ဗီလိန်နဲ့ အယ်လ်ဖာဘတ်

စာလည်း မရေးဖြစ်တာကြာပြီ။ မောင်ရင်ညိုတဂ်လို့ ရေးရပါဦးမယ်။ ကိုရင်ညိုတဂ်တဲ့ ခေါင်းစဉ်က ကျွန်တော်ရေးတဲ့ A to Z" တဲ့။ ကဲ... ရေးတတ်သလောက် ရေးကြည့်မယ်ဗျာ။ အမှားပါရင်တော့ ခွင့်လွှတ်။ တဂ်ကို တဂ်လို မရေးပဲ ဉာဏ်စမ်းလေးပါ ထည့်ရေးလိုက်မယ်။ အဖြေတွေကိုတော့ အက္ခရာတွေရဲ့ နောက်ကို Select လုပ်ပြီး ကြည့်နိုင်ပါတယ်။

A for Ace
လူ ဆိုတာကတော့ ဒါလေးလိုပဲ။ တခါတလေ အကြီးဆုံးဖြစ်နေတတ်သလို၊ တခါတလေလည်း အငယ်ဆုံးဖြစ်နေတတ်တယ်။ ဒါကို မြင်နိုင်ဖို့ ဗီလိန် ကြိုးစားနေတုန်းပါပဲ။

B for Buddha
ဗီလိန်ကို ဘယ်သူ ဖန်ဆင်းသလဲ။ ဘယ်သူမှ မဖန်ဆင်းဘူး ဗီလိန်ရဲ့ ဖန်ဆင်းရှင်က ဗီလိန်ပဲ ဆိုတဲ့ အသိကို ပေးစွမ်းခဲ့သူ။

C for Challenge
ကျနော် သိပ်မင်တဲ့ စကားလုံးလေးပါ။ ဘာပဲလုပ်လုပ် သူမပါရင် စိတ်မဝင်စားတာများတယ်။ သူရှိမှ ဗီလိန့် ဘဝဟာ အဓိပ္ပာယ်ရှိတယ်လို့ ခံယူမိတယ်။

D for Deal
ကျနော် အနှစ်သက်ဆုံး စကားလုံးတွေထဲက တစ်လုံးပဲ။ C ပေါင်းများစွာ ရဲ့ စိန်ခေါ်သံ ဆိုလည်း မမှားပါဘူး။ ဒီစကားပြောပြီးတိုင်း အောင်မြင်မှုကိုပဲ မရရအောင် ကြိုးစားတော့တယ်။

E for Enemy
ဗီလိန့် အတွက် မရှိမဖြစ် လူတချို့ပါ။ သူတို့ရှိလို့သာ ဗီလိန့် ဘဝ ပျော်စရာလေးတွေနဲ့ ပြည့်နှက်နေတာပါ။ သူတို့ကြောင့်လည်း နေရာ တစ်နေရာမှာ ဗီလိန် ခြေထောက်နှစ်ချောင်းနဲ့ မတ်တပ်ရပ် နေနိုင်တာပါ။ ဒီအတွက် တစ်လက်စတည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။

F for Friend
ဒီစကားလုံးရဲ မူရင်း အဓိပ္ပာယ်က အရမ်းကောင်းပါတယ်။ ဒါပေမယ့် ဒီစကားလုံးကို အရည်ခြုံသက်သက် အသုံးပြုကြတဲ့ လူပေါင်းများစွာနဲ့လည်း ဆုံတွေ့ခဲ့ရပါတယ်။ ဗီလိန် လိုအပ်နေချိန်မှာ တကယ့်ကို အကူညီပေး၊ ထူမ ပေးခဲ့တာလည်း ဒီစကားလုံးလေးပဲဖြစ်သလို ဗီလိန့်ကို တွန်းချ၊ လှဲချ၊ ခြေထိုးခံ၊ ထိုးကျွေး၊ နင်းတက် သူတွေ အားလုံးက တိုက်တိုက်ဆိုင်ဆိုင် ဒီထဲကပဲ ဖြစ်နေပါတယ်။ ဒီစကားလုံးကို တုတ်ချောင်းလေး တစ်ချောင်း ဖြည့်ထည့်လိုက်တာနဲ့ F ကနေ E အဖြစ်ကို ပြောင်းသွားသလိုပါပဲ။ ဟိုဘက် အစွန်း နဲ့ ဒီဘက် အစွန်း ၂ဘက်စလုံးမှာ ရှိနေတဲ့ စကားလုံးလေးပါ။

G for Gaming
ဗီလိန်ရဲ့ ဝါသနာ။

H for Heal the World
ဗီလိန် မြတ်နိုးတဲ့ သီချင်းလေး တစ်ပုဒ်ပါ။ မိုက်ကယ်ဂျက်ဆင်ရဲ့ ဒီသီချင်းလေးထဲက အတိုင်းပဲ ဖြစ်စေချင်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟ တွေ နောက်ကို လိုက်တဲ့ အတ္တများ ကင်းဝေးစေချင်ပါတယ်။

I for I
ဗီလိန်ကတော့ တစ်နေ့ တစ်နေ့ ဒါကိုပဲ ပြင်ဖို့ ကြိုးစားတယ်။ ကောင်းတာ မကောင်းတာကတော့ မတတ်နိုင်ဘူး။ ဘယ်သူတွေ ဘာတွေ မကောင်းဘူးလဲ စိတ်မဝင်စားပါဘူး။ ဒါကြီး မကောင်းတာကိုပဲ ကြည့်ကြည့်ပြီး တစ်နေ့ တစ်နေ့ စိတ်တွေမောတယ်။ သေချာတာကတော့ ဆက်ပြင်နေဦးမှာပဲ။ ခက်တာက ကောင်းကို မကောင်းသေးတာ။

J for Jealous
လူတွေ ညှီစော်နံတဲ့ အကြောင်းရင်းပေါင်း များစွာထဲက တစ်ခုပေါ့။

K for Keep quite
ဆိတ်ဆိတ်နေ ထောင်တန် ဆိုတဲ့ စကားလေးကို အမှတ်ရပြီး အမြဲတမ်း ကိုယ့်ကိုကိုယ် သတိပေးနေမိတဲ့ စကားလေး တစ်ခွန်းပါ။

L for Lag
မကြာခင်မှာ သုံးရတော့မယ့် အင်တာနက် Speed.

M for Mother & Father
ဗီလိန် ဘာလုပ်လုပ် သူ့တို့အကြောင်းစဉ်းစား၊ ဘာလုပ်လုပ် သူ့တို့အတွက် စဉ်းစား၊ ဘာလုပ်လုပ် သူ့တို့စကား နားယောင်၊ အောင်မြင်ခြင်းပေါင်းများစွာရဲ့ တံခါးပေါင်းများစွာကို ဖွင့်ပေးတဲ့ သော့တစ်ချောင်း။

N for Neglect
လူတွေ... လူတွေ... ဒီလိုနေနိုင်မှ တော်ကာ ကျတယ်။

O for Owl
ဘယ်အရာကို မဆို ဗီလိန်ကြည့်တတ်တဲ့ အမြင်က ဒီသတ္တဝါရဲ့ မျက်လုံးလိုများ ဖြစ်နေမလား။ လက်ဝါးပြရင် လက်ဖမိုးမြင်ခဲ့လို့ ပါးရိုက်ခံရမလို ဖြစ်တာလေးတွေ မြင်ယောင်မိသေးတယ်။

P for Peace
လောဘ၊ ဒေါသ၊ မောဟ တို့ ချုပ်ငြိမ်းပါစေ။

Q for Queen
စစ်တုရင်ခုံပေါ်မှာလိုပဲ သူမရှိလို့ ရှုံးမယ် ဆိုတဲ့ လူထက် စာရင် သူရှိမှ အောင်ပွဲကို သိမ်းပိုက်ဖို့ အခွင့်အလမ်းတွေ ပေးစွမ်းနိုင်မယ့်သူပဲ ဖြစ်ချင်တယ်။


R for Reflect
ရန်သူ ဖြစ်ဖြစ် မိတ်ဆွေ ဖြစ်ဖြစ် ဗီလိန် တုန့်ပြန်တတ်တဲ့ သီအိုရီ။

S for Singapore
ဗီလိန့် အတွက် အောင်မြေ။ လုပ်သမျှ ဖြစ်၊ ဖြစ်သမျှ အောင်မြင်ပြီး မကြာခင်မှာ အနိုင်နဲ့ ပိုင်းပြီး ထွက်ခွာတော့မယ့် အောင်လံ စိုက်ရာမြို့တစ်မြို့။

T for Thumb
ဒါလေးကို မိုးပေါ် အမြဲထောင်ထားနိုင်ကြပါစေ။

U for U Turn
ဗီလိန် မှားနေမှန်း သိရင် ဒီလို ပြန်လှည့်နိုင်အောင် ကြိုးစားတယ်။ မအောင်မြင်တာခက်တယ်။

V for Villain
ဗီလိန့် အတွက် အဓိပ္ပာယ်အရှိဆုံး၊ အနှစ်သာရ အပြည့်ဝဆုံး၊ အမြတ်နိုးဆုံး စကားလုံးလေးပါ။ ဘာကြောင့်လဲ ဆိုတာတော့ ရေးပြနေစရာ မလိုလောက်ဘူး ထင်ပါတယ်။

W for Wheel
လောကကြီးက သူ့လိုပဲ။ အမြဲတမ်း အလှည့်ဆိုတာ ရှိတယ်။ ကိုယ့် အလှည့်တော့ မနွဲ့စတမ်းပဲ။

X for X
မသိပဲ မှားတဲ့ သူနဲ့ သိရက်နဲ့ မှားတဲ့သူ ဘယ်သူ သာသလဲ။

Y for Year 2012
ရှပ်ရှင်ထဲမှာလို ဖြစ်မဖြစ်တော့ မသိဘူး။ ကမ္ဘာကြီးလည်း ဟိုနေရာက ငလျင်လှုပ်လိုက်၊ ဒီနေရာက မီးတောင် ပေါက်လိုက်၊ မုန်တိုင်းတွေက ထန်လိုက်၊ ရေတွေ ခမ်းလိုက်၊ ရေခဲတောင် ပြိုလိုက်နဲ့... ဟူး........... ဖြစ်ပြန်တော့လည်း စံချိန်တင်တွေ၊ စံချိန်တင် နီးပါးတွေ ချည်းပဲ........... ကိုယ့် အတ္တလေးတွေ ကိုယ်စုထားကြပေါ့။

Z for Zero
တကယ်တော့ ဗီလိန်ရဲ့ အရည်အချင်းကလည်း ဒီဂဏန်းလောက်ပဲရှိပါတယ်။ ရေးချင်တာ ရေးထားတာတွေ စိတ်ရှည်လက်ရှည် ဖတ်ပေးတာကိုပဲ ကျေးဇူးတင်ပါတယ်။

ဗီလိန်

9 comments:

Vista said...

နောက်ကစာသားတွေ မမြင်ရဘူး တမင်လုပ်ထားတာလား လိန်လိန်

မမ said...

Vv

V good

မေဇင် said...

တော်ပါပေတယ်...း)) ဥာဏ်စမ်းဆိုပေမယ့်...အရင် select လုပ်ပြီးမှ နောက်က စာသားတွေဆက်ဖတ်တား) ဒါပေမယ့် တစ်ချို့ သိမယ့် စကားလုံးလေးတွေကိုတော့ သိတယ်လို့ ကိုယ့်ဘာသာ အမှတ်ပေးတယ်..ဟိဟိ..ဥပမာ..J. :D

ဆောင်းနှင်းရွက် said...

F
G
K
P
Q
S
V
X
Z
က လွဲလို့ ကျန်တာ သိဘူးးးး ...
ခုတော့ သိသွားပြီ ...

ကိုဗီလိန် တကယ် ပြန်တော့မှာလားးး ..
နောက်နေတာလားးး ...

ခရေညို said...

မြင့်တယ်ဟေ့ လိုက်မမှီတော့ဘူး

Anonymous said...

တချို့ဟာတွေက မရှင်းမရှင်းနဲ့ဗျာ .....

ခရောင်း said...

"S" ဆိုတဲ့ မြို့လေးကို "Z" ဘဝကနေ တူတူလာခဲ့တဲ့ "V" နှုတ်ဆက်ပါတယ်။

noblemoe said...

v လေးရေးးးးးးးးးးးးးးးး
မြင့်လို့ လိုက်မမှီဖူးကွဲ့  သိတာတွေ တော်တော်နည်းပါ့ 
v လိုပဲ လက်ဝါးပြရင် လက်ဖမိုးမြင်ခဲ့လို့ ပါးရိုက်ခံရမဲ့ ကိန်း
တိန် (နှတ်တောင်မဆက်လိုက်လို့ စိတ်မကောင်းပါ)
သာယာချမ်းမြေ့ပါစေနော်
မိုး

နေ့အိပ်မက် said...

b, f, g, h, i, o, q, s, u, v, z

ဒီဟာတွေမှန်းတာမှန်တယ် ခွိခွိ
ရိုးရိုးပို့စ်ကို ဆန်းဆန်းဖြစ်အောင် ရေးတတ်လိုက်တာ