ကိုရပ်ကွက်

ငါ့ရင်ဘတ်တွေ တိမ်တောက်နေတော့
ငိုရမလို ရယ်ရမလို
တော်ပါပြီကွာ..........
လှသူကတော့ လှနေမှာပဲ
မုန်းသူကလည်း မုန်းနေမှာပဲ
တော်သူကလည်း တော်နေမှာပဲ
မနာလိုသူကလည်း မနာလိုနေမှာပဲ
မဇ္ဇိမ........
ရင်ထဲလှိုက်စား အဲဒီ့မြှားလည်း
စူးချင်လည်းစူး နှုတ်ချင်လည်းနှုတ်
ကြိုးကြိုးကုတ်ကုတ် စုတ်စုတ်ချာချာ
ရင်တွေလည်း ကွဲတော့မယ်
သင်လည်း မွဲတော့မယ်
တော်ပါပေတယ် ကိုယ့်လူ
တွန်းတိုင်း လဲသလား
လှဲတိုင်းရော ပြိုသလား
ငိုမနေနဲ့ ငါ့ရင်ထဲမှာတော့
မေတ္တာ.......
ရွာထိပ်က ရေမြွေ
ရွာဆုံးမှာ နဂါးကြီး
သွားတဖြီးဖြီးနဲ့ မာန်ဖီ
သွားကြည့်မယ် ဟန်ချီ
သြော်..... စပ်စုစိန်
ထမင်းချက်သွားဦး
ကိုယ့်ဆန်နဲ့ကိုယ်ပေါ့
ရိုးရာလေးလည်း မပျက်ရအောင်
ရွာတကာလှည့်
မင်းအကြောင်း စိုင်းစိုင်းက သီချင်းဆို
ခင်လေးဆွေက သရုပ်ဆောင်
တွေးမှားလောက်ပါတယ်
လေးစားလောက်ပါပေ့ ကိုရပ်ကွက်ရယ်။
ရှူး............ တိုးတိုးနေ
သွား............ ဝေးဝေးနေ
ငါ့မှာက HIV နဲ့
အသက်မရှူနဲ့ Mask အုပ်ထား
ဖြစ်နိုင်ရင် ငါ့အဝေးမှာနေကြပါ
သေရင်တော့ ငါ့အတ္တလေးကို ခေါ်သွားချင်တယ်
တက်ဒါ................

ဗီလိန်

15 comments:

မေဇင် said...

ဟိဟိ ... HIV ရှိလဲ... mask အုပ်စရာ မလိုပါဘူး..ပြီးတော့ အိမ်လာလည်ရုံ နဲ့ မကူးတတ်ပါဘူး...။ ကိုရပ်ကွက် တဲ့ .. ရပ်ကွက် ထဲမှာ လူတွေက ဒီလိုပဲ...း)။

နန်းညီ said...

ဖြစ်နိုင်ရင် ငါ့အဝေးမှာနေကြပါ
သေရင်တော့ ငါ့အတ္တလေးကို ခေါ်သွားချင်တယ် ဆိုပဲ
ရပ်ကွက်ကလည်း အတ္တရှိလား

Anonymous said...

ကိုယ့်ဆရာ ပေါက်ကွဲနေပြန်ပါပကောလား။ စိတ်ထဲ မထားပါနဲ့ဗျာ... အကောင်းဘက်က မြင်လိုက်စမ်းပါဗျ..။ ကိုယ့်အတွက် အဲလို အပြိုင် အဆိုင်လေးရှိတော့ ကိုယ့်ဘဝ တက်လမ်းအတွက် လှေးခါးတောင် ဖြစ်သေးတယ် မဟုတ်ဘူးလား။ အပြိုင်အဆိုင် မရှိရင် ဘယ်မှာလာပြီး ဘဝတက်လမ်း ရှိမှာလဲ ဟုတ်ဘူးလားဗျာ...။

နဒီမိုးညို said...

ကဗျာလေးက..မိုက်တယ်..
များများရေးနော်..အားပေးနေတယ်.

နွေးနေခြည် said...

နားမလည်ဘူး

လသာည said...

ဟားဟား ဗီလိန်က ဒါမျိုးလေးတွေ ရေးတာကိုး။ သဘောကျစွာ အစအဆုံး ဖတ်ရှုနားထောင်သွားပါတယ်။ အဲလို လောကကြီးရှိရင် သူတို့နဲ့အတူ ၀င်ရယ်ပေးရတယ် ဗီလိန်ရ။ သီချင်းလေးကို ကြိုက်လို့ နှစ်ခေါက်တောင် နားထောင်သွားတယ်။ ကျေးဇူးတင်ပါတယ်။ ခင်မင်စွာဖြင့်။

ဖိုးဂျယ် said...

ဗီဗီရေ အခုမှ ငါလဲ မင်းကို
ပြန်တွေ့ရတော့တယ် မင်းလဲ ကဗျာ မရေးတာ ကြာပြီနော်
အားတင်းထားပါကွာ ကြိုစား သယ်ရင်း
ပျော်ရွှင်ပါစေကွာ

ကိုရင်နော် said...

ကိုဗီလိန်ရေ..

ကဗျာလေး ကောင်းပါ့ဗျာ..း)

Lucifer said...

အကိုရေ.. ကဗျာလေးကဖတ်လို့ကောင်းတယ်..
စိတ်ထဲးမှာရှိတာတွေချရေးထားတာထင်တယ်...

တောင်ပေါ်သား said...

မောင်ဗီဗီ ပေါက်ကွဲနေပြန်ပြီ ထင်တယ် ပတ်ဝန်းကျင် ငါတို့ ရပ်ကွက်ထဲမှာ အဲလိုတွေချည်းပါပဲဗျာ..


လေးစားလျက်
တောင်ပေါ်သား

Phyo Maw said...

ဖတ်လို့ချောလှချည်ရဲ့
ဖတ်ကောင်းတယ်

မင်းအိမ်ဖြူ Minn Eain Phyu said...

ကောင်းတယ် လိန်လိန်

ရင်ထဲကလာတာလား

အငှားခံစားပေးတာလား

ဘာဖြစ်ဖြစ် အဆင်ပြေပါစေ

Andy said...

မရေးရင်လဲအရှင်း... ရေးရင်လဲတဆုံးဆိုတာ ဆရာသမားလိုမျိုးကိုပြောတာ...

မောင်ဖားကြီး said...

ပေါက်ကွဲတာတောင် လန်းတယ်ဗျာ

သုခုမလေဒီ said...

လိုက်လို့ မမှီဘူးထင်ပါရဲ့ ။ ဖတ်လို့ တော့အကောင်းသား
Mask တော့ ပါမလာဘူး။ ဟီးဟီး ပြန်ပြေးတော့မယ်။
:P ။ အဆင်ပြေပျော်ရွှင်ပါစေနော် ကိုရပ်ကွက်ရေ.....