လွဲမှား........ တချို့သော

သူ့ဆီသွားဖို့ နားပူနားဆာတိုက်နေတဲ့ နှလုံးသားကို ဆုံးမဖို့
ဗော့ကာတစ်လုံးနဲ့ လုံလောက်ပါ့မလား။
ဆေးလိပ်တိုကို ကောက်ခဲလိုက်တော့မှ မီးခြစ်ဆံကုန်နေမှန်း သိလိုက်ရတယ်။
အော် အလွမ်းတွေ... အလွမ်းတွေ

ကွန်ပြူတာတစ်လုံးကိုတောင် ပိတ်လို့မရတဲ့ အကြောင်းရင်းက
ငါ့ဦးနှောက်မှာ ဗိုင်းရပ်စ်ကိုက်နေလို့ဖြစ်မှာပါ။
ဒါကိုသတ်ဖို့ အင်အားမှ မရှိတာ။
အော် စွဲလမ်းစိတ်... စွဲလမ်းစိတ်

ညညအိပ်မရတာ ဂျပိုးကိုက်လို့မဟုတ်ပါဘူး
ဂျပိုးကိုက်လည်း အိပ်တတ်နေတာပဲလေ။
သူတို့ကိုမောင်းထုတ်ရအောင်ကလည်း သနားလို့။
အော် သနားစိတ်... သနားစိတ်

ကဗျာတွေမရေးဘူး မရေးဘူးနဲ့ ရေးနေလိုက်တာ
ဘယ်နှပုဒ်ရှိသွားလဲတောင် မသိတော့ပါဘူး။
ကီးဘုတ်ပေါ်က လက်မခွာနိုင်တာ ဘယ်သူ့ကြောင့်လဲ။
အော် အချစ်... အချစ်

ခံစားချက်တွေ စာသီလို့ အိပ်ရာထနောက်ကျရင်ကော
မနက်စာချက်နိုင်ပါ့မလား။
ရေခဲသေတ္တာထဲမှာ ဟင်းစားကုန်နေမှန်းတော့ သိသင့်ပါတယ်။
အော် ဘဝ... ဘဝ

ဗီလိန်ကို ဗီလိန်မဆန်ဘူးလို့ပြောရင်ကော
စာရွက်ပေါ်မှာ ချတွက်ကြည့်ပေါ့။
ဗီလိန်တစ်ယောက်ရဲ့ ရင်ထဲမှာလည်း တဒုတ်ဒုတ်ခုန်နေတဲ့ ပျက်စီးလုလု နှလုံးသားတစ်ခုရှိပါတယ်။
အော် ဗီလိန်... ဗီလိန်
----------
ဗီလိန်

19 comments:

ဖိုးဂျယ် said...

ohhhhhhhh
so good lar.
v v is very clever.
i like this poem.

Anonymous said...

ဟား... ခိုက်တယ်ဗျာ နောက်ဆုံးအပိုဒ်လေးကို
ဖတ်ပြီး သနားတောင်သွားတယ်။ကိုယ့်ဆရာ
သိပ်လဲ အားငယ်မနေပါနဲ့ဗျာ။

ကိုရုပ်ဆိုး said...

သြော် ....
ကိုရုပ်ဆိုး ... ကိုရုပ်ဆိုး
(၀င်နှောက်သွားတာကွ :)

ဇင်ယော် said...

အင်း ဗီလိန်မှာလည်း အသည်းနဲ့ ပါပေါ့။ ကဗျာလေးဖတ်ပြီး တော်တော်သနားသွားတယ်။ ပေါက်တတ်ကရတွေ မလုပ်သရွေ.။ အဟေ.။ ပြီးမှ နာလည်း သူ့ လိုပဲ သနားစရာပါလားဆိုပြီး အော် ဇင်ယော် ဇင်ယော်။

Anonymous said...

အရမ်းမိုက်လို့ သုံးခါတောင်ပြန်ဖတ်လိုက်တယ်သိလား

ခေါင်ခေါင် said...

ဗီ.. သနားပါတယ်.... ဘာဖစ်နေလို့လဲဟင်

NangNyi said...

lann hla che lar...

Kaung Kin Ko said...

ကဗျာမိုက်တယ် ညီလေးရေ။

အိပ်မက်နိဒါန်း said...

နောက်ဆုံးလေးကိုဖတ်ပြီး လိန်လိန်ကိုသနားသွားတယ်..

တောင်ပေါ်သား said...

တော်တော်ကို ကောင်းတယ် ကိုဗီလိန်ရေ တဒုတ်ဒုတ်နဲ့ နှလုံးသားအိုလေး ခုတ်မောင်းနေတယ်ထင်တယ် လမ်းကြုံလိုက်မဲ့ အချစ်ခရီးသည်လေး တွေ့ပါစေဗျာ

Andy said...

အလန်းဆုံးတစ်ခုပဲဗျို့ ဆရာဗီရေ...
အပိုဒ်တွေကို အဆုံးသတ်ထားပုံလေးက သင်းသဗျာ...
“ဗီလိန်တစ်ယောက်ရဲ့ ရင်ထဲမှာလည်း တဒုတ်ဒုတ်ခုန်နေတဲ့ ပျက်စီးလုလု နှလုံးသားတစ်ခုရှိပါတယ်။
အော် ဗီလိန်... ဗီလိန်” :)

အရုပ်ကလေး said...

ကဗျာလေး ကြိုက်တယ်..

tututha said...

တိုက်ဂါးဝုကို သေချာခေါ်ပြီး တည့်တည့်ဝင်အောင် ရိုက်ခိုင်းလိုက်ဦးမယ် သြော် တွင်း ၂ ... တွင်း ၂ :P

တက်လူငယ် said...

ရထားကြီးဆယ်စင်း ခုတ်မောင်းသွားနေသလိုကော မဖြစ်ဘူးလား။
ခံစားချက်လေးတွေ ကောင်းတယ်။

Unknown said...

ကိုဗီလိန်...ကျနော် ဗောဒကာတွေ ခိုးသောက်တယ်ဗျာ..ခုမှ လူမိတယ်... :P

လင်းဒီပ said...

အော် ဒွတ်ခ ဒွတ်ခ..ချတွက်ကြည့်ဦးမှ

Anonymous said...

ပျက်နေရင် ပြင်လိုက်လေ ကိုလိန်း) အော် အချစ် အချစ် ခုတော့ ကိုက်ပြီဟုတ် ဂျပိုးးး ဟားဟား လွဲ၂လေး ပေးခဲ့တယ် ကော့မန့် ။

December Cinderella said...

နှလုံးသားက ပျက်စီးလုလုဖြစ်နေတာတောင် တဒုတ်ဒုတ် ခုန်နေသေးတယ်ဆိုတော့ တော်တော် နှလုံးကောင်းတယ်။
တို့ဆိုရင် Coffee Addict မို့လို့ နှလုံးက သိပ်မကောင်းရှာဘူး။
ဘာပဲဖြစ်ဖြစ် မင်းကဗျာလေးတွေက တခေါက်တည်းဖတ်ရုံနဲ့ မကျေနပ်၊ မတင်းတိမ်၊ မရောင့်ရဲ နိုင်တဲ့အရာတွေပါ။

ဆုံစည်းရာ said...

တော်တော်မိုက်တယ်ဗျ... keep writing :P