ရင်မှာဗလာ ပညာမရှိ
ဝိဘတ်သဒ္ဒါ မကြွယ်ပါလ
ဝါကငယ်ငယ် စာမနယ်တတ်
လွယ်ပေ့သတ်ပုံ မှားမိဖန်ဖန်
အကြံလည်းကုန် တစ်ရာလည်းပြည့်
ဦးနှောက်ရည်ကျို အရည်ညစ်ချ
ထွက်မလာပုံ ဆားချက်ရုံပေါ့
ကြံမိသော်ငြား မတတ်တတတ်
ဘယ်နည်းချက်အံ့။
ဆရာဂဠုန် အကြံကုန်စဉ်
ဘယ်နည်းချက်မှန်း မသိပြန်၍
နောက်တစ်ကြိမ်ကြုံ အခက်ဆုံပေါ့
ဘလော့ရေးကြ မောင်နှမတို့
ဘယ်ပုံဘယ်နည်း စာတွေမှီးအံ့။
ဖတ်၊မှတ်၊သိ၊ကြုံ စာတွေစုံလို့
ဝေဝေဆာဆာ သူတို့ကမ္ဘာ
ဘလော့ရွာလည်း စည်ပင်ဝေစည်
ဗီလိန်လေးသာ မျက်နှာငယ်လှ
အသစ်မမြင် မတင်ဖြစ်သေး
ဘယ်နေ့များမှ ရေးရပါအံ့။
ဗီလိန်
ဝိဘတ်သဒ္ဒါ မကြွယ်ပါလ
ဝါကငယ်ငယ် စာမနယ်တတ်
လွယ်ပေ့သတ်ပုံ မှားမိဖန်ဖန်
အကြံလည်းကုန် တစ်ရာလည်းပြည့်
ဦးနှောက်ရည်ကျို အရည်ညစ်ချ
ထွက်မလာပုံ ဆားချက်ရုံပေါ့
ကြံမိသော်ငြား မတတ်တတတ်
ဘယ်နည်းချက်အံ့။
ဆရာဂဠုန် အကြံကုန်စဉ်
ဘယ်နည်းချက်မှန်း မသိပြန်၍
နောက်တစ်ကြိမ်ကြုံ အခက်ဆုံပေါ့
ဘလော့ရေးကြ မောင်နှမတို့
ဘယ်ပုံဘယ်နည်း စာတွေမှီးအံ့။
ဖတ်၊မှတ်၊သိ၊ကြုံ စာတွေစုံလို့
ဝေဝေဆာဆာ သူတို့ကမ္ဘာ
ဘလော့ရွာလည်း စည်ပင်ဝေစည်
ဗီလိန်လေးသာ မျက်နှာငယ်လှ
အသစ်မမြင် မတင်ဖြစ်သေး
ဘယ်နေ့များမှ ရေးရပါအံ့။
ဗီလိန်
6 comments:
ဆရာဂဠုန် အကြံကုန်စဉ်
အခုမှနားလည်တော့တယ်
ဟီဟီ
တစ်နေကုန် ချက်နေတဲ့ ဆား.. ..
ကိုဂလုံ ကြီး.. ဟီး..
ဗီ အပေါ်ကဟာလဲ ခေါင်ပဲရေးထားတာ.. မှားတွားလို့ နော်...
ဒီနေ့ရေးတာ မဟုတ်ဘူးလား
ဆားချက်တာလဲ ကဗျာတစ်ပုဒ်ရလား
တော်လိုက်ဗီဗီလေး
ရေးမရတဲ့ အကြောင်းရေးချလိုက်တော့လည်း ကဗျာပိုစ့် အသစ်ဖြစ်သွားတာပေါ့ဗျာ။ ဒါလဲအသစ်ပဲလေ။ နောက်ရေးမရရင်လဲ ရေးမရတဲ့ အကြောင်းရေးချဗျာ။
ရေးစရာတွေအများကြီးပါ။ အားမငယ်နဲ့။ ပါတ်ဝန်းကျင်မှာ ကြုံတာ၊ ဆုံတာ၊ သဘာဝအဖြစ်အပျက်တွေ၊ ထမင်းစာတာ၊ နောက်ဖေးသွားတာ၊ ရေချိုးတာ၊ ရည်စားထားတာ၊ ဘာညာ..အိုစုံလို့ ဒါတွေကို တစ်ခုစီကန့်ပြီး တစ်ပုဒ်စီဖြစ်အောင်ရေးရင်လဲ ဖြစ်ပါတယ်ဗျ။ လွယ်ပါတယ်။
Post a Comment