လူ

လူအပေါ် လူတွေဆင့်
လူအမြင့် တက်ခွချင်
လူလူချင်း ဂုဏ်ရယ်နှိမ်
လူ့ဆရာမော် တော်ပေလှတဲ့လား
လူတကာကြား လူစွာစွာလုပ်တာပ
လူ့ဘူဇွာ လူ့အရာမတန်ပါဘု
လူ့ဘာသာ လူပြန်ကြည့်ပါဦး
ပညာလေး ၃ ရက်လောက်သင်
ဆရာလေး ၃ နှစ်လောက်စားမလို့လား
ပြည့်သောအိုး ဘောင်မခတ်
ကိုယ့်အတတ်သာ ကိုယ်ပြည့်အောင်ဖတ်
ငါ့အတ္တနဲ့သာ ငါဒယ်အိုးကပ်
ငရဲကဆီ ချွန်ပါလှဆူးသံကြိုး
ထိုးချင်လည်း ထိုးလေရော့
ပူရင်လည်း ပူစေတော့
ပုတုဇဉ် ငါလိုလူသား
အမှားတွေလည်း တယ်များသကိုး.......။

ဗီလိန်

11 comments:

Anonymous said...

ပုတုဇဉ်ဆိုပြီးတော့ကို မှားသေးတာကိုး အိမ်း....

မောင်မျိုး said...

လ ရေ့ နှစ်ချောင်းဝင် လူ

၂ ချောင်းပဲဝင်နော် ၃ ချောင်းဝင်ရင် နင်ကွိနေလိမ့်မယ် ဟဟားးး

တောင်ပေါ်သား said...

ပုထုဇဉ်မို့ များပေမှာပေါ့ ကိုဗီလိန်...


လေးစားလျက်
တောင်ပေါ်သား

Anonymous said...

ဟင့် အင်း (၃) နှစ် နည်း တာ ပေါ့ ။ တစ် သက်လုံး လုပ် စား နေတာ လေ။ အမြင့် တက် ချင် တစ် ခု ခု အကူ အညီ ယူ ရ တဲ့ သဘာဝ ရှိ ပြီး သား ပါ။ သိပ် အဆိုး ကြီး မဟုတ် ရင် ခွင့် လွှတ် လိုက် ပါ။ သေချာ တွေး ကြည့် တော့ လည်း ဆား ချက် နေ သလို ပဲ ။ မြန် မြန် အတွေး သစ် တွေ ပေါ် လာ ပါစေ လို့ ဆု တောင်း ပေး ပါတယ်။

ဖိုးဂျယ် said...

လူဆိုတာ လူလိုပဲ တွေးတယ်ဟ

Anonymous said...

အဲဒါလူလို့ခေါ်သည်........။ လူမှန်ရင် အမှားမကင်းဘူးဗျီု့

Andy said...

တေးထပ်အဖွဲ့မျိုးထင်တယ်..

နေ့အိပ်မက် said...

ဖြစ်ရမယ်..... ဘယ်သူ့ကို ဘာတွေဖြစ်လာပြန်ပြီလဲမသိ... ရေးလိုက်အရင် အတုံးလိုက်အတစ်လိုက်ချည်းပဲ....

ဗန်ပိုင်းယား said...

လူ့ . . လူ ... လူး ....

Unknown said...

ကြိုက်တယ်ဗျာ....အတွေးလည်းကောင်းတယ်၊ အရေးလည်းကောင်းတယ်။

အကောင်းမြင် ငပွ said...

ပုထုစဉ် မှာ လည်း နှစ်မျိုးရှိတယ်လေ ခုရေးတဲ့ ပုထုစဉ်ကတော့ ကိုယ့်ပတ်ဝန်းကျင်က ဗီလိန်ရဲ့ ပုထုစဉ် ပေါ့ ပုထုစဉ်ဆိုကတည်းက ရေးတဲ့သူရော ဖတ်တဲ့သူတွေရောပါတာပေါ့ ဒါဆို ကျွန်တော်တို့ အားလုံး အဲလို လုပ်ကြလား လို့