မြေခွေး

မမိုက်ရိုင်းတတ်ပါဘူး။
ကောက်ကျစ်စွာ ယုတ်မာတတ်ရုံပါ။
မြေခွေးတော့ မြေခွေးပဲ
ဒါပေမယ့် ဘို့နဲ့
ဘို့တောင်မှ တစ်လုံးတည်းရှိပြီး
လိပ်လို ယက်တတ်တဲ့မြေခွေး။

သိပ်လည်း မကြောက်ကြပါနဲ့
ခင်ဗျားတို့ လူတွေလောက်တော့ ဆိုးမယ်မထင်ပါဘူး။

ဗီလိန်

19 comments:

ရွှေပြည်သူ (ShwePyiThu) said...

မှန်တယ် လိန်လိန်ရေ့... လူတွေက အဆိုးဆုံး။ အသိဥာဏ်ရှိလေ ရက်စက်တတ်လေ ထင်ပါရဲ့...

sait phay yar said...

ဘယ်ကိုသွားပြီး ဘာလို့မခေါ်တာလည်းဟင်....
သေချာအောင်လုပ်........

တလနွန် said...

မှန်လိုက်တဲ့ ကဗျာလေး။ တွေးတတ်ရေးတတ် လိုက်တာဗျာ။

ခင်မင်ခြင်းနှင့်
တလနွန်

မင်းအိမ်ဖြူ said...

"မမိုက်ရိုင်းတတ်ပါဘူး။
ကောက်ကျစ်စွာ ယုတ်မာတတ်ရုံပါ။"

ယဉ်ကျေးစွာ အပြုံးတုတစ်ခုနဲ့
ရှေ့တွင်တော့ ကူညီတက်သူ
ကွယ်ရာ မှာ အသေတိုက်တက်သူ တဲ့

မြန်မာစကားတစ်ခုလေ " ပြုံးနေရင် သတိထားပါတဲ့ "
အပြောချိုချို ၊ အမူအရာပိုပိုလေးတွေ နဲ့
ကွယ်ရာမှာ စကားအတင်းဆိုတာ ပြန်ကြားရတဲ့အခါ
မောက်မာရိုင်းစိုင်းစွာနဲ့ ခပ်ကြမ်းကြမ်း ပြိုင်ဆိုင်တိုက် ခိုက် တက်သူထက် ပိုလန့်မိတယ် .......

ဘာရယ်ဟုတ်ပါဘူး ရေးထားတာလေးဖတ်ပြီး စဉ်းစား ဖြစ်သွားတာ ရယ် ကြားဖူးထားတာလေးတွေရယ် ပေါင်း ပြီးမန့်လိုက်တာ

ဗီလိန် said...

ကောင်းလိုက်တာ ကိုမင်းအိမ်ဖြူရယ်။ သိနေသလိုပဲနော်။ အမှန်ပဲ။ အတင်းတွေ ပြန်ကြားရတဲ့ အချိန်မှာ ခံစားရတဲ့ ခံစားချက်။ မနာလို မုန်းတီးသူတွေ ရဲ့ ရင်ဘတ်ကို ထိမိသွားတဲ့ အခါ။ ကျနော်က တော့ ပြုံးပြုံးလေးနဲ့ ပစ်တိုင်းထောင် လိုပဲနေတယ်။ ဘယ်သူ တွန်းတွန်း မလဲဘူးလေ။ :)

မေဇင် said...

လူတွေ က အဲ့လို ကြောက်စရာ ကောင်းလား ဟင်...။ လူတိုင်းတော့ ဟုတ်မယ် မထင်ဘူး နော်..။ ဒါပေမယ့် အဲ့လို ကြုံ လာရင် ကိုဗီလိန်လိုပဲ ပြုံးပြုံးလေး နဲ့ ပစ်တိုင်းထောင် လို နေတတ်အောင် ကြီုးစားရဦးမယ်...။း)

တေလေ said...

အိခ်ျ

Dream said...

ခံစားချက်တွေ ပေါက်ကွဲနေတယ်နဲ့ တူတယ် ဘီဘီ..

ကဗျားလေး မိုက်တယ်...:D

နန်းညီ said...

မီးကတော့ ချစ်စရာကောင်းတဲ့ မြေခွေးပဲ..

သီဟသစ် said...

ဗီဇာနည်ရေ

အဲဒီအကောင်ကို ဘယ်လို ခေါ်ရမလဲဟ
မြေခွေး ဘို့နဲ့ လိပ်လိုယက် စုံနေတာပဲ :)

ခင်မင်စွာဖြင့်
သီဟသစ်

လင်းဒီပ said...

ဒါဆို ကိုယ့် ဝံပုလွေမလေးနဲ့ ပေးတွေ့မယ်။

ဖိုးသင်္ကြန် said...

လန်းလှချည်လား
အနှိုင်းခံရတာတောင် တော်တော်အောင့်သွားတယ်။
လုပ်လိုက်ဟ။

Anonymous said...

ကြောက်စရာကြီးပါလားဗျာ...။

မောင်ဖားကြီး said...

ကိုဗီလိန် စိတ်တွေ ပေါက်နေတယ်ပေါ့... လျှော့လျှော့ ကိုယ့်လူရေ.. မြေခွေးဖြစ်ရတဲ့အထဲ လိပ်လိုယက်တတ်တဲ့ ကောင်တွေကို ရှောင်ဗျို့

နဒီမိုးညို said...

ကျွန်တော်လို မြေခွေး
ဘို့ တစ်လုံးနဲ့  လိပ်လိုကောင်
မြေခွေးဘဝ အတင်းမရှိ
အဖျင်းမရှိ ကောက်ကျစ်တတ်တာ
ဝန်ခံ၏..
တစ်ခို့ လူသားမာယာတစ်သိန်း အပလိန်း
နောက်ကျောကနေ ဓားနဲ့ ထိုး
စပျွတ်သီးချဉ်တာ
ဝန်ခံလိုက်...။

ိုကိုမင်းအိမ်ဖြူ လိုပဲ..တွေးမိတာလေးကို
မန့် လိုက်တာပါ

ဗီလိန် said...

ကိုနဒီမိုးညို ကျေးဇူးပါဗျာ။
ကဗျာလေးတွေ စပ်ပေးတာ အားလုံးကိုကျေးဇူးပါဗျာ။

သုခုမလေဒီ said...

ဗီဗီရေ .. ကောင်းလိုက်တဲ့ ကဗျာ။ အတော်ထိတယ်။ တစ်ခါတစ်လေ စိတ်ကုန်မိတယ်။ (တကယ်)

khin oo may said...

နားထောင်ရတာတောင်ကြောက်မိတယ။်

မသက်ဇင် said...

ဗီလိန်လေး
ကဗျာကောင်းတယ်
ခင်မင်လျက်