Showing posts with label အတိုအထွာ. Show all posts
Showing posts with label အတိုအထွာ. Show all posts

Before 2010 vs After 2009


ရှဥ့်လေးကဲ့သို့........
သဘာဝကို စားသုံးသော သဘာဝကို
မြိန်ရည်ရှက်ရည် ခံယူရင်း
ချုပ်နှောင်မှု ကင်းမဲ့သော ......
အိတ်ကပ်ထဲ၌ ငွေမရှိသော ......
တေလေဘဝတစ်ခု ပြန်ရချင်တယ်
ရှူစရာ လေဝဝ တစ်ခုတော့ ရှိတာပေါ့

ဗီလိန်

ဗီလိန် သိတဲ့ အရောင်

အစိမ်းရောင် (Green)
မီးပွိုင့်မှာတော့ သွားနိုင်သည်။ Gtalk မှာတော့ ပွားနိုင်သည်။






လိမ္မော်ရောင် (Orange)
မီးပွင့်မှာတော့ အရှိန်လျှော့။ Gtalk မှာတော့ အိုင်ဒယ်လ် (Idle) ပေါ့။






အနီရောင် (Red)
မီးပွိုင့်မှာတော့ တားပါတယ်။ Gtalk မှာတော့ မအားပါကွယ်။






အနက်ရောင်၊ အမည်းရောင် (Black) & မီးခိုးရောင် (Gray)
မီးပွိုင့်အနက် မီးပွိုင့်ပျက်
Gtalk မီးခိုး ကိုဂျီပုန်း။





ကျနော်ကတော့ အဲလို သိတာပဲ။ တခြားသူတွေ အတွက်တော့.............

ဗီလိန်

ငါ အကြောင်း

ငါသည် ငါ၏ အတ္တကို ငါ့ဘာသာငါ စားသုံးသည်။ ထို့အတွက် ငါမဟုတ်သော ငါများကို ပြောလိုက်ချင်သည်ကား ငါ့နေရာနှင့်ငါ ငါ့မာနနှင့်ငါ ငါ့ဘဝကို ငါတည်ဆောက်မည်။ ငါကို ငါနှင့်မစားချင်သူများ ငါ့ကို နှောက်ယှက်သော်ညား ငါမယိုင်လဲ။ ငါ့ခြေထောက်ပေါ် ငါရပ်၍ ငါ့ဆန္ဒနှင့် ငါရှင်သန်သည်။ ငါချင်းတူတူ ငါ့ထက်သာသည့် ငါကို မနာလိုတတ်သည့် ငါအပေါင်းနှင့် ကင်းကွာလိုသော်ငြား ငါကိုယ်တိုင်က ငါဖြစ်နေ၍ ငါ့ကိုယ်ငါလည်း စိတ်မချနိုင်။ သို့ပေသောကြောင့် ပုတုဇဉ်ဖြစ်သည့် ငါကား မည်သည့် ငါကိုမျှ အပြစ်မပြောလို။ ထို့ကြောင့် ယနေ့မှ စ၍ ငါအပါအဝင် ငါမဟုတ်သော ငါအပေါင်းကို မေတ္တာပို့ပါမည်။

ငါ့ကို တွန်းချသော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါကို ကန်ချသော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့ကို ဆွဲချသော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့ကို နင်းတက်သော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့ကို ထိုးကျွေးသော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့ကို ခြေထိုးခံသော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့ကို အချွန်နှင့် မသော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့ကို မြှောက်ကာမြှောက်ကာ ရိုက်ချသော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့မကောင်းကြောင်း ပြောသော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့ကောင်းကြောင်း ပြောချင်ယောင်ဆောင်သော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့အမှားကို စောင့်နေကြသော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့အယိုင်ကို ဝမ်းသာသော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့အလဲကို လက်ခုပ်တီးသော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့ကို ထိုးသော လက်ညှိုးပိုင်ရှင် ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့ရင်ဝကို ဆောင့်ကန်သော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့နောက်ကျောကို ဓားနှင့်ထိုးသော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါ့အလစ်ကို ချောင်းရိုက်သော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
ငါမေတ္တာပို့ရန် ကျန်ခဲ့သော ငါအပေါင်း ကျန်းမာချမ်းသာကြပါစေ။

မေတ္တာဖြင့်
ဗီလိန်

ဖိနပ်ပစ်ပြိုင်ပွဲ

အီကိုနော်မီဒေါင်းတိုင်မ်းမှာ အလုပ်အဆင်မပြေဘူးလား။ တရားခံကို ဖိနပ်ပစ်ပြီး စိတ်ဖြေလိုက်ပါ။


အမေ နဲ့ အမိန့်

စစ်တပ်တစ်တပ် အတွက်တော့
ပထမတန်းစား လက်နက်ကြီးပေါ့

ဒါပေမယ့် အမေက ပြောတယ်
အမေသားကို ဘယ်တော့မှ အမိန့်မပေးဘူး... တဲ့လေ။
ပေးလည်း မြေဝယ်မကျ နာခံစရာမလိုဘူး... တဲ့လေ။
သားကိုမွေးတုန်းက သားဦးနှောက်ကို အမေက အလကားပေးထားတာ မဟုတ်ဘူး... တဲ့လေ။
အမေ့စကားနားထောင်ပြီး လမ်းမလွဲနဲ့ အမေလည်း လူပဲ... တဲ့လေ။

ဒါပေမယ့် အမေရယ်
အားလုံးနီးပါးမှန်နေတဲ့ အမေ့စကားတွေ သားကို နာခံခွင့်ပြုပါနော်.........။

ဗီလိန်

စစ်တုရင်ခုံပေါ်က ငါ

နောက်ဆုတ်လို့ မရတဲ့ အချိန် = ပွန် (Pawn)
အားရပါးရ ရွေ့လျားလို့ရတဲ့ လွတ်လပ်မှု = မြို့တံတိုင်း (Rook)
ဟိုခုန်ဒီကူးနဲ့ ပျော်ရွှင်ခုံမင်ဖွယ် ကောင်းလှတဲ့ သူငယ်ချင်း = မြင်းစစ်သူကြီး (Knight)
ကိုယ့်ဘေးနားမှာ ခြံရံပြီး အမြဲတမ်းကာကွယ်ပေးနေတဲ့ မိသားစု = ဘစ်ရှော့ (Bishop)

ဒီတခါ............
ငါ့ပန်းတိုင်အတွက်
ငါ့ဘုရင်မကို ထိုးကျွေးတော့မယ်

ဗီလိန်

သိပ်ချစ်ရတဲ့ ဖေဖော်ဝါရီ

ရက်သုံးဆယ်မှာ စက်တင်ဘာ
အေပရယ် ဂျွန်နဲ့ နိုဝင်ဘာ
ကျန်သောရက်မှာ သုံးဆယ့်တစ်
ဖေဖော်ဝါရီ နှစ်ဆယ့်ရှစ်
ရက်ထပ်နှစ်မှာ တစ်ရက်တိုး
ဖေဖော်ဝါရီ နှစ်ဆယ့်ကိုး။


အလုပ်စားပွဲပေါ်က ပြက္ခဒိန်ကိုကြည့်ပြီး ရွတ်မိလိုက်တာပါ။ ဇန်နဝါရီလည်း ကုန်သွားပြီ။ ညီလေး လင်းအရုဏ်ပြောသလို...........
“ကဲ… ဘာပဲပြောပြော ၂၀၀၉ ဇန္နဝါရီလကြီးရေ… ကျွန်တော်လင်းအရုဏ် နှုတ်ဆက်လိုက်ပါတယ်။ နောင်ဘယ်တော့မှ ပြန်တွေ့နိုင်မယ်မထင်ပါဘူး…။ ဒီလအတွင်းမှာ ကျွန်တော့်ကို အတွေ့အကြုံအသစ်တွေ ရစေခဲ့လို့၊ အင်တာနက်လှိုင်းတွေပေါ်မှာရော ကမ္ဘာမြေပြင်ပေါ်မှာပါ မိတ်ဆွေအသစ်တွေရစေခဲ့လို့ ကျေးဇူးတင်ပါတယ်ဗျာ…။
ကဲ… ကျွန်တော်သွားတော့မယ်နော်။ ကျွန်တော်ကတော့ အသက်ရှင်နေသေးသ၍ ဆက်သွားနေရဦးမယ်ဗျ… နှုတ်ဆက်ခဲ့ပါတယ် ဇန္နဝါရီလကြီးရေ…။”
လို့ပဲ နှုတ်ဆက်ရမလားပဲ။ ဘာပဲဖြစ်ဖြစ် ဖေဖော်ဝါရီလတော့ ရောက်ခဲ့ပါပြီ။ ပြောမယ့်သာပြောတာ ဖေဖော်ဝါရီကို ကျနော်က သိပ်ကြိုက်တာဗျ။ ဘာကြောင့်လဲဆိုတော့။................ ကဲ အစကတော့ ပြောမလို့ပဲ။ သူငယ်ချင်းတွေကိုပဲ မေးတော့မယ်။ အစ်ကိုတွေ၊ အစ်မတွေ၊ ညီတွေ၊ ညီမတွေ၊ သူငယ်ချင်းတွေ အားလုံး ဖြေပေးကြဗျာ။ နောက်နေ့မှ အဖြေပေးတော့မယ်။ :)

အံစာတုံးလေးတွေ စီကြည့်ရအောင်ဗျာ

မနေ့ညက ပျင်းပျင်းနဲ့ အံစာတုံးလေးတွေ စီပြီးဓာတ်ပုံရိုက်ပြီး တင်ပေးလိုက်တယ်ဗျာ။ ဆွိဒီဇင်ဘာ အထိန်းအမှတ်ပေါ့။ စီတတ်ကြလားဗျ။ ဒါမျိုးလေး။ မစီတတ်ရင် သင်ပေးမယ်နော်။

ဟီးဟီး သတ်သတ်နောက်တာ ဓာတ်ပုံလေးက http://1.bp.blogspot.com/ ကူးပြီးပြတာ။ :)

အနာဂတ် စင်္ကာပူ ရထားလိုင်း


အနာဂတ်မှာဖြစ်လာမယ့် တည်ဆောက်ဆဲ နှင့် တည်ဆောက်မည့် MRT ရထားလိုင်းလေးတင်ပြလိုက်ပါတယ်။

မွေးနေ့ပွဲလေး

သူများတွေမွေးနေ့လုပ်တော့ ကျနော်လည်းမနေနိုင်တော့ဘူး။ ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်တဲ့ ကျနော့မွေးနေ့ပွဲလေးအကြောင်းပေါ့။

အဲဒီနေ့က ကျနော့မွေးနေ့ပါ။ ဟုတ်ပါတယ်။ သူများတွေနည်းတူ ကိုယ့်မွေးနေ့မှာတော့ ကိုယ်ပျော်ချင်ကြတာကြီးပဲ။ မနက်စောစော ဘုရားသွား ဝေယာဝစ္စ ကုသိုလ်ယူ ဆွမ်းပန်းရေချမ်းကပ်လို့ ဘုရားရှိခိုး အမျှဝေ။ ဗုဒ္ဓဘာသာတို့ လုပ်ရိုးလုပ်စဉ်လေး တွေလုပ်တာပေါ့လေ။ ပုံမှန်လေးလုပ်နေတာမှန်ပေမယ့် ကိုယ့်မွေးနေ့ဆိုတော့ သတ်သတ်မှတ်မှတ်လေး ဂရုတစိုက်လုပ်ရှာတာပေါ့။ ရှားရှားပါးပါးမွေးနေ့မှာ သွေးလှူချင်ပေမယ့် ပြီးခဲ့တဲ့လကပဲ အရေးပေါ်လူနာတစ်ယောက်ရှိလို့ လှူလိုက်ရတယ်လေ။ ကျနော့သွေးကလဲ အေဘီ သွေးဆိုတော့ ဆေးရုံကလည်း အေဘီသွေးလိုရင် ကျနော့ဆီပဲဖုန်းဆက်နေကြကိုး။ မွေးနေ့မှာလှူမှ ကုသိုလ်ရတာမှမဟုတ်တာ။ မွေးနေ့မှာလှူမှကုသိုလ်ရမယ် ဆိုရင်လည်း ကျနော်ကတော့ လှူမှာပဲလေ။ ကုသိုလ်အတွက်ကြီးပဲလှူရင်တော့ ကုသိုလ်ပဲရတော့မပေါ့။ သွေးအကြောင်းပြောနေတာနဲ့ပဲ လိုရင်းမရောက်တော့ဘူး။ ဘုရားအလှူပြီးတော့ တရားအလှူ နဲ့ သံဃာအလှူနှစ်ခုပေါင်းလုပ်ပါတယ်။ ဘုရားအရှေ့ဘက်မုဒ်က မိတ်ဆွေတစ်ယောက် စာအုပ်ဆိုင်မှာထိုင်လို့ ကိုရင်၊ဦးဇင်းတို့ ရွေးသမျှစာအုပ်ကို လှူပါတယ်။

ပြီးတော့ အိမ်ပြန်ထမင်းစားသောက်ပြီး ညမှာလုပ်မယ့် မွေးနေ့ပါတီအတွက် လိုတာလေးတွေပြင်ဆင်ရတာပေါ့။ အမေကလည်း အကောင်းဆုံးဖြစ်အောင်လုပ်ပေးပါတယ်။ ကျနော့ကို သူကိုယ်တိုင် သေမင်းနဲ့ Challenge လုပ်ပြီးမွေးထုတ်ပေးခဲ့တဲ့ နှစ်ပတ်လည်ပဲလေ။ သူနဲ့လည်းဆိုင်တာပေါ့။ ညနေလေးစောင်းတော့ သူငယ်ချင်းတွေ တဖွဲဖွဲရောက်လာကြတယ်လေ။ လက်ဆောင်အသီးသီးနဲ့ပေါ့။ ကျနော့အိမ်က သိပ်အကျယ်ကြီးမဟုတ်ပေမယ့် ပါတီပွဲတစ်ခုလုပ်လောက်တဲ့ ခြံလေးထဲမှာဆိုတော့ ဒါမျိုးအတွက်အဆင်ပြေတာပေါ့။ နှစ်ပေါင် ဘတ်ဒေးကိတ်ကိုလည်း ရွှေပုစွန်က အော်ဒါမှာပြီးဝယ်ထားပြီးပြီ။ စားဖို့ကလည်း အမေကိုယ်တိုင်ဦးစီးပြီး စနစ်တကျပြင်ဆင်ထားပြီးပြီ။ ဟဲဟဲ သောက်ဖို့ကလည်း ရယ်ဒီပဲ။ ဂစ်တာနှစ်လုံးနဲ့ အော်ဂင်ကလည်းအဆင်သင့် သူတို့ကိုအစွမ်းပြတီးခတ်မယ့် သူတွေကလည်း သူငယ်ချင်းတွေထဲမှာရှိပြီးသား။ ပါတီဂိမ်းတွေ ဆားဗစ်ပေးတဲ့အဖွဲ့က သူငယ်ချင်းတစ်ယောက်ကလည်း အခမဲ့ကူညီဖို့ပြောထားပြီးပြီ။ ကဲဘာလိုသေးလဲ။

၂၄ နှစ်ပြည့်ပြီ။ လွန်ခဲ့တဲ့လေးနှစ်တည်းက စောင့်ခဲ့ရတဲ့ ဒီမွေးနေ့ ပျော်ပျော်ကြီးကဲမယ်လို့ စဉ်းစားပြီးသား။ လေးနှစ်??? ဟုတ်ပါတယ်။ အမေ့ကိုပဲ အပြစ်တင်ရမလားပဲ ဘာကြောင့်များ လေးနှစ်မှတစ်ကြိမ် လုပ်ခွင့်ပေးခဲ့ရတာတုန်း။ မွေးနေ့ကိုခုံမင်ပါတယ်ဆိုတဲ့ ကျနော့ကျမှ ဒီနေ့မှာလာမွေးရသလား။ မြန်မာပြက္ခဒိန်နဲ့ ကျတော့လည်းမလုပ်ချင်ဘူးလေ။ သူများတွေလုပ်သလိုပဲ လုပ်ချင်သေးတာကိုး။ မတ်လ ၁ရက်နေ့ဆိုတော့လည်း မဖြစ်သေး။ ခက်ပါတယ်။ သူများတွေများလုပ်နေလိုက်ကြတာ တစ်နှစ်တစ်ခေါက်။ လေးနှစ်မှတစ်ကြိမ်လုပ်တာ သူငယ်ချင်းတွေက လက်ဆောင်လေးခုပေးသင့်တာပေါ့။ အဲ…… ဟုတ်သားပဲ ကျနော်ကလည်း လေးခါကျွေးတာမှမဟုတ်တာ။ သြော်… ပြောစရာတစ်ခုကျန်ခဲ့တယ်။ ရန်ကုန်မြို့ရဲ့ စိတ်မချရတဲ့အရာတစ်ခုကြောင့် အရည်တစ်ချို့ထည့်ပြီးသုံးရတဲ့ စက်တစ်ခုဆောင်ထားရသေးတယ်။ ကျနော့ပွဲလေး အဆင်ပြေချောမွေ့အောင်လို့ပေါ့။

ညနေခုနစ်နာရီထိုးတော့ လူကလည်းတော်တော်စုံပြီ။ ပွဲလေးကိုစလိုက်ပါတယ်။ ကျနော်က မိုက်ကလေးကိုင်လို့ ပရိသတ်ကြီးမင်္ဂလာပါလို့ (Rဇာနည်လေသံနဲ့) ပြောမယ်ကြံတုန်း…… စောစောက စိတ်မချရပါဘူးဆိုတဲ့အရာကြီးက တကယ်ပဲစိတ်ပျက်စေပါတယ်။ ရပါတယ်လေ။ စက်ကဆောင်ထားပြီးသားဆိုတော့ စက်ဖွင့်လိုက်ပါတယ်။ စက်လည်းဖွင့်ပြီး သူကပြန်လာသတဲ့ အဲဒါပေါ့ စိတ်မချရဘူးဆိုတာ။ ကဲပါလေ။ ဒေါသတွေနောက်ထား မွေးနေ့ပွဲလေးစလိုက်ရအောင်။ နှုတ်ဆက်စကားပြောမယ်ဆိုတော့ သူကနောက်တစ်ခေါက်။ တော်ပြီ ဒေါသမထွက်အောင် ပိုက်ဆံပဲအထွက်ခံလိုက်တော့မယ်။ တခါတလေ ဒီလိုပဲ ဒေါသကို ပိုက်ဆံနဲ့လဲလို့ရတယ်လေ။ စက်သာဖွင့်ထားလိုက်တော့ သူ့ဟာသူ လာချင်လာမလာချင်နေ။ အဲလိုဆိုတော့သူက ပေကပ်ပြီနေသား။ နှုတ်ဆက်စကားပြောလို့ပြီးတယ်ဆိုရင်ပဲ နောက်က ကီးဘုတ်ကနေ ဘတ်ဒေးသံစဉ်လေး ထွက်ပေါ်လားပါတယ်။ ချစ်ဖို့ကောင်းလိုက်တဲ့ သူငယ်ချင်းလေး ဒီလိုအလိုက်သိလွန်းလို့ကို ခင်နေရတာ။ ဒီလိုနဲ့ မွေးနေ့ကိတ်စခွဲပါတယ်။ အဲဒီမှာမှ ပြဿနာကစတော့တာပဲ။

မီးဗျို့…မီး…မီး… အိမ်နဲ့ခပ်လှမ်းလှမ်းကအသံပါ။ ပြောနေရင်းကပဲ ဟိုဘက်ရပ်ကွက်လောက်ကနေ မီးခိုးငွေ့တွေတက်လာပါတယ်။ ပြေးတဲ့သူပြေး။ အော်တဲ့သူအော်ပေါ့။ မွေးနေ့ကိတ်ခွဲတဲ့ ကော်ဓားလေးကိုကိုင်ပြီး ရှေ့ပဲပြေးရမလို နောက်ပဲပြေးရမလို။ သိပ်မကြာလိုက်ပါဘူး။ မကြာဘူးဆိုတာတောင် နာရီဝက်သာသာလောက်ကြာသွားတယ်။ ဘာမှမဟုတ်ပါဘူး ကွမ်းယာဆိုင်မှာ ဆိုင်ရှင်မရှိတုန်း ဘယ်လိုလောင်သွားတယ်မသိ။ တော်သေးတာပေါ့ ကွမ်းယာဆိုင်နဲ့တင်ပြီးသွားလို့။ ဒီနေ့ကျမှပဲ သူကတစ်မျိုး။ အားလုံးတည်ငြိမ်သွားတော့ ၈နာရီထိုးပြီ။ သြော်… ရှားရှားပါးပါးလေး လုပ်ရပါတယ်ဆိုမှ။ အဲဒီနေ့က တော်တော်လေးမိုးချုပ်သွားတယ်။ ဂိမ်းဆော့၊ ဂစ်တာတီး၊ စားကြသောက်ကြနဲ့ပေါ့။ ပျော်ဖို့တော့ကောင်းခဲ့ပါတယ်။ အခက်အခဲတွေကြားထဲကမှ မရရအောင်ကျင်းပခဲ့တာဆိုတော့။ နောက် လေးနှစ်ကျမှပဲ ခင်ဗျားကိုဖိတ်တော့မယ်ဗျာ။ လာမယ်မလား။ လောလောဆယ်တော့ကိတ်မုန့်လေးပဲ အစာပြေစားထားဦး။


၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်။

မှတ်ချက်။ ။ ဓာတ်ပုံလေးကို myspace.com ကနေယူပြီးပြသထားပါတယ်။