ရှက်ကြည့်

နင်မရှိ
နင်မသိ
နတ္ထိတန်ကို
အရှက်မရှိဖန်
နင့်မျက်စိပြန်ကြည့်
နင့်မျက်ချေးရယ်မစင်
တက်စင်စင်ရှက်ဖွယ်ငုတ်တိ

ဗီလိန်

9 comments:

တလနွန် said...

ကဗျာလေးက တိုတိုလေးနှင့် ထိထိမိမိရှိတယ်ဗျာ။
ဒီလိုလူတွေ အများကြီးပါပဲ။

ခင်မင်ခြင်းနှင့်
တလနွန်

မင်းအိမ်ဖြူ said...

အင်း ....

နွေးနေခြည် said...

ကောင်း၏

Unknown said...

စောင့်လိုက်ရတာ... အသစ်တစ်ပုဒ် ဘယ်တော့ တင်မလဲ လို့..ခု အသစ်ရောက်ပြီဆိုပြီး ၀မ်းသာအားရ ၀င်ကြည့်လိုက်တာ..ကဗျာလေး ကကောင်းတော့ကောင်းပါတယ်..ဒါပေမယ့် ၀တ္တုလေးတွေ ဖတ်ချင်တယ်...ကိုဗီလိန် ရေးတာ အရမ်း ကြိုက်တယ်...တစ်ခါထဲနဲ့ အရင်က ရေးထားသမျှတွေ အကုန်ဖတ်လိုက်တယ်..။ ပြီးတော့ copy ကူးပြီးတော့ FW မေလ်းပို့တယ်..ကိုဗီလိန်ရဲ့ နာမည်နဲ့ link လေးပါ ထည့်ပို့တယ်..သူငယ်ချင်းတွေက ကြိုက်လို့တဲ့...။ ၀တ္တုလေးတွေ ရေးပါဦး..။ စောင့်နေတယ်နော်...

sait phay yar said...

ဘီလိုလည်းဗီး ...
အင်း..........

မေကဆုန် said...

အဟား
မှန်လိုက်တဲ့ ကဗျာ
တိုတိုလေးနဲ့ ထိရောက်ပါတယ်

သံလွင် HeRo said...

ရက်စက်ပါ့ကိုဗီရာ။

မသက်ဇင် said...

ကဗျာလေးက တိုတိုနဲ့ကောင်းတယ်
ပျော်ရွှင်ပါစေ

Anonymous said...

မှန်၏