မင်း........ငါ........လွဲများမှားနေသလား

မင်းက ငါ့ကိုပြောတယ်
ရှင် ကျမခန္ဓာကိုယ်ပဲ ရမတဲ့လား။
ဟား ဟား ဟား ဟား
မင်း ရင်ထဲက သီအိုရီတချို့ကို မျက်စိစုံမှိတ်ပြီးလက်ခံဖို့
အံတွေကြိတ်နေရတာ မမောဘူးလားကွာ
မင်းမျက်နှာကြီး ဆူပုပ်နေလို့များ
လက်လွှတ်မယ် ထင်သလား။
ငါဆိုတာ
စွန့်လွှတ်ဖို့ ချစ်မယ့်ကောင် မဟုတ်သလို
ငါလိုချင်တာ ပိုင်ဆိုင်ဖို့အတွက်
ငါ့အတ္တကို ပေါင်းသင်ပြီးသားလေ။
ငါ့သာယာမှုဟာ မင်းအတွက် ငရဲထင်ရင်
မင်းစိတ်ဓာတ်ကို အရင်ပြင်လိုက်ပေါ့။
နေတတ်ရင် မင်းအတွက် ပျော်စရာတွေကြီးပဲ
ငွေဝယ်ကျွန်လို့ မင်းကိုယ်မင်းထင်ရင်လည်း
မိဘကိုတော့ စော်ကားမနေနဲ့
ကောင်းစေချင်လို့ ရွှေပေါ်တင်တာ ခွက်မစွဲချင်နဲ့
အချစ်မှာ ငွေမပါပေမယ့်
ငွေမပါတဲ့အချစ်ကကော သက်တမ်းစေ့မယ်ထင်သလား။
စဉ်းစား......
မင်းသာ သုံးတတ်မယ်ဆိုရင်
ငါဟာ မင်းရဲ့ကျွန်ပါ။
ငါဟာ မင်းရဲ့ အစေခံပါ။
ငါဟာ မင်းရဲ့ အပါးမှာ
လျှာတန်းလန်းနဲ့ အမြဲခစားနေမယ့် ခွေးတစ်ကောင်ပါ။
ဒါကိုမင်းမသိတာခက်တယ်။

ဗီလိန်

17 comments:

flowerworld said...

မေခေါ်ရာကြိုးတန်းလန်းနဲ့ကိုယ်လိုက်ခဲ့မယ်...အဟဲ
သီချင်းဆိုတာပါ

တောင်ပေါ်သား said...

ပေါက်ကွဲလှချည့်လား ကိုဗီလိန်ရေ

Anonymous said...

ငါဆိုတာ
စွန့်လွှတ်ဖို့ ချစ်မယ့်ကောင် မဟုတ်သလို
ငါလိုချင်တာ ပိုင်ဆိုင်ဖို့အတွက်
ငါ့အတ္တကို ပေါင်းသင်ပြီးသားလေ။
ငါ့သာယာမှုဟာ မင်းအတွက် ငရဲထင်ရင်
မင်းစိတ်ဓာတ်ကို အရင်ပြင်လိုက်ပေါ့။

ဟေ့ ညီရေ
အဲနေရာလေး သိပ်မိုက်တယ်ဟေ့၊ တစ်ပုဒ်လုံးလည်း ကောင်းတယ် ... စကားလုံးတွေက ပြင်းထန်ပြီး ထိချက်တွေက ပစ်မှတ်တည့်တည့်ပဲ ... ။
ခက်တာက တစ်ချို့ဟာ အလိုလိုက်အကြိုက်ဆောင်နေတဲ့သူကို ခ၀ါချပြီး လျစ်လျူရှုတတ်ကြတာပါပဲ ... ကြုံဖူးပါတယ် ...

ကိုရုပ်ဆိုး said...

ဗီလိန် .... ဗီလိန် ......... အင်း ... :)

Anonymous said...

ရှင် ကျမခန္ဓာကိုယ်ပဲ ရမတဲ့လား = လိန်လိန် ဘာတွေလိုက်ပြောနေတာတုန်း နားရှက်စရာတွေး) ။ ဘာပဲဖြစ်ဖြစ် အလိုရှိတုန်းတော့ ပေးဆပ်ထားလိုက်ဝေ့ အဓိက က ကိုယ့်ဘက်ပါအောင်သွာဆွယ်ထား ပိုင်င်္ပြီဆိုရင်တော့ သွန်ချင် သလို သွန် မှောက်ချင်သလိုမှောက် အဲ့အခါကျ မောင့် သဘော မောင့်သဘော ဖြစ်လာလိမ့်မယ် ။ ပွဲက ပြီးသေးဘူးလေ ဘယ်သူက သခင်လည်းဆိုတာ ပွဲပြီးမှသိမယ်ဟုတ်ဘူးလား :P

Anonymous said...

ဟာဂျာ...ဟုတ်မလိုလိုနဲ့ လျော့သွားတယ်...ပြန်တင်းထားစမ်းပါ..ကိုဗီရ

Welcome said...

မခွဲနိုင် မခွာရက် မို့
ဖြစ်ချင်ရာဖြစ် ဆိုပြီး
ကိုယ့်ဘ၀ကိုယ်နစ်တော့မလား
ကိုဗီလိန်ရေ့ ..
ဒါတွေကို သူမသိအောင်
×+--ံ့ -- ဖြစ်နေပြီလားပဲ .. ..

http://winzaw-mdy.blogspot.com

chanye` said...

ကိုဗီလိန်တို့က ရေးနိုင်လွန်းပါ့ဗျာ ။ တော်ပါပေတယ်..
ကျွန်တော်တော့ စိတ်ညစ်စရာတွေနဲ့မို့ မရေးချင်သေးဘူးဗျာ ။ သူများရေးထားတာလေးတွေပဲ ဖတ်ဖြစ်တယ်

Anonymous said...

ဘာ.. ဘာ.. ဘာတွေဖစ်.. လာပြန်ပီလဲဟင်....

sait phay yar said...

အသို့နည်း ဗီး.. ပြန်လာကတည်းကပေါက်ကွဲနေတယ်

Anonymous said...

အချစ်ကဗျာထဲမှာ ဒီကဗျာအကြိုက်ဆုံးပဲဗျို့
ဟုတ်တယ်ဗျို့ ကိုယ်ဘက်ကတော့ လုံးလုံးမှ မလျှော့နဲ့
ဗျို့

Anonymous said...

ကောင်းတယ်ဗျာ ..ကဗျာကတော့
ခံစားချက်တွေ လျှံထွက်နေတာပဲ
ယောကျာ်းပဲလေ တင်းသာတင်း
ဟီးပြတ်သွားအောင်တော့မလုပ်နဲ့ အုံး

s said...

:P အပိာ ကိုဗီလိန် တစ်ယောက် ပေါက်ကွဲသံစဉ်တွေလား။

ဖိုးဂျယ် said...

အိမ် မောင်ဗီတယောက် ပြန်လာတည်းက
ဘာတွေဖြစ်နေပါလိမ့် အရေးအသားကတော့
လန်ထွက်နေတာပဲ လိုက်မမီပေ

Anonymous said...

အင်.. ကောင်မလေး တနားပါတယ်....

ဗန်ပိုင်းယား said...

သိတယ် သိတယ် .. . သဘောက မသိဘူးဆိုတာကိုက သိနေတာ .. ဒါမယ့် မသိယောင် ဆောင်နေတာ

Anonymous said...

villian means like this.