောင်တစ်ကောင်
လျှာလေးထုတ်ပြီ ဖမ်းကြည့်လိုက်မဟ...
ဟိုနားလေးမှာ ရေလေး တစ်ကွက်
ရေလေးကူးပြီး ပျော်လိုက်မဟ...
ဟိုနားလေးမှာ မြေတလင်းလေး
ခုန်လို့ပေါက်လို့ ခြေဆန့်မဟ...

လောကတွင် တုနှိုင်းမဲ့သော နေရာတစ်ခု
လောကတွင် အသာယာဆုံးသော နေရာတစ်ခု
လောကတွင် ပျော်စရာအကောင်းဆုံးသော နေရာတစ်ခု
ငါရောက်နေပြီ။

ဗီလိန်

မှတ်ချက် ။ ။ သေချာပြီလား ဖားသူငယ်။

3 comments:

မေဇင် said...

သေချာလား ဆိုတော့ သူရောက်တဲ့ နေရာ သူ ပျော်နေရင် ပြီးတာပါပဲ.... ဟဲဟဲ....။

sait phay yar said...

သေချာတာတစ်ခုတော့လုပ်ပေါ့နော့်..........

Anonymous said...

သေချာတယ်....