ထွေရာလေးပါး အတွေးများနဲ့ ဒီနေ့

ဒီနေ့ အိပ်ရာ ကထတော့ အစောကြီးပဲ။ ဒါတောင် နိုးနေတာကြာပြီ မနိုးခင် အိပ်မက်တွေ ဘာတွေမက်လို့ ညတုန်းက မအိပ်ခင် တူလေးကို ပုံပြင် ၃ပုဒ် ပြောခဲ့သေးတယ်။ ကိုရွာသားလေး ပြောတဲ့ လင်းယုန်ပုံပြင်မနိုင်းနိုင်းစနေ ပြောတဲ့ ပိုလာဝက်ဝံပုံပြင်မရွှေပြည်သူ ပြောတဲ့ လိပ်ပုံပြင် ပေါ့ဗျာ။ ဒါနဲ့ပဲ မျက်နှာသစ်ပြီး ကဗျာလေးဘာလေး ရေးမယ်ဆိုပြီး ကုတင်ဘေးက ခုံတန်းလေးမှာ ထိုင်လိုက်တာ စားပွဲပေါ်က ပုလင်းတစ်လုံးဘေးက ဒိုင်ယာရီ ကို မျက်စိကရောက်သွားတယ်။ ဖွင့်ဖွင့်ခြင်းစာမျက်နှာမှာက ရေညှိတွေနဲ့ လှေကားတစ် ဆိုတာကို မှင်နီကြီးနဲ့ ရေးထားတယ်။ အဟောင်းတွေ အသစ်ပြန်မဖြစ်ချင်တာနဲ့ပဲ ဆက်မဖတ်ပဲ ပိတ်ပစ်လိုက်တယ်။ ကိစ္စမရှိပါဘူး။ ဒါတွေကို မေ့ပစ်လိုက်ဖို့ နာရီလက်တံတွေက လုပ်ပေးသွားပါလိမ့်မယ်။ ငါ့အတွက် အမှားလား၊ အမှန်လားတောင် မခွဲခြားတတ်တော့ပါဘူး။ ဒီအကြောင်းတွေစဉ်းစားရင် တခါတခါဆို လက်ခုပ်သံတွေကြားထဲက ဘောလုံးကွင်းထဲမှာ အော်ပြီးတော့ ငါ့ကိုယ်ငါမုန်းလိုက်ချင်တယ်။ အမုန်းပန်းခင်း ရင်ထဲမှာပြည့်ကျပ်နေပြီ။ ကဲပါလေ ရောက်တတ်ရာရာ အတွေးတွေ များနေပြန်ပါပြီ။

သမုဒ္ဒရာဝမ်းတစ်ထွာကိစ္စ ဖြေရှင်းလိုက်ဦးမှ ဆိုပြီး မနေ့က ၁၂ဒေါ်လာနဲ့ ဝယ်ထားတဲ့ ပြောင်းဖူး နဲ့ ဖရဲသီးကို ထုတ်စားပါတယ်။ စားလို့တောင် မပြီးသေးဘူး ဖိုးဂျယ်ဆီက ဖုန်းလာပါတယ်။ ဒီနေ့ မွေးနေ့ကို လာခဲ့နော်လို့ သတိပေးတော့ ဘာလက်ဆောင်ပေးရမှန်း မသိတာဘူးလို့ ပြောလိုက်တော့ မပေးနဲ့တဲ့လေ။ ဟီးဟီး အဲဒါကိုစောင့်နေတာ။ ညီညီကတော့ ပန်းချီကားတစ်ချပ်ကို ရွှေနဲ့ သေချာဘောင်ခတ်ပြီး ကျောက်မျက်လေးတွေပါ စီပေးမယ်တဲ့။ ဒါနဲ့ပဲ သံလွင်ဟီးရိုးကိုခေါ်ပြီး အိမ်က ထွက်ခဲ့ပါတယ်။ လမ်းမှာ မယ်ခေါင်ကိုဝင်ခေါ်ဖို့ 854 စီးပြီး အလာ ဖြစ်လိုက်ပုံများ ကားကကြပ်ကြပ်နဲ့ ရန်ကုန်က ၁၀၅နဲ့မထူးဘူး။ ရထားစီးရအောင်ကလည်း စင်ကာပူ MRT တွေကလည်း သိတဲ့အတိုင်းပဲ။ ဒီလိုမျိုးနှိုင်း ပြန်တော့လည်း လွန်တယ်ဖြစ်ဦးမယ်။ ဒီမှာက ဒီလိုပဲ။ ဝဋ်လို့ပဲပြောရမလားပဲ။ ဒီလိုနဲ့ပဲ ဖိုးဂျယ် အိမ်ကို ရောက်ခဲ့ပါပြီ။ မွေးနေ့က ပျော်စရာလေးပါ။ ဘလော့လောကက လူတွေတော်တော်များများနဲ့ တွေ့ဆုံပြီး စကားပြောဖြစ်ကြတယ်။ ဂိမ်းတွေဆော့ကြ၊ ဖဲတွေရိုက်ကြ၊ အံစာတွေ လှိမ့်ကြနဲ့ပေါ့။ မွေးနေ့ပွဲမှာ Gtalk Video Chat လာသုံးနေတဲ့သူက ရှိသေးတယ်။ ဒီလောက်ဖြစ်နေတာ Hack ခံရမှမှတ်မယ်။ Heroesဇာတ်လမ်းတွဲတောင် ကြည့်ကြတယ်။ ဖဲရိုက်တော့ ကျောင်းတုန်းက ရိုက်ခဲ့တာလေးတွေတောင် သတိရမိသေးတယ်။

မွေးနေ့ပွဲမှာ အပေါင်းအသင်းတွေနဲ့ လေးလေးနက်နက်တွေ ပြောဖြစ်တယ်။ ကိုနေမင်းက ကျနော့ကို ဘဝမှာ ဘာဖြစ်ချင်လဲလို့ မေးတယ်။ အမေးရှိမှတော့ အဖြေရှိရတော့မပေါ့။ အတွင်းရေးတွေဖော်ထုတ်ပြီးပဲ ပြောရမလား။ ကျောင်းတုန်းကလည်း ဒီမေးခွန်းတွေ ဖြေခဲ့ဖူးတယ်။ ကျောင်းကဗျာတွေ မှာလည်း ထည့်ရေးဖူးတယ်။ အဖေ့ကို မလွမ်းပါဘူး ဆိုပြီး ကိုယ့်ကိုကိုယ် အမြဲတမ်း လိမ်ညာမိနေတာ မျိုးလည်းရှိတယ်။ မျက်ကန်းတစ်ယောက်လို စမ်းတဝါးဝါး ဖြတ်သန်းခဲ့ရဖူးတာလဲ ရှိတယ်။ သခင့်အလိုကျ နေပြရတာမျိုးကလည်း ခဏခဏ။ မြို့ပြတွေရဲ့ လှည့်စားမှုအောက်မှာ အဆိပ်ချိုတွေလည်း အများကြီးသောက်ခဲ့ပြီးပြီ။ ကိုယ့်ကိုကိုယ် ပျောက်ဆုံးသွားတာမျိုးတွေ ငုပ်လျှိုးပုန်းကွယ် နေရတာမျိုးတွေလည်း တပုံကြီး။ သြော်.....လူတွေ.....လူတွေ စဉ်းစားရင်းနဲ့ သူမေးတဲ့မေးခွန်းကို မဖြေနိုင်ခဲ့ဘူး။ ကိုယ်တိုင်ကပဲ ညံ့နေလို့လားမသိ။ ချမ်းရဲကိုမေးတယ်။ မတူးတူးကိုမေးတယ်။ အဖြေကထွက်မလာ။ နောက်ဆုံးတော့ ခိုးချလို့မရတဲ့ မေးခွန်းအတွက် အဖြေက ဗလာပဲရတယ်လေ။ ကျနော့သူငယ်ချင်း ဆေးကျောင်းသားတစ်ယောက် ပြောသလို ဘဝဆိုတာ မြွေနဲ့ ဖားလိုပဲတဲ့။ ကြီးတဲ့သူစား ဦးတဲ့သူဆော်ပဲတဲ့လေ။ ဆေးထိုးအပ်ကိုင်တဲ့ သူက တောင်အဲလိုပြောနေရင် ငွေမှငွေဖြစ်နေတဲ့ အတွင်းရေးမှူးမလေးတွေ ဝိုင်းနေတဲ့ စီးပွားရေးသမားတွေ ဆိုရင်တော့ ပြောစရာမရှိတော့။

အတွေးတွေ လွန်နေလိုက်ကြတာ ဗေဒင်ဟောနေကြတဲ့ မဆုမွန် နဲ့ ဂုဂုက စိတ်ပြေလက်ပျောက် ရုပ်ရှင် သွားကြည့်မယ်ပြောပါတယ်။ အစကတော့ ကာတွန်းကားကြည့်မလို့ပဲ အမှတ်တရပေါ့။ နောက်တော့ သီတင်းကျွတ်လောက်ကတည်းက ကြည့်မယ်ဆိုပြီး ခုထိမကြည့်ဖြစ်သေးတဲ့ “ကမ်းမရှိတဲ့ အနမ်း စေရာ ရင်ခွင်နွေး” လို့ အဓိပ္ပာယ်ရတဲ့ ကုလားကားပဲ ကြည့်ဖြစ်ပါတယ်။ ရုပ်ရှင်ရုံရောက်တော့ နောက်ကျနေပြီ။ ဖုတ်ဖတ်ခါပြီး ပြေးရသေးတယ်။ ကြည့်သာကြည့်တာပါ ဘာမှန်းကို မသိလိုက်ပါဘူး။ ဇာတ်လမ်းထဲမှာ ဗီလိန်က အသက်ပြင်းတယ်။ တော်တော် တန်ဖိုးကြီးတဲ့ ဗီလိန်ပဲ။ သေမလိုလိုဖြစ်ပြီးမသေတာ ၃ခါတောင်။ ပြတင်းပေါက်ပေါ်က ခုန်ချလည်းမသေ။ တောင်ပေါ်က ပြုတ်ကျလည်းမသေ။ ရုပ်ကလည်းဆိုးသေးတယ်။ ယမမင်းတောင် လက်ခံပါ့မလားမသိ။ သူ့ကြည့်ပြီး ညတောင်အိပ်ရဲ ပါ့မလားမသိ။ အိပ်မက်ထဲထိ ပါလာနေဦးမယ်။ သူက မင်းသမီးကို နှာဘူးကျတာဗျ။ မင်းသမီးရဲ့ အလှကတော့ ပြောမဆုံးအောင်ပဲ သူ့နာမည်က လိပ်ပြာလေး တဲ့။

ရုပ်ရှင်ပြီးတော့ တော်တော်မိုးချုပ်နေပြီ။ ရုံကအတွက် ဓာတ်လှေကားက ပိစိလေးဆိုတော့ Indiana Jones ဇာတ်ကားကြော်ငြာကြီးရဲ့ ဘေးကလှေကားကနေ လမ်းလျှောက်ပဲ ဆင်းလာခဲ့ရတယ်။ ဒီနေ့တစ်နေ့လုံး အတွေးတွေချာချာလည်လို့ လူလည်းပင်ပန်းပြီး အိပ်တော့မယ်ဗျာ။

ဗီလိန်
ရေးချင်ရာရေးပြီး လင့်ခ်များချိတ်လိုက်သည်။ လင့်ခ်မှားလျှင် သတိပေးပေးပါနော်။ ကျန်ခဲ့တဲ့မိတ်ဆွေများရှိရင်လည်း စောတီးပါဗျာ။ ပို့စ် (၁၀၀) ပြည့် အထိန်းအမှတ်လေးပါ။

16 comments:

sait phay yar said...

၂၂ ယောက်တောင်နော်
တော်ဒယ် ဘယ်သူသင်ပေးထားတာလည်း

ဖိုးဂျယ် said...

ဗီဗီရေ ညစ်ညစ်နဲ့ လင့်တွေဇွတ်ချိတ်
လိုက်တာလားကွ တော်တော်ကြာမယ်နော်။
ဒါလေးလဲ ငါ့မွေးနေ့အမှတ်တရပဲပေါ့ကွ
ကျေးဇူးကွာ သယ်ရင်း
မင်းရဲ့ သယ်ရင်း ဖိုးဂျယ်

megumi said...

တော်တော် ဉာဏ်ကောင်းတဲ့ ဗီလိန်။
ချီးကြူးတယ်အဟုတ်။ :P

ပို့စ်တစ်ရာပြည့်မှသည် မြောက်များစွာသော ပို့စ်တွေကို ရေးသားနိုင်၍ အောင်မြင်သော ဘလော့ဂါတစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်။

Dr Phyo Wai Kyaw said...

တယ်စိတ်ကူး ကောင်းဗျာ
လင့်တွေချိတ်ရမှာ မလွယ်ဘူး ပျင်းစရာကြီး။
မင်းသမီးရဲ့ အလှဆိုတာကတော့ဗျာ :P

s said...

ဖက်ကောင်းတယ်ဆိုပြီး ဖက်နေတာ နောက်ဆုံးကျတော့ နာ့ လည်း ပါတယ် ပိာ :P

Anonymous said...

တော်တော် တော်တဲ့ ကိုဗီလိန်ပဲ
အတွေးတွေကတော့ ဆန်းသစ်ပါ့
ရည်းစားပေးရင်ရော အဲ့သလို ပေးဖူးလား ပို့စ်ဖတ်ချင်တယ်...အစ်တာ အစ်တာ.ဟဟဟ
၁၀၀မြောက်ကနေ ၁၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀ အထိ ရေးနိုင်ပါစေသော်ဝ်

Anonymous said...

အဟား... ကိုဗီတို့ကတော့ မိုက်တယ်ဗျာ
စာေ၇းရင်းအားလုံးကို ဆွဲခေါ်သွားတယ်။
၁၀၀ပြည့်ပို့စ်အမှတ်တရမှာ အမှတ်တရရေးခဲ့တယ်ဗျို့

NangNyi said...

၁၀၀ တောင်ပြည့်ပြီလား.. မိုက်တယ်ဗျ..
တစ်ချိန်လုံး ညစ်နေကြလို့များ ပို့စ်ကောင်းကောင်းတွေ ထွက်တာလား.. စဉ်းစားစရာပဲ.. :P

သံလွင် HeRo said...

ကိုဗီဝေး...ကြားကြားချင်းအရောက်ပြေးလာပေမဲ့...ဒီနေ့
အိပ်ရာထနောက်ကျလို့ မန့်မန့်ပေးတာနောက်ကျသွားတယ်ဗျို့။
ကျနော့်နာမည်လေးပါလို့ မျက်နှာတောင်မသစ်ရသေးဝူး
မျက်စိပြူးသွားတယ်...ဆက်ဖတ်ကြည့်လိုက်တော့မှကိုဂျယ်မွေးနေ့သွားတဲ့ အကြောင်းကို ၁၀၀ပြည့်ပို့စ်အထိမ်းမှတ်ပါလားဂျ...
နောင်တော်ကြီး ၁၀၀ ပြည့်မှသည်နောင် ၁၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀ ၁ အနောက်က ဇီးရိုးပေါင်းမြောက်များစွာထိရေးနိုင်ပါစေကြောင်း...နေ့လည်ခင်းဆုမွန်ပါခင်ညား

ရွှေပြည်သူ (ShwePyiThu) said...

ပို့စ်(၁၀၀)မြောက်အတွက် တကယ်ကို ၀မ်းသာဂုဏ်ယူပါတယ် မောင်လေး ဗီလိန်ရေ။ ပို့စ်ရေးထားတဲ့ စိတ်ကူးကလည်း တကယ်ကောင်းသလို တော်တော်လည်း စဉ်းစားအကွက်ချရေးထားတယ်လို့ ထင်မိပါတယ်။ အစ်မကိုလည်း သတိတရ ထည့်ရေးထားတာ ဖတ်ရတော့ ပိုဝမ်းသာမိပါတယ်။ ပို့စ်(၁၀၀)ကနေ နောင်ပို့စ်ပေါင်းများစွာကို ပျော်ပျော်ရွှင်ရွှ့င်ဆက်ရေးနိုင်ပါစေ။

ခေါင်ခေါင် said...

Alt+Tag နဲ့ကြိုးစာထားတာ.. ပိုစ့် ၁၀၀ တောင် ရှိပြီ... တော်လိုက်တဲ့ ဗီဗီ... အကြော်ဘူး တောင်းထားဖို့မေ့သွားတယ် ဒီနေ့.. ငတ်ပါပြီ...

Yaminnie’s Daydream said...

ငါ့ အစ်ကိုကြီး ဗီဗီ ကြိုးစားပမ်းစား လင့်ခ်တွေချိတ်ပြီးရေးထားတာပဲ....
တော်တော် အလုပ်ရှုပ်သွားမှာပဲနော်...
post ၁၀၀ ပြည့် သွားတာကို ဂုဏ်ယူပါတယ် ... အစ်ကို
ဆက်ကြိုးစားသွားပါ... အားပေးနေမယ်...

Anonymous said...

ကိုဗီ .. တော်တယ်နော် .. ဦးနှောက်ကလည်း ဒါမျိုးဆိုထွက်တယ်ထင်တယ် .. ဟဲဟဲ ..
ကောင်းပါတယ် .. သိပ်သိပ်ကောင်း

တောင်ပေါ်သား said...

ကိုဗီကတော့ လုပ်နေတာ အရေးအသားကတော့ ချောမွတ်နေတာပဲ ဟဲဟဲ လူနာမည်ကတာ ဗီလိန် မပြောချင်ဘူး လေးစားတယ်ဗျို့

Anonymous said...

လင့်တွေလိုက်ကြည့်လိုက်တာ မူးသွားတယ် ရွာပြန်ပြီး ဘာမှာမလဲ လိန်လိန်း)

Anonymous said...

ကိုဗီလိန်ရေးတဲ့စာသားတွေကအရမ်းမိုက်တယ်။