သခင်

နှောင်ဖွဲ့သည့်ကြိုး
မေတ္တာမိုးလည်း
သည်းတော့မလို
ဆည်းတော့မလို
ပြိုချင်လျှင်လည်း
ပြိုချလိုက်လော့
ငိုချင်သော်လည်း
ငိုမရတော့
ဘ၀၀ဋ်ကြွေး
ဘယ်ရွေ့ဘယ်မျှ
ကျွတ်ရမည်နည်း
ဤစည်းတခြား
ဘယ်တော့များမှ
ကျော်ကြားထိုးဖောက်
ရောက်ရမည်ကို
သိလိုသော်လည်း
သင်ပဲအရှင်
သင်သခင်မို့
ကျွန်ပ်မ၀ံ့
ရွံ့နေပါ၏။
သြော်........
နတ်ဘုံနတ်ဖျား
စံစားသကဲ့
သင့်ရဲ့ဝင်းဝါ
ရွှေမျက်နှာတော်
အစဉ်ပျော်စေ
မျှော်ကာငေး၍
ပေးဆပ်ပါမည်
သခင် ထာဝရပျော်စေသော်...........။

ဗီလိန်

3 comments:

sait phay yar said...

ဗီးလူလည်ကြီးရေ.. တော်တယ် မချီးမွမ်းဘဲမနေနိုင်အောင်ပါဘဲ

Anonymous said...

ကောင်းတရ်.........
သခင်အနားထာဝရနေနိုင်ပါစေသော်...

:D

မိုးခါး said...

ဒါလည်း ရတယ်ပေါ့ .. ;)