အခန်း

ချစ်သူ့ပါး ကျနော့အနမ်းလေး စီးဆင်းခဲ့တုန်းက
သူရယ် ကျနော်ရယ်၊ ရေမွှေးနံ့ သင်းသင်းလေးရယ်
သူ့ရင်ခုန်သံကို ကျနော့ညာဘက် ရင်အုံက နားလည်သလို
ကျနော့ရင်ခုန်သံကို သူ့ညာဘက် ရင်အုံက သဘောပေါက်တယ်
ပွင့်ဖတ်ကြွေတဲ့ ပန်းတစ်ပွင့် မဟုတ်ခဲ့သလို
ခုန်အုပ်ဖူးတဲ့ ကျားတစ်ကောင်လည်း မဖြစ်ခဲ့ဘူး
နူးညံ့ခြင်း အသင်္ချေနဲ့ လောကနီတိကို ခန်းဆီးနဲ့ အတူခဏပိတ်
မမြင်ရတဲ့ မျက်ဝန်းနှစ်စုံ နားလည်စွာ ရှင်သန်နေဆဲ
လေမခတဲ့ ရင်ဘတ်တစ်စုံ သတ်ပုံမှားဆဲ

အို........ ချစ်သူ
အခုတော့.........
အတူလုပိတ်ခဲ့တဲ့ ခန်းဆီးလေးက ဖုန်အလူးလူး
ဖွင့်လိုက်ပိတ်လိုက် မီးခလုတ်လေးက
တစ်နေ့ကိုမှ အဖွင့် တစ်ခါ အပိတ်တစ်ခါ
မက်မောစွာ ရှုရှိုက်ခဲ့ဖူးတဲ့ ရေမွှေးနံ့ သင်းသင်းလေးက
အဖုန်းမဖွင့်တော် အတော်ကြာ

မင်းမျက်ဝန်းတွေ သိပ်လှတယ်....
မင်းအနမ်းတွေ သိပ်ချိုတယ်....
မင်းအပြုစုတွေ သိပ်မက်မောတယ်....
ငါ့အချစ်တွေ မဖြူစင်ဘူးပဲ ပြောပြော
မင်းရင်ဘတ်လေးကို ငါတမ်းတတယ်....
မင်းမရှိတဲ့ ငါ့အိပ်ရာက သိပ်ကျယ်လွန်းတယ်....
မင်းမရှိတဲ့ ငါ့အခန်းက သိပ်မှောင်လွန်းတယ်....
မင်းမရှိတဲ့ ငါ့နှလုံးသား သိပ်ဆာလောင်လွန်းတယ်.... ချစ်သူရယ်

ဗီလိန်


19 comments:

မေဇင် said...

ဖတ်ရတာ တစ်မျိုးပဲ.....း) ။ ဒီကဗျာလိုလို ဘာလိုလိုကိုတော့...နားလည်တယ်..နားလည်စရာ ပွင့်လင်းလွန်းတာကိုး..။

ဆောင်းနှင်းရွက် said...

အားပေးသွားတယ် ....
VV ...

တောင်ပေါ်သား said...

အင်း ချစ်သူကို တမ်းတနေတာကိုးးးးးးး အမြန်ဆုံး စိတ်ထဲမှ ရည်မှန်းချက်တွေ အောင်မြင်ပါစေဗျာ

လေးစားလျက်
တောင်ပေါ်သား

သံလွင် HeRo said...

ငှင်းငှင်းငှင်း

mama said...

ကျေးဇူးတင်ပါတယ်
မမ

ခရေညို said...

အခန်းကမှောင်မှာပေါ့ မီးမှမလာတာ
ပြတင်းပေါက် တွေဖွင့်လိုက်ရင် အတန်အသင့်တော့ အလင်းရောင် ရမှာပါ
(ခင်မင်စွာဖြင့်ကဗျာကိုဖြတ်သွားသည်။)

Vista said...

ဌဲဌဲဌဲ ...

~ဏီလင်းညို~ said...

ကဗျာလေးက လွမ်းစရာ....
(အကြာကြီးပျောက်ပျောက်နေတယ်ဗျနော့်...)
ခင်မင်တဲ့
ဏီလင်းညို

မေလေး said...

ဟင်းးးးးဟင်းးးးးးးဟင်းးးးးးးးး

နန်းညီ said...

ရော် ဗျူးသီးဖိုး.. ရော် ဗျူးသီးဖိုး.. အဲ့သီချင်းလားလို့

WWKM said...

အို...သနားစရာပါလား အမောင်ဗီလိန်ရယ်..

ကိုယ်ချင်းစာပြီး မျက်ရည်တောင် တတောက်တောက် ကျမိတော့မလို့ =)

ဒါနဲ့ မရှင်းလို့ ကွင်းရဲ့ဘာ..
ကွင်းရည်းစားလား၊ကွင်းချစ်သူလား..ယုံမယ် အဲဒီရုပ်.း)

သုခုမလေဒီ said...

ဘာတွေကြေကွဲနေပါလိမ့် ???
ဗီရေ.. နှစ်သစ်မှာအဆင်ပြေပျော်ရွှင်ပါစေကွယ်။

kaungkinpyar said...

တမ်းတ နေတဲ့ ရင်ဘတ်ကြီးထဲ အမြန်ရောက်စေ...

ရွှေပြည်သူ (ShwePyiThu) said...

ဗီလိန္နု!

လင်းဒီပ said...

လွမ်းနေတာလား..:)

Sein Lyan Tun said...

အခန်းကျယ်နေရင် ခေါ်နေပါ့လား

ခန်းဆီးတွေ ဖုန်မတက်အောင် လဲ သုတ်ပေးမလို့

noblemoe said...

ဗီလိန်တစ်ယောက် လွမ်းနေတယ်
ခုတလော အလွမ်းကဗျာတွေပဲရေးရေးနေကြတယ်
လွမ်းရင်လည်း လွမ်းတယ် လွမ်းတယ် မှတ်လိုက်ပါ
မှောင်နေတဲ့  အခန်းလေး အမြန်အလင်းတန်းပြန်ရပါစေ။

ပိုးဟပ်လေး said...

ကဗျာလေးကို လာပြီးခံစားသွားပါတယ် ခမြ

Anonymous said...

ကဗျာလေးခံစားသွားပါတယ်။ ဒဲ့ကြီးတွေ ရေးထားတော့ ဟိ .. ခံစားရတဲ့သူက တမျိုးကြီး ဖြစ်နေတယ်ဗျာ.။