ဗီလိန်ပြောတဲ့ ခုတလော

ကဲ နန်းညီရေ။ သိပ်သိချင်နေမှတော့ ပြောရတော့မပေါ့။

ခုတလော
တွေးနေမိတာက
ဘယ်သူ့ကို ဒုက္ခပေးရမလဲ

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
အောက်တန်းစား

ကျန်းမာရေး
ချောင်းတဟွတ်ဟွတ်

ဖတ်ဖြစ်တဲ့စာအုပ်တွေက
Dictionary

ရောက်နေဖြစ်တာက
ရုံး

ရေးဖြစ်နေတာက
အရိမဒ္ဒနပူရ သူရဲကောင်း

နားထောင်ဖြစ်နေတာက
စိတ်ညစ်ရပါလား (Big Bag)

ရွတ်နေမိတဲ့ကဗျာက
မြေခွေး နဲ့ ကိုရပ်ကွက်

ဖြစ်ချင်နေတာက
ဗီလိန်

စားဖြစ်နေတတ်တာက
ဘဝခါးခါး

သနားနေမိတာက
ငါ့မာန

လွမ်းနေမိတာက
ငါ့လုံ့လ

မေ့လျော့ပစ်နေမိတာက
ဝင်သက်ထွက်သက် (သီချင်းမဟုတ်ပါ)

ခါးသက်နေမိတာက
လူ

တမ်းတနေမိတာက
အချိန်

ကြိတ်ပြီးချီးကျူးနေမိတာက
လောကကြီးကို

ကြိတ်ပြီးအထင်သေးနေမိတာက
ငါ

ဆန္ဒမရှိတဲ့နေရာ
ရပ်ကွက်ထဲ

ဆန္ဒရှိနေတဲ့ကိစ္စ
စိတ်စေရာ

မုန်းတီးနေမိတာက
ငါ

ချစ်နေတာက
ငါ

စိတ်ပျက်နေမိတာက
ငါ

စွဲလန်းနေမိတာက
ငါ

လိုအပ်နေတာက
ငါ

တောင်းနေမိတဲ့ဆု
N/A

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
Holy S...

ဝန်ခံချင်တာက
မဆိုင်တဲ့အပေါက် ဂလိုင်နဲ့ခေါက်တဲ့ အလှော်ဆရာလူတချို့ကို အမြင်ကတ်နေပါတယ်။

ရဲဘော်ငချမ်းရဲကလေးမ မေဇင်ဂျီးဒေါ် မဆုမွန်၊ ....................... လုပ်ဦး။

ဗီလိန်

16 comments:

JulyDream said...

ငါတွေ သိပ်များနေပါလား... ငလိန်...
အဲ့.. မှားလို့ ဗီလိန်...

ငါစွဲတွေ လျှော့အုံးလို့ မပြောတော့ပါဘူးလေ။ ငါလည်း ငါပါပဲ ဆိုတော့ ငါပဲ ကောင်းပါတယ်လေ။ အဟက်...

မေဇင် said...

အမလေး....လေးစားပါတယ်..ဆရာဗီလိန်ရယ်.... တော်တော်စဉ်းစား ရတယ်နော်.... "ငါ" တွေချည်းပါပဲလား....။ ကဲပါ.. အောက်တန်းစား ဗီလိန် လို့ပြောရင် စိတ်မဆိုးနဲ့.... :P ။။။ ဖြစ်ချင်နေတဲ့ ဆန္ဒ နဲ့ ဆင်ခြင်မိတာကို ပြောတာ...။း) ခုတလော ရေးနေတဲ့ စာကို စောင့်နေပါ့မယ်...။ big bag နားညီးတယ်...။

chanye` said...

yes sir...

မဆုမွန် said...

မဆိုင်တဲ့အပေါက် ဂလိုင်နဲ့ လာခေါက်တာ ဘယ်သူလဲဟေ့ တူကြီး

ဂျီးဒေါ်ရေးပေးမယ် ညကျမှ ခဏစောင့်

ရွှေပြည်သူ (ShwePyiThu) said...

း)

နန်းညီ said...

ငါစွဲတွေသိပ်များနေပါလားနော်

နွေးနေခြည် said...

ငါ.........

မေလေး said...

ငါ....... X 1000000 မပြည့်သေးဘူးးးလို့

sait phay yar said...

ငါ နာ အာ .....

ဖိုးသင်္ကြန် said...

ဖြစ်တတ်ပါတယ်။
အဲ ခဏခဏဖြစ်တာတော့ မကောင်းဘူးဟ။
တော်ကြာ လူနာနံပါတ် ၃၄ဖြစ်နေဦးမယ်။

လင်းဒီပ said...

ငါစွဲတွေလျော့ ဒကာဗီလိန်....ဟွန်း ခက်သေးတာပဲ လက်ထဲမှာလဲ လောက်လေးခွကြီးနဲ့..:P

မင်းအိမ်ဖြူ Minn Eain Phyu said...

ငါစွဲတွေ ဖျောက်ပေါ့ လိန်လိန်ရယ် P:

ဖိုးဂျယ် said...

ငါပြီးရင်း ငါပါလား ငဗီရာ

အရုပ်ကလေး said...

ငါသည်လည်းပဲ
အဝေးက ငါကို တမ်းတတတ်သလို
အနီးက ငါကိုလည်း မုန်းနေမိပြန်တော့
ခက်လှချည်ရဲ့ ငါ့ကမ္ဘာရယ် ..
ငါနဲ့ဝေးရာမှာ ငါ့အကြောင်းပဲ တွေးတော့မယ် ..။


အဆင်ပြေခြင်းများစွာ ပိုင်ဆိုင်ပါစေ ..။

ခင်မင်စွာ
idulize (အရုပ်ကလေး)

Lucifer said...

ငါ ငါ ငါ ငါ ငါတွေများနေတယ်..

သီဟသစ် said...

ငါတွေများနေတယ်တဲ့
ကိုယ်လို့ပြောင်းရေးလိုက်ပါ
:D

ခင်မင်စွာဖြင့်
သီဟသစ်