နိုးထခြင်းမတိုင်မီ

ရင်မခုန်ဖူးတဲ့ နှလုံးသား
မချစ်ဖူးတဲ့ အချစ်
မမျှော်လင့်ဖူးတဲ့မျှော်လင့်ချက်
အားလုံးကိုပေါင်းစပ်
ယုံကြည်ချက်ကိုမွေး
နှင်းဆီလေးနဲ့ အဖော်ပြု
စကားစုတွေရဲ့ရင်ခုန်သံ
စည်းချက်မှန်မှန်ရိုက်
ဖွင့်ပြောလိုက်တော့..............

လက်တစ်ဖက်ကလေထဲရောက်
ငါ့မျက်နှာကတစ်ဖက်ရောက်
မင်းရဲ့အနောက်ဒူးထောက်ကာကျန်
အဖိုးတန်တဲ့လက်စွပ်
တောက်ပတဲ့နှုတ်ခမ်းနီ
လှပအောင်စီခြယ်ထားတဲ့
လက်ဖ၀ါးနုနုဒဏ်
ပြုသမျှခံခဲ့ရတဲ့ ပါးပြင်ထက်
ပုလဲစက်တွေခ
မိုးစက်တွေလဲကျ
မိုးစက်နဲ့မျက်ရည်ပုလဲ
ခွဲမရချိန်တခဏ..............

ခေါင်းရင်းကနှိုးစက်သံ
အချိန်တန်လို့ Duty ၀င်
ဟင်...... အိပ်မက်ပါလား............။

ဗီလိန်

3 comments:

ရွှေပြည်သူ (ShwePyiThu) said...

ကာရံလည်း ညီအောင် ဟာသလေးလည်း မြောက်အောင် ရေးထားတာ သဘောကျမိပါတယ်။ ကဗျာကောင်းတွေ နောက်ထပ် အများကြီးရေးနိုင်ပါစေ...

ပုံ့မေ said...

kg thar b'.....bal so lo. lay.......htin tg ma htin mi bu........:D......(sa dar) kg dal .......sat lote y' baw........sayar a maint pay lite p..... :P

Unknown said...
This comment has been removed by a blog administrator.