ကဗျာထဲက ကဗျာတစ်ပုဒ်

ကိုနေမင်းရဲ့ သင်ဘာဖြစ်ချင်သနည်း ကဗျာလေးပါ။ ကြိုက်လွန်းလို့ တချိန်က ဒီနေရာ မှာ မျှဝေပေးခဲ့ပြီးပါပြီ။ တစ်ခေါက်လောက် လေးလေးနက်နက်လေး ဖတ်ကြည့်ပေးပါ။ တစ်ခေါက်မှ အဆင်မပြေသေးရင် နှစ်ခေါက်ပေါ့ဗျာ။ ကျနော်ကတော့ ဘယ်အချိန်ဖတ်ဖတ်ကို လေးလေးနက်နက် ခံစားနေမိတာ။

သင်ဘာဖြစ်ချင်သနည်း
ပူနေသည်။ အေးနေသည်။
အိပ်နေသည်။ ပြီးတော့ ထပြန်သည်။
နေ၀င်သွားပြီ။ ဟော.. ပြန်ထွက်လာပြန်ပြီ။
သတ္တလောကဆိုတာ အခန်းကြီး တစ်ခုလိုပဲ။
မနေနိုင်တဲ့ ရက်စက်မှုတွေ အချိန်တိုင်း ဆက်လက်ဖြစ်ပျက်နေ..
ဗီလိန် မင်းရေးတဲ့ စာသားတွေ မိုက်တယ်။
ဒါပေမယ့် ငါ Tag ဆိုတာ ဘာမှန်း ငါမသိ..
အချိန်ရရင် ရေးမယ်။ အိုး.. .. ..
နေ၀င်နေပြီ။ ငါ့စာကို ဖတ်ပြီး စိတ်မပျက်ကြပါနဲ့..။
မင်းသင်္ခ ရှီးသွားပြီ။ ကြီးမားသော ဆုံးရှုံးမှုတစ်ခု.. ..
မနေ့က ငါ အိပ်ရာထ နောက်ကျတယ်။
ဒီနေ့ ငါ တရေးပဲ အိပ်ရသေးတယ်။
ညက စွတ်စို ထိုင်းမှိုင်းနေတယ်။ မိုးသက်မုန်တိုင်းတွေကလည်း
အရာရာကို ကြည်စားနေတုန်း။ အေးစိမ့်တဲ့ လေငွေ့က
အချိန်နဲ့ အမျှ ရင်ဘတ်ထဲ တိုးဝင်နေတယ်။
အမ်.. နေ့တွေ ရက်တွေ လွဲကုန်ပြီ။
မင်း သိလား ဗီ။ ကျောင်းတုန်းက ငါ ဘယ်တော့မှ ပေါ်ပြူလာ မဖြစ်ခဲ့ဘူး။
ဒါပေမယ့် ငါ ဘာမှ မဖြစ်ခဲ့ဘူး။ ပြောရင်း ဆိုရင်း ငါ့ နှာဝမှာ
ချောင်းသာလေကို ရနံ့ ရပြန်ပြီ။ အုန်းရည်စိမ်လေး ငါ့ကို
ဘယ်သူ ၀ယ်တိုက်ခဲ့တာပါလိမ့်.. ပြန်စဉ်းစားတယ်..
အချိန်က ငါ့ကို မေ့လျော့စေတယ်။
သူငယ်ချင်းကောင်းတွေနဲ့ ဝေးရာမှာ ..
အဖြစ်အပျက်မှန် ရင်ဆိုင် ကျော်လွှားနေလျက်က
မင်းတို့ ကို အမြဲတမ်း သတိရနေခဲ့တာပါ..

ကျွန်ုပ် ဘာဖြစ်ချင်သနည်း။ ကျွန်ုပ် ဘာဖြစ်ချင်သနည်း။
ကျွန်ုပ် ဘာဖြစ်ချင်သနည်း။ ကျွန်ုပ် ဘာဖြစ်ချင်သနည်း။
ဘယ်သူမှ မသိပါ.. ကျွန်ုပ်ကိုယ် ကျွန်ုပ်လည်း မသိပါ..
ဘာကြောင့်ဆို လေနှင့် အချိန်က စိတ်ကို နေ့ည ပြောင်းလဲစေလို့.
လူတိုင်း ထင်နေကြတာတွေ မှားတယ်။
ခွဲခွာပြီးရင် ပြန်ဆုံရဖို့ မမျှော်လင့်ခဲ့ဘူးတဲ့.. သူငယ်ချင်း တစ်ယောက်က
အလယ်မှာ ပင်လယ်ခြားနေတယ် ဆိုရင် အဖြစ်အပျက်တွေက ၎င်းကို
ဖြတ်ကျော်နိုင်မှာ မဟုတ်ပါဘူး။

လေးကို လေးနဲ့ စားရင် ဘာဖြစ်သနည်း။
ဒါဆို လေကို လေနဲ့ စားလိုက်ရင်ရော ဘာဖြစ်မှာလဲ..
ငါကတော့ "ငါ"ကို "ငါ"နဲ့ ပဲ ပြန်ပြန်စားလေ့ရှိနေတယ်။
ဒီဆန်လွန်းမှုက နေ ရုန်းကန်ထွက်ပြေးကြရအောင်..
အပြောလွယ်တယ်။ အလုပ်ခက်တယ်။
အလုပ်လွယ်ရင်ကော အပြော ခက်သွားမလား..

နောက်ဆုံး အတိတ်စကားလုံး
ငယ်ရွယ်မှု။ ပျော်ရွှင်မှု။
ဖြုန်းတီးခြင်း။ မုန်းတီးခြင်း။
အဘိုးအို။ လူငယ်
ငါ။ နင်။

---
Life is too short...! တဲ့...........။ ဒါလေးက သူအမြဲလက်ကိုင်ထားတဲ့ ဆောင်ပုဒ်လေးပါ။ ဘဝဆိုတာကို ဖွင့်ဆိုပုံက တိုလွန်းပါတယ်တဲ့။ ဟုတ်ပါတယ်။ တိုတိုလေးပါ။
လွန်ခဲ့တဲ့ နှစ် ၂၀ ဆိုတာ သိပ်ကြာသွားပြီလား။ အမေ့ရင် ခွင်မှာတိုးလို့ ငါဟာလူတစ်ယောက်ပါလား ဆိုတဲ့ အသိတောင် မရှိသေးဘူး။
လွန်ခဲ့တဲ့ ၁၅ နှစ် ကကော သိပ်မထူးဘူး ဆော့ဖို့၊ စားဖို့၊ ကျောင်းတက်ဖို့လောက်ပဲ သိနေပြန်ရော။
ကဲ ၁၀ နှစ်ဗျာ။ ဖွန်ကြောင်တတ်တာလေးတစ်ခု တိုးလာရုံပဲ။ ဘာမှတော့ ထွေထွေထူးထူး မရှိသေးဘူး။ အပြစ်တွေပဲ တိုးလာတယ်။ မကောင်းမှုတွေ များလာတယ်။ ဒီလောက်ပဲ။
ထပ်လျှော့လိုက်မယ်ဗျာ ၅ နှစ်။ ကျောင်းတော်ကြီးနဲ့ ပျော်တယ်။ မိဘပိုက်ဆံဖြုန်းမယ်။ ဒီလောက်ပဲသိတယ်။
ကဲဗျာ။ ဒါဆို အခုကော။ အခုလား လူတကာရှာနိုင်တဲ့ ဝင်ငွေလေးတစ်ခုကလွဲရင် ဘာမှ(ဘာဆိုဘာမှ) မဟုတ်။ ပုံမှန်လည်ပတ်နေတဲ့ သာမာန်ကောင်လေး တစ်ယောက်ပဲလေ။

ရာစုနှစ်ရဲ့ လေးပုံတစ်ပုံနီးပါး လူ့ပြည်မှာ နေခဲ့ပြီးပြီ။ အချိန်တွေ ကုန်သွားပြီ။ ဘယ်လိုကုန်သွားလဲ။ ဘယ်လောက်မြန်သွားလဲ။ ဘာတွေပြီးခဲ့ပြီလဲ။ ပြန်မေးကြည့်တယ်။ “ဟိတ်ကောင် ဗီလိန်၊ မင်းဘာဖြစ်ချင်တာလဲ။ ဘာဖြစ်နေပြီလဲ။” ဘာဖြစ်ချင်မှန်းမသိသလို ဘာမှလည်းမဖြစ်သေးပါဘူး။ တချို့ကပြောတယ်။ ရည်ရွယ်ချက်မရှိဘူးတဲ့။ ထားလိုက်ပါတော့။ လူတိုင်းကိုယ်စီမှာရှိခဲ့ကြတဲ့ ရည်ရွယ်ချက်။ ကျနော့မှာလည်း ရှိခဲ့ဖူးတာပေါ့။ ရှိခဲ့ဖူးတာပေါ့ဆိုတော့။ အခု မရှိတော့ဘူးလား။ ပစ္စုပ္ပန်ကိုပဲ တည့်တည့်ရှုဖို့ ဗုဒ္ဓမြတ်စွာဟောခဲ့တယ်လေ။ ဟုတ်ပြီ။ ဒါဆိုရင် ပစ္စုပ္ပန်ကကောကောင်းနေပြီလား။ ဖရိုဖရဲပါပဲ။ နေစရာ အိမ်လေးတစ်လုံးတောင် အတည်တကျမဖြစ်သေးဘူး ၆လတော့ကုန်သွားပြီပေါ့။ ကဲကြည့် ပြောနေရင်းကနေ စက္ကန့်တွေဖွဲ့လို့ မိနစ်တွေကုန်နေတယ်။ သားသုံးယောက်ကို တပြိုင်တည်းချီခဲ့တဲ့ အဖေ့လက်တွေ အားအင်ခြောက်ခမ်းနေပြီ။ အမေ့အပြုံးတွေက ပါးရေတစ်ကြောင်းပြီး တစ်ကြောင်းတိုးလာပြီ။ ထပ်မေးမယ်။ “ဗီလိန်၊ မင်း ဘာလုပ်မှာလဲ။ ဘာလုပ်သင့်လဲ။” ဆွံ့အသွားတယ်။ ကျနော့မှာ အဖြေမှမရှိတာ....................။
Life is too short...! ဆိုတာကိုး။

ကဲ ကိုနေမင်းရေ။ ပင်လယ် ခြားနေသေးပေမယ့် အတွေးထဲက အုန်းရေစိမ်လေးနဲ့တင် လုံလောက်နေပါပြီကွာ။

ဗီလိန်

ကိုဂျူဝသန် နဲ့ ဖိုးဂျယ် ရေ့ ကျေနပ်ပါတယ်နော်။ ကိုဂျူဝသန်ပြောထားတဲ့ အချက်တွေအားလုံးကိုက်တယ်ဗျာ။ ဒီဇင်ဘာ ၈ရက်နေ့အတွင်း မပြီးတာတော့ခွင့်လွှတ်၊ ကြားမှာလည်း ဆားမချက်ဘူးနော်။ ဆားချက်နည်းရှာရုံလေးပဲ။ :) ပြီးတော့ မြန်မြန်ရွေးဗျာ။ ကျနော်အရွေးခံရရင် ဒီဇင်ဘာမှာ ဒုလ္လဘရဟန်းခံချင်လို့ ဖြစ်နိုင်ရင် လုပ်ပေးလေ။ ဖြစ်တယ်မလား။ ဖြစ်လိုက်ပါဗျာ။

9 comments:

Dr Phyo Wai Kyaw said...

ဟိုက်ချားဘား
အရေးအသားကတော့
ရှယ်ပဲ
တာယာမင်းဝေကျနေတာပဲ
အို... အသင်
တာယာမင်းဝေးဗီလိန် ငဲ့
အသင် ပုံမှန်လည်ပတ်နေတယ်ဆိုတာ ငါသိတယ်..
ဘလော့မလား...

"ဗီလိန် ဘာလုပ်မှာလဲ၊ ဘာလုပ်သင့်သလဲ ဆွံ့အသွားတယ်။Life is too short ဆိုတာကိုး။"
"နောက်ဆုံး အတိတ်စကားလုံး
ငယ်ရွယ်မှု။ ပျော်ရွှင်မှု။
ဖြုန်းတီးခြင်း။ မုန်းတီးခြင်း။
အဘိုးအို။ လူငယ်
ငါ။ နင်။"

ပေါက်ကွဲတဲ့ သံစဉ်တွေ ကောင်းတယ်..
ရောခ့်ဂီတ အရေးအသား..ကို
လေးစားတယ်။
ငါးပြန်မနှုတ်တော့ဘူး။
တာ့တာ။

Dr Phyo Wai Kyaw said...

အဲဟုတ်တား
ကိုနေမင်းရေးတာပဲ..
အောက်က ဟာတွေကတော့
အသင်ရေးတာတွေမလား
တွေ့ပုချိ တွေ့ပုချိ
မှားတဲ့ အခါလည်း မှားပေမပေါ့။

ခေါင်ခေါင် said...

ကိုဗီ... ဘာဖြစ်ချင်တာလဲ.. ဘာဖြစ်နေတာလဲ..
ကြိုက်လို့ပါ..တစ်ကယ် ..တစ်ပုဒ်လုံးကို.. အကုန်ကြိုက်တယ်..
ကိုဗီ အရွေးခံရပါစေ.. မခံရရင်လဲ ခေါင် ၀တ်ပေးမယ်..

ဂျူဝသန် said...

ကောင်း ဟေ့ ငဗီ..... ကြိုက်ပ... ကော်ပီတောင် ယူထားတယ်။ အချိန်မရွေး ထက်ဖတ်နို်င်အောင်လို့။ ရွေးဖို့ကတော့ မပြောနိုင်သေးဘူး ငါ့ကောင်။ စနစ်တကျ ရမ်းသမ်း မဲနှိုက်ရမှာ မင်းကံကောင်းရင်တော့ မင်းနာမည် နောက်ဆုံးမှာ ကျန် ခဲ့မှာပေါ့။ ကံမကောင်းတဲ့ သူ အနှိုက်ခံရမယ်လေ။ ဟုတ်စ။ အခုရက်တွေ ဦးခေါင်းယား တာမျိုးဖြစ်နေရင်တော့ ကြိမ်းသေပေါ့ကွာ။ ကတုံးရိပ် ဖို့ပြင်ထားပေတော့။

Yaminnie’s Daydream said...

အစ်ကိုဘာလုပ်သင့်လဲ ဆိုတော့...
ပစ္စုန်ပ္ပာန်မှာ ကောင်းအောင်နေ...
အနာဂတ်ကိုတွေးမကြောက်နဲ့...
အတိတ်ကိုလဲ နောင်တပြန်မရနဲ့...

သံလွင် HeRo said...

ကြိုက်တယ်.မိုက်တယ်.ထိတယ်.မိတယ်ဗျာ

Andy said...

လေးကို လေးနဲ့ စားရင် ဘာဖြစ်သနည်း။
ဒါဆို လေကို လေနဲ့ စားလိုက်ရင်ရော ဘာဖြစ်မှာလဲ..

အဲဒါလေးကြိုက်တယ်ဗျို့

Anonymous said...

အဟေးဟေး ... ဘာဖြစ်ချင်တာလဲ..........
ဖြစ်ချင်တာပြော...... ပြီးရင် လုပ်ချင်တာသာ
လုပ်ပစ်ဗျာ။
အရေးနဲ့အတွေးတော့ ခိုက်သဗျာ။

Anonymous said...

ကိုကြီးရေ....
အရမ်းကို မိုက်တယ်ဗျာ...
ကိုကြီးရဲ့ ရှေ့ဆက်ရမယ့်ဘ၀မှာ ကျွန်တော့်ကို
ဆရာကြီးတွေ ပြောထားတဲ့စကားလေးအတိုင်းနေပေါ့
'နေသလိုဖြစ်တဲ့ဘ၀မှာ ဖြစ်သလိုမနေပါနဲ့ 'တဲ့