ဗီလိန်တို့၏ အဆိုအမိန့်များ

၁။ "လွယ်သလား ခက်သလား ရာမ။ ရာမ လွယ်သလား ခက်သလား ပြောစမ်းငါ့ကို။ အေးဒီမှာ ဗိုလ်လုပ်ချင်တဲ့ကောင် ဆိုတာ ဒီလိုပစ်နိုင်မှ ဗိုလ်လုပ်လို့ရတာကွ"

၂။ "ဒါပေမယ့် သီတာဒေဝီ၊ ဟောဒီ လက်နက်တွေ ချိတ်ဆွဲထားတဲ့ ဝတ်ရုံအောက်က ကိုယ်တွင်းမှာ မင်းကို ချစ်မြတ်နိုးတဲ့ နှလုံးသည်းပွတ် ရှိနေတယ်ဆိုတာ မင်းနားလည်လိုက်ပါ၊ မင်းနားလည်လိုက်ပါ။"

၃။ "ဘယ်နှယ့်လဲ စောလူးကိုယ်တော်ရဲ့ သင့်ရဲ့ ဘုန်းသဘာကို ယှဉ်နိုင်ရင်ယှဉ်ဆို။ ဟားဟားဟားဟားဟားဟား။ ခုတော့ ဘယ်နှယ့်ရှိစ။ စစ်ပရိယာယ်ကိုမှ နားမလည်ပဲ တိုင်းပြည်ကို ဘယ်လိုအုပ်ချုပ်မတုန်း။"

၎။ "ရဲဘော်တို့ ကိုယ့်တာဝန် ကိုယ်ယူဖို့ ပြင်ဆင်ဆုံးဖြတ်ထားတဲ့ သူတွေကိုသာ ဘုရားသခင်က ကူညီလိမ့်မယ်။"
"ရဲဘော်တို့ ကိုယ့်အတွက်သာ ကိုယ်လုပ်ပါ။ ဒါဆိုရင် ဘုရားသခင်က မင်းဘက်မှာရှိလိမ့်မယ်။"
"ရဲဘော်တို့ လွတ်လပ်ခြင်းမှာ လက်နက်တွေ မရှိရင် ဆန္ဒအားနဲ့ လဲရလိမ့်မယ်။"
"God helps only those who are prepared and determined to help themselves."
"Help yourself, then God will also help you!"
"If freedom is short of weapons, we must compensate with willpower."

၅။ "ဘာမဟုတ်တဲ့ အီရတ်ကျေးတောသားက လျှင်မြန် ထက်မြက်ပါတယ် ဆိုတဲ့ အမေရိကန်ကို လက်နက်အိုကြီးနဲ့ ပစ်ချခဲ့တာ မှတ်မိစမ်းပါ"
"ငါ့ကို ကြိုးပေးမယ် ဆိုရင် ငါ့ကြိုး ငါယူခဲ့မယ်။"
"Remember the valiant Iraqi peasant and how he shot down an American Apache with an old weapon."

၆။ "ငါတို့ ဒီတိုက်ပွဲကို ဆက်တိုက်မယ်။ အောင်ပွဲခံတဲ့အထိ ဒါမှမဟုတ် ငါတို့ အလ္လာရှင်မြတ်နဲ့ တွေ့တဲ့အထိ။"
We will work to continue this battle, until victory or until we meet God.

၇။ "လူကောင်းလူဆိုး ဆိုတာမရှိဘူး။ စွမ်းအား ဆိုတာပဲရှိတယ်။"
"There is no good and evil, there is only power."

၈။ "လောကကြီးက ငါ့ကိုသစ္စာမဖောက်ခင် ငါကအရင်လောကကြီးကို သစ္စာဖောက်မယ်"

၉။ "နတ်တကာတို့ထက် မြတ်တော်မူထသော၊ လူ-နတ်-ဗြဟ္မာ သတ္တ၀ါအပေါင်းကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော၊ သဗ္ဗညုတဥာဏ်တော်နှင့် ပြည့်စုံတော်မူသော၊ အရာမကသော ကုသိုလ်တော်တို့ကြောင့် ဘုန်းလက္ခဏာနှင့် ပြည့်စုံတော်မူထသော၊ လောကတွင် အမြတ်ဆုံးဖြစ်တော်မူသော ထိုမြတ်စွာဘုရားကို အကျွန်ုပ်သည် ဤအရိုးတို့ဖြင့်လည်းကောင်း၊ ဤကျန်ရှိနေသေးသော အသက်တို့ဖြင့်လည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ "

ဘယ်သူတွေ ပြောခဲ့တဲ့စကားတွေလဲဆိုတာ ကော်မန့်မှာ ရေးခဲ့နိုင်ပါတယ်။ :)

ဗီလိန် စုစည်းတင်ပြပါသည်။
ဘာသာပြန်မှုများ လွဲနေလျှင် မပြည့်ဝမှုအတွက် ခွင့်လွှတ်ပေးပါ။

24 comments:

JulyDream said...

သိသလိုလိုနဲ့ မသိဘူး...

အဲဒီတော့ မသိဘူးလို့ပဲ ရေးခဲ့မယ်။

Nyi Maung said...

ပထမက ဗိုအောင်ဒင်
ဒုတိယက ဒဿဂီရိ
ငရန်မန်ကန်း
ကျန်တဲ့အထဲက
အီရတ် နဲ့ အလ္လာ ပါတော့ မူဆလင်ပြောတာဖြစ်ရမယ်

Anonymous said...

အရင်က သူများပြောတာ

အခု အားလုံးကို ကိုဗီလိန်ပြောတာ

မှန်ပြီကွ

Htoo Aung Lwin said...

ဟားဟားဟား
အဲ့ဒါတွေအားလုံး ပါးစပ်ကြီးက ပြောခဲ့တာကွ
ငါအမှန်ဆုံး................
ပလို့ဂျိ...........။

မျောက်မ said...

အဲ့တာတွေသင်တဲ့နေ့က ငါကျောင်းပြေးတယ် ဆြာမကိုပြန်မေးလိုက်အုံးမယ် ။

Anonymous said...

ဘယ်သူပဲပြောပြော မှန်ကန်တာကို လက်ခံပြီး
မမှန်တာတော့ လက်မခံပါဘူးဗျို့။
အလာကယ်ပါ အပြန်ကယ်ပါ ကိုယုံကြည့်တဲ့သူတွေ စကားတော့ လုံးဝလက်မခံပါ.. ဟီ... ကိုဗီရေ ဒီစာကို ဖတ်ပြီးဖက်ေလိုက်ပါဗျာ တော်ကြာ ခေါင်းလာဖြတ်နေမှာစိုးလို့ ဟိဟိ

ဖိုးဂျယ် said...

မသိဘူး ဗျာ သေချာတာ ကတော့ တရောက်က တယောက်ကို ပြောနေတား)

ဗန်ပိုင်းယား said...

လွယ်သလား ခက်သလား ရာမ ကတော့ ကောလိပ်ဂျင်နေ၀င်း ပြောတာလေ. .. ဗိုလ်အောင်ဒင် ကက်ဆက်ခွေ ဇာတ်လမ်းမှာ .. ဟိ .. ringtone လုပ်ထားတယ် ယူမလား ..

Anonymous said...

ကျနော်လည်း အပေါ်က ကိုညီမောင် ပြောသွားသလောက်နီးပါးပဲ သိတယ် ။ နောက်ဆုံး တခုကတော့ ဒေဝဒတ် ... ။
ဗီလိန်ကို ဘယ်လို အနက်ဖွင့်သလဲဗျ ။ ကိုဗီလိန် သဘောအကျဆုံး ဗီလိန်က ဘယ်သူများ ဖြစ်မလဲ ပြောပြပေးပါဦး ။ ရုပ်ရှင်ဇာတ်ကားတွေထဲက ဗီလိန်တွေ အပါအဝင်ပေါ့လေ ။ ဥပမာ ..ကျနော်ဆို face/off ထဲက ဗီလိန် ကို သဘောကျတယ် ။ ၂ ယောက်စလုံးက မင်းသားတခြမ်း ဗီလိန်တခြမ်းသရုပ်ဆောင်တာ ။ တော်တော်လေး ကြိုက်မိတဲ့ ဇာတ်ကားပါပဲ ။
ခု ဗီလိန်စကားတွေစုစည်းပေးတာ ကျေးဇူးဗျာ ။ ကျန်တဲ့ စကားတွေကိုလည်း အကြောင်းနောက်ခံလေးတွေနဲ့ ဘယ်ဗီလိန်တွေက ပြောခဲ့သလဲ ဆိုတာ ရေးပေးပါဦး ။

လင်းဒီပ said...

လာဖတ်သွားပါတယ်...။

sait phay yar said...

ဟစ်တလာ

ဖိုးသင်္ကြန် said...

ဗိုလ်အောင်ဒင်
ဒဿဂီရိ
စောလူးမင်း
....
....
နောက်ဆုံးတစ်ယောက်က
ဒေဝဒတ်လေ
ဟုတ်တယ်ဟုတ်

ရွှန်းမီ said...

ဗိုလ်အောင်ဒင်
ဒဿဂီရိ
ငရမန်ကန်း
ဟစ်တလာ
ကျန်တာမသိ
မသိ
မသိ
(လောကကြီးက ငါ့ကိုသစ္စာမဖောက်ခင် ငါကအရင်လောကကြီးကို သစ္စာဖောက်မယ်) ဒါကို ပြောတာကတော့ ကိုဗီလိန်ပဲ ထင်ပါတယ်..
နောက်ဆုံးက ဒေ၀ဒတ်

ရွှန်းမီ said...

မသိတဲ့ ၃ ယောက် ဖြစ်နိုင်ချေ ရှိသူများ . ..
ဘင်လာဒင် .. ဆဒမ်ဟူစိန် .. ပြောင်ရမ်း

ရွှန်းမီ said...

google ကူညီတော့ သိသလောက် သိသွားတယ်..

ဗိုလ်အောင်ဒင် (သိတာ)
ဒဿဂီရိ (သိတာ)
ငရမန်ကန်း (သိတာ)
ဘန်းဂျမင်း ဖရန်ကလင် (google ပြောတာ)
ဆဒမ်ဟူစိန် (google ပြောတာ)
ဘင်လာဒင် (google ပြောတာ)
ဂျေကေ ရောလင်း (google ပြောတာ)
ကိုဗီလိန် (ထင်တာ)
ဒေ၀ဒတ် (သိတာ)

နာမည်ကြီးတချို့  မပါဘူးကိုး ..

ဗီလိန် said...

ကို Anonymous မေးတဲ့ ဗီလိန်ကို ဘယ်လို အဓိပ္ပာယ်သတ်မှတ်သလဲ ဆိုတာကို ကျနော် ပို့စ်တစ်ခု ရေးနိုင်အောင် ကြိုးစားပါမယ်။

ဗီလိန် said...

အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။ မရွှမ်းမီကိုလည်း တကူးတက ရှာဖွေပြီး အဖြေရှာပေးလို့ ကျေးဇူးတင်ပါတယ်။

ဗိုလ်အောင်ဒင်
ဒဿဂီရိ
ငရမန်ကန်း
ဟစ်တလာ
ဆဒမ်ဟူစိန်
ဘင်လာဒင်
ဗော်လ်ဒီမော့တ် Voldemort (ဂျေကေ ရောလင်း ဆိုတာကတော့ စာရေးဆရာမပါ။ ဒီဗီလိန်ကို ဖန်တီးသူပေါ့။)
ချောင်ချောက် (Cao Cao) (ကျနော်မဟုတ်ပါဘူး :) )
ဒေ၀ဒတ်

ဗီလိန် said...

ကို Anonymous ရေ့။
မင်းသားနေရာရော ဗီလိန်နေရာပါ သရုပ်ဆောင်တဲ့ အပိုင်းမှာဆိုရင်တော့ Pirate of the Caribbean ကို အနှစ်သက်ဆုံးပဲဗျ။ ဇာတ်ကောင်တိုင်းက မင်းသားဖြစ်သလို ဗီလိန်လည်း ဖြစ်နေတယ်။ လူ့သဘာဝ၊ လူ့အတ္တ၊ လူ့အကြောင်းကို ထင်ပေါ်စေတယ်။ လည်သူစားကြေးပဲ။ အလျော်အစားကတော့ ကြီးတယ်။ မိတ်ဆွေအပေါ်သစ္စာရှိတဲ့အခါ ကျတော့လည်း အသက်စွန့်ပြီးကယ်တယ်။ တခါတလေကျပြန်တော့ မိတ်ဆွေအချင်းချင်း ထိုးကျွေးသင့်တာ ထိုးကျွေးတယ်။ ဘုရင် ဖမ်းဖို့ ဘုရင်မ ထိုးကျွေးတဲ့သဘောပဲ။ သိပ်ကို အနှစ်သာရ ပြည့်ဝတဲ့ ဇာတ်ကောင်တွေပါ။ နောက်ဆက်တွဲကိုလည်း မျှော်နေပါတယ်။ နောက်ထပ် ကြိုက်တာတွေကတော့ Sylar (Heroes) နဲ့ Lord Voldemort (Harry Potter) ပါ။ :)

အောင်ဒီကန် said...

ကျွန်တော်တော့မဖြေတော့ပါဘူးဗျာ... ဟဲဟဲဟဲ

ShwunMi- said...

ဝင်ဆော့ခွင့်ပေးတာ ကျေးဇူးတင်တယ်... ပျင်းနေလို့..

နန်းညီ said...

“လိမ်ရင်ကြီးကြီးမားမားလိမ်ပါ” ကျတော့မပါတော့ဘူးပေါ့လေ

ရွှေပြည်သူ (ShwePyiThu) said...

ဖြေကြည့်မလို့ပဲ... ရွှန်းမီလေး ဖြေထားတာတွေက ပြည့်စုံနေတော့ သူ့ဆီက ခိုးကြည့်ပြီး ထပ်မဖြေတော့ပါဘူးး)) လိန်လိန်လို့ လူတွေခေါ်တဲ့ ဗီလိန်ရဲ့ အဆိုအမိန့်လေးလည်း တင်ပါဦးး)

နေ့အိပ်မက် said...

ကိုဗီလိန်ကြီး ဗီလိန်အရူးထနေတာကိုး...

Unknown said...

ဗိုလ်အောင်ဒင်
ဒသာဂီရိ
ငရန်မကန်း
ဟစ်တလာ
ဆာဒမ်ဟူစိမ်
ဘင်လာဒင်
VoldemorT
ဒေ၀ဒက်
Cao Cao