နှာဘူးတစ်ယောက်ရဲ့ နှလုံးသား

ငါဟာနှာဘူးကြီးပါ
အတိုမလွတ် အရှည်မချန်
အသေကြံလို့ လိုက်ကြည့်ရတာ အမော။

ငါဟာ နှာဘူးကြီးပါ
အပျိုကြီးမကျန် အပျိုငယ်မရွေး
ဟိုတယ်ဘေးက ငေးနေရတာ အမုန်း။

ငါဟာနှာဘူးကြီးပါ
ရုပ်ဆိုးဝဲထူ လှတပတ
ရသမျှတ တသမျှမရတာ အခက်။

ငါဟာနှာဘူးကြီးပါ
မွန်၊မြန်မာ ရခိုင်၊ရှမ်း
ဝါးလုံးရှည်နဲ့ ရမ်းတာလည်း မထိ။

ငါဟာနှာဘူးကြီးပါ
ဆွေနီးမျိုးစပ် မိတ်ပေါင်းသင်းကြား
တားမရအောင် ဘူးတာလဲ မစွံ။

ငါဟာနှာဘူးကြီးပါ
မွေးကာစ စရံချ
ဘိုးဘွားဂေဟာ ပြေးတာလဲ မဟန်။

ငါဟာနှာဘူးကြီးပါ
စကားလိုက်ပြော စာခိုးပေး
ဝေးနေသေးတာ ကံကြမ္မာလား။

ငါဟာနှာဘူးကြီးပါ
ရယ်အားသန် ငိုမတတ်
ပိုးသမျှဝေး ကြံသမျှပါ ကြံပါပဲပြောရမလား။

အချစ်၊ အလွမ်း၊ အဆွေး
ဒါလေးတွေကို
နည်းနည်းလေးတော့ စမ်းသပ်ခွင့်ပေးပါ
ရုပ်ကဆိုး ရေမလျှံ
နဘေမဖန်တတ်လို့မှ သိခွင့်မရဘူးဆိုရင်တောင်
သေကံမရောက် သက်မပျောက်ခင်
လူတစ်ယောက်ရယ်လို့တော့
ချစ်ကြည့်ဖူး ပါရစေဦး။

ဗီလိန်

23 comments:

သံလွင် HeRo said...

ကိုဗီဝေး...
ချိန်ရင်ပစ်မှတ်ကိုရောက်အောင်ချိန်ပေါ့ဗျာ
ဟိုပစ်ဒီပစ်ဆိုရင် ဟိုထိဒီထိကုန်မှာပေါ့ ဟဲဟဲ
နောက်တခါကျရင်စနိုက်ပါနဲ့သေသေချာချာ
ချိန်ပြီးမှ...ဟတ်တ်ထဲရောက်အောင်ပို့

megumi said...

ဟ ဟား၊ နှာဘူးမှာလည်း အသည်းနဲ့ပါပေါ့။ ဟုတ်လား။ :P :P

လင်းဒီပ said...

သနားပါတယ်...

sait phay yar said...

အသို့ဖြစ်ရသနည်း ကိုဗူးရေ..
အဲနောက်ခေါ်တော့ပါဘူးနော် ကို.... ဗီး.... လို့ .. ဘဲ ဆက်၍ခေါ်မယ်နော်။

ဖိုးဂျယ် said...

ဗူးဗူးလို.ခေါ်လို. စိတ်ချိုးတာလား
နောက်ခေါ်တော့ဘူးနော် ဗူးဗူး
ပြောင်းဖူးရောင်းကောင်းပါစေ
ဗူးဗူးတို.ကတော့ အရမ်းတော်တယ်။
အရေးသားတွေက အရမ်းမိုက်တယ်
တရုံးတည်းနေပီး ရေမြေမလိုက်တာ
ခက်တယ်ကွာ

RePublic said...

နျာဘူးတယောက်ရဲ့ နှလုံးသားကို လာကြည့်ပါတယ် ခင်ဗျ ၊၊

WWKM said...

သြော်.. ဖြစ်ပုံ ဖြစ်ပုံ
မောင်ဗီလိန်တို့ ဖြစ်ပုံများ..

ခေါင်ခေါင် said...

ပြောင်းဖူး ရောင်းမကောင်းလို့ ဘာတွေ ကြံနေပြန်ပြီလဲ မသိ...

Anonymous said...

ပတ်ဝန်းကျင် ကြက်သီးထအောင် လုပ်နေပြီ ထင်တယ် :P

တောင်ပေါ်သား said...

အံစာတုံးတွေ လှည့်တာ များပြီး ရှုံးသွားတယ်ထင်တယ် ဘာတွေ ကြံနေလဲ ကိုဗီလိန် ဟီးးးးးးးးး

Yaminnie’s Daydream said...

phuu... phuuu ... phuuu...
and then.....
bu... bu.... bu....
and then.....
whatelse.... ??? ....

Anonymous said...

ဖြစ်ရလေ မောင်ဂျမ်းစိန် ရယ် :P

puluque said...

ကိုဗိလိန်ရေ.. ဒုတိယအကြိမ်မြောက် ကွန်မန့်ရေးပြန်ပြီ။ မနက်ကရေးပြီး publish ကိုနှိပ်လိုက်တာ error တက်နေတယ်။ အခုတခါရေမယ်လုပ်တော့ ပိုစ်ကို မတွေရဘူး။ စိတ်ပိန်တယ် ကိုဗူးလိန်ရေ...

သက်တန့် said...

ကြံပါတော့ မဟုတ်ဘူး...
ရာမလောက်ပဲ ဖြစ်မှာပါ...
ဟုတ်တယ်ဟုတ်... :P

s said...

နာမည်နဲ့ လိုက်ပါ့ အပိာ :P

အယ် ဒါနဲ့ အရေးအသားက အပျံစားနော်။ ကဗျာကောင်းကောင်းလေးရေးကြည့် မိုက်တယ်

NangNyi said...

၁၆ ယောက်မြောက်မှ ရောက်လာရတာ အမှတ်တရပဲ ... အီကား စကားချပ်...
တကယ့် မိန်းစကားကတော့ ဘာရေးရမှန်းမသိ.. ဟီး..

ဂျူဝသန် said...

မင်းကလည်း အလန်းတွေရေးဘို့ဆို တော်တော်ကောင်းတဲ့ ဦးနှောက်____ လေးစားပါတယ် နှာဘူးကြီးရယ်။

Welcome said...

ယောက်ျားမှန်ရင်
နာဘူးနဲ့ ဂန်ဒူး ၂ မျိုးပဲရှိတယ်
ဂန်ဒူးတော့ ဖြစ်ချင်ဘူး
နာဘူးပါစေဗျာ... ဖတ်သွားတယ်
http://winzaw-mdy.blogspot.com

Anonymous said...

ဘာလို့ အဲလိုကြီးရေးတာလည်း..
ဘူးတာတွေ များလိုက်တာ..

ဗီလိန် said...

လာရောက် အားပေးသူတွေအားလုံး ကျနော်နှာဘူးကြီးက ကျေးဇူးတင်ပါတယ်ခင်ဗျ။ :P

sait phay yar said...

လူတစ်ယောက်ရယ်လို့တော့
ချစ်ကြည့် ဖူး ပါရစေဦး။

ပြန်လာဖတ်ရင်းတွေ့လို့ မကွန့်ဘဲမနေနိုင်လို့ရေးရပြန်တယ်
အဲဒီစာသားလေးကတော်တော်လေးပါဘဲ
တော်တော်လေးနော်
ဟွန်း ဟဟဟဟဟ
အောင်မြင်ပါစေနော်

Anonymous said...

ဟီး ဟီး ဟီး
မှန်ပြောင်းငှားမယ်လေ

ဆိုးသွမ်း said...

လန်းတယ် အစ်ကို

အချစ်ကဗျာတွေ ဘ၀ကဗျာတွေကြားထဲမှာ
ဒီလို ကဗျာအရေးအသားကလည်း
ထိုးဖောက်မှုတခုပဲ။