အတ္တ ကကြိုး

တချို့ကလည်း မျက်စိလည်လာကြတယ်
တချို့ကလည်း အလည်လာကြတယ်
ပြီးတော့.... ဟှင် ဆိုပြီး လှည့်ထွက်သွားကြတယ်
ခြောက်သွေ့နေတဲ့ အိပ်ရာလေးက ဖုန် အလူးလူး

ပိုဆိုးတာက ဂေဟာ
အခွန်မဆောင်လို့ အသိမ်းခံရတယ်
၆ လ ရှိသွားပြီ ပြန်မရွေးဖြစ်သေးဘူး
ဗီလိန် မင်း ဘာတွေ လုပ်နေလဲ
.....
.....
.....
ငါလည်း လူတွေ လို အတ္တတွေနဲ့ အလုပ်ရှုပ်မိတယ်
ငါ့အတ္တအတွက်နဲ့
အချို့က နှလုံးသား
အချို့က ဘဝ
အချို့က မျှော်လင့်ချက်
အချို့က ပိုင်ဆိုင်မှု
အချို့က သိက္ခာ
အချို့က မာန
အချို့က ခံယူချက်
အချို့က အချို့ပေါင်းများစွာသော အချို့များ
ဆုံးရှုံးကြ ပေးဆပ်ကြ လဲလှယ်ကြရင်း
အလဲလဲ အကွဲကွဲ
မရည်ရွယ်ခဲ့ပါဘူး.....
ငါ့နှလုံးသားလည်း သွေးအလူးလူးနဲ့ပါ
ငါ့အတ္တကို မေးကြည့်တော့ လိပ်ပြာလုံနေဆဲ

ငါသွားမယ့် အိုအေစစ်မှာ
အိပ်တန်းပြန်မယ့် ကြိုးကြာ မရှိဘူး
အလေ့ကျပေါက်မယ့် ချယ်ရီပင် မရှိဘူး
Mr. Bean ရဲ့ အနုပညာ မရှိဘူး
Shakira ရဲ့ ကကွက်တွေ မရှိဘူး
စနေနေ့ည အတွက် ယမကာ မရှိဘူး
ပရီးမီးယားလိဂ် အတွက် လောင်းကြေး မရှိဘူး
လေတိုက်စရာ ဒိုတာမရှိဘူး
ရေတွက်စရာ ကြယ်တွေ မရှိဘူး

ဒီလိုနဲ့...
ငါ့ဆီလာမယ့် လက်ညှိုးတွေကို ရေတွက်
ငါ့ဆီလာမယ့် စကားလုံးတွေကို သီကုံး
ငါ့ဆီလာမယ့် အမုန်းတွေကို စုဆောင်း
ကဲ..... အတ္တရေ
ဒီလောင်စာတွေနဲ့ပဲ
မင်းကကြိုးတွေထဲ ဆက်ပြီး စီးမျောနေဦးမယ်
ငါ့နှလုံးသား ခုန်နေ သရွေ့ပေါ့

ဗီလိန်

6 comments:

မိုးခါး said...

ကဲကဲ
အိပ်ရာလေး ဘာလေး ဖုန်အရင်ခါ
ဒိုတာခုတ်ချင်လည်း ခုတ်ဖော် ခုတ်ဖက်တွေကို ခေါ်
း))

အင်း လွမ်းလည်းလွမ်း ပျင်းလည်းပျင်းနဲ့ ဒီကဗျာ ထွက်လာတယ် ထင်ပ :D

ဗီလိန် said...

ခေါ်တာပဲရှိတာပါ။ မလာကြပါဘူး။ အားလုံးက စိမ်းကားနေကြပြီ။
:( :( :(

Sein Lyan Tun said...

ဗီလိန် မင်းဘာတွေ လုပ်နေလဲ။

ဗီလိန် မင်းကွန်ပြူတာရှေ့ ထိုင်ပြီး ကွန်ပြူတာ စခရင် ကို ကြည့်ကြည့်နေတာပဲ တွေ့တယ်။ :P

ဒီလိုနဲ့...
ငါ့ဆီလာမယ့် လက်ညှိုးတွေကို ရေတွက်
ငါ့ဆီလာမယ့် စကားလုံးတွေကို သီကုံး
ငါ့ဆီလာမယ့် အမုန်းတွေကို စုဆောင်း
ကဲ..... ဗီလိန်ေ၇

ကွန်ပြူတာရှေ့ ဆက်ထိုင်လိုက်ပါဦး။။ :P

tututha said...

ငါလည်း လူတွေလို ဆိုတော့ ညည်းက လူမဟုတ်ဘူးပေါ့ :P

ပုံ့မေ said...

ဟဟဟ မိုးခါးနဲ့ ကိုဖိုးစိန်ကော်မန့် ကိုထောက်ခံပါတယ်... :D
ညစ်ညစ်ပတ်ပတ်မနေနဲ့ ပေါ့ဟေ... ဖုန်တွေတောင် တက်တယ်ဆိုတော့ :D

မ..မ said...

ငါ့ဆီလာမယ့် လက်ညှိုးတွေကို ရေတွက်
ငါ့ဆီလာမယ့် စကားလုံးတွေကို သီကုံး
ငါ့ဆီလာမယ့် အမုန်းတွေကို စုဆောင်း
ကဲ..... အတ္တရေ
ဒီလောင်စာတွေနဲ့ပဲ
မင်းကကြိုးတွေထဲ ဆက်ပြီး စီးမျောနေဦးမယ်
ငါ့နှလုံးသား ခုန်နေ သရွေ့ပေါ့