နောက်ဆုတ်ခြင်းလား ရှေ့တိုးခြင်းလား
ရှောင်ပုန်းခြင်းလား ဇွတ်တိုးခြင်းလား
မရေရာမှုတွေနဲ့မှ နပန်းလုံးချင်တာ
မွေးရာပါ ဆိုတော့လည်း ခက်သား
ငါ့အတ္တ၊ ငါ့တဇွတ်ထိုး၊ ငါ့ခေါင်းမာမှုတွေ
နောက်တစ်နည်း....
ငါ့ရဲရင့်မှု၊ ငါ့ပြတ်သားမှု၊ ငါ့ယုံကြည်မှုတွေ အတွက်
ငါ့ဘဝငါ စိန်ခေါ်ရုံပေါ့
တံငါလိုက်ဝတော့ အမဲလိုက်
ကျားဆိုးလည်း ငါမကြောက်ဘူး
အမဲလိုက်ဝတော့ တံငါလိုက်
မုန်တိုင်းထန်လည်း ငါမဖြုံဘူး
ဘဝကြမ်းကြမ်း လှိုင်းထန်ထန်ထဲ
ငါ့လက်တွေ ပစ်ပြီးကူးနေဦးမယ်
ငါမမောဘူး
အမေ့အပြုံးလေး ငါ့အနားမှာ ဝဲနေသ၍ပေါ့။
ဗီလိန်
14 comments:
မေ အမြဲရှိနေပါ့မယ် သားလေးလိန်လိန်...
အဖြေပေးလိုက်ပြီးလား...ဟင်
အမေ့အတွက် ဆိုတဲ့ စိတ်ထားနေသ၍.....ကြောက်စရာမလိုဘူး.....။ ဆုံးဖြတ်ချက် ပြတ်သားတာကို လေးစားပါတယ်။
ပလေးရင်း ကာဒ်
မမ
မိဘကြောင့်
သားသမီး မှာ ခွန်အားတွေ
ရလာသလို
သားသမီးကြောင့်လည်း
မိဘ မှာ ခွန်အားတွေ
ပြည့်ဝ လာစေတယ် .. >>>
အမေကို အရမ်းချစ်တဲ့သားထင်တယ်နော်
အမေ့ ရဲ့ အပြုံးဆိုတဲ့စကားလေးကြောင့်
မိဘကျေးဇူးသိတတ်တဲ့ သားသမီးမို့ လေးစားပါတယ်။
မောင်လေးရဲ့  ဆုံးဖြတ်ချက်လုံးဝမှန်ကန်မယ်လို့ ယုံကြည်တယ်။
ဘ၀ရည်မှန်းချက်များအောင်မြင်ပါစေဆုတောင်းရင်း
သာယာချမ်းမြေ့ပါစေနော်
မိုး
ရွေးထားတဲ့ လမ်းကို အမှန်ကန်ဆုံး လျှောက်လှမ်းနိုင်ပါစေ မှားပါစေဦး မိဘရှိနေရင် အေးဆေး ဟုတ်တယ်ဟုတ်း)
လေးစားလျက်
တောင်ပေါ်သား
ယုံကြည်မှုတွေ ပြတ်သားမှုတွေ နဲ့သာ ဆက်သွားမယ်ဆို ရောက်ချင်တဲ့ ပန်းတိုင်ကိုလည်း ရောက်ရမှာပေါ့
း))
လောကငရဲထဲမှာ
တူတူလျောက်လှမ်းရင်း
ခရောင်းလမ်းကိုလဲ
တူတူကျော်ဖြတ်ရင်း
မင်းနဲ့ငါ
ဆိုးအတူကောင်ဖက်
မတည့်အတူနေ
ရန်ဖြစ်ဖော်
သွေးသောက်ရဲဖော်
သေဖော်သေဖက်
မရှိအတူရှိအတူ
နေတတ်ခဲ့ဖူးပြီ.............။
ရန်ဖြစ်လိုက်
ပြန်ချစ်လိုက်
ကာလအတန်ငယ်ကြာ
နစ်မြောဖြတ်သန်းလာကြရင်း
မျှော်လင့်ထားပါလျက်
ရင်ဆိုင်ရတော့မယ့်
အချိန်နတ်ဆိုးကြောင့်
ခွဲခွာချိန်ဆိုတာ
နီးနီးလေးပါ............။
ဘာရယ်ကြောင့်ပဲပေါ့
မင်းရင်မှာ
ငါဆိုတဲ့
အတ္တပြင်းထန်သော
အတ္တမရှိသော
ခပ်ညံ့ညံ့သူငယ်ချင်းတစ်ယောက်
ရှိခဲ့ဖူးတယ်နော်.........။
မိဘရယ်ဆိုတာ
ခိုလှုံရာပါ
မင်းခိုလှုံခွင့်ရတာကို
ငါမုဒိတာပွားတယ်.........။
ငါ့အတွက်လဲဆုတောင်းပေးခဲ့ပါ
မင်းအတွက်လဲ
ဆုတောင်းပေးလိုက်တယ်
မင်း
လုပ်တိုင်းကြံတိုင်း
ငါနဲ့အတူတူကြိုးစားဖြတ်သန်းဖူးခဲ့သလို
အောင်မြင်နိုင်ပါစေကွာ............။
အဲ့ဒီ အဖြေ ကြောင့် အမေ့ရဲ့ အပြုံးလေး ထာဝရ ဝဲနေတော့မယ် လေ၊ စိန် ခေါ် လိုက်ပါ..ဘွာမခတ်ကြေး...
အမေ့ အပြုံးလေး ထာဝရ ဝဲနေပါစေ။
အရမ်းကောင်းပါတယ်ကဗျာတွေက
အရမ်းအားကျပါတယ်
အားပေးနေပါတယ်
ကျေးဇူးတင်ပါတယ်
ဘာဖြစ်ဖြစ် ရှေ့ဆက်ရဲတဲ့ သတ္တိတော့ လေးစားတယ် ဆက်လုပ်. .....
Post a Comment