ကောင်းကင်ထက်ဝယ်
ကြယ်တွေနဲ့လင်း
လမင်းအောက်မှာ
ကဗျာတွေရေး
ဂစ်တာလေးနဲ့
သံစဉ်တွေညည်း
တစ်ကိုယ်တည်းပဲ
ငေးနေမိတယ်
လမင်းလေးရယ်။
ရေးနေမိတာ အချစ်ကဗျာ
ညည်းနေမိတာ အဆွေးသံစဉ်
ဆိုနေမိတာ အလွမ်းသီချင်း
တကယ်တမ်းကျတော့
ငါ့မှာ……
ငေးစရာ ချစ်သူမရှိ
ဆွေးစရာ အလွမ်းမရှိ
တွေးစရာ အချစ်မရှိ
ဘာမှမရှိ ဗလာနတ္ထိ
ဗီလိန်
ဟိုတုန်းက ရေးခဲ့တဲ့ကဗျာလေးပါ။ ကဗျာတွေ စရေးကာစကပေါ့။
4 comments:
ကိုဗီကဗျာဖတ်ပြီးမှပဲ လသာတဲ့ညတွေမှာဂီတာတီပြီးသီချင်းဆိုတဲ့နေ့လေး
တွေကိုလွမ်းမိတယ်ဗျာ...
ဖတ်လို့ကောင်းတယ်ဗျို့...
ဘာမှ မရှိပဲနဲ့လဲ ကြံဖန်ပြီးတော့ကို လွမ်းဆွေးနေတာပေါ့...
ကောင်းပါ့ ဗီလိန်ရယ်
မရှိတာကျန်ဖန်ရေးတော့လည်း ဗလာ လေးလည်းကဗျာဖြစ်သွားတာပေါ့နော်
အယ်...... ကဗျာဆရာပီသပါပေ့ ချစ်သူမရှိတာတောင် အလကားနေရင်း လွမ်းဆွေးနေရတယ်ဆိုလို့ပါ
Post a Comment