ငါလူမှန်းသိတော့
တူတူဆော့မယ့် ညီအစ်ကိုမရှိဘူး
ငါကျောင်းသွားတော့
တူတူသွားမယ့် သူငယ်ချင်းမရှိဘူး
ငါစာကျက်တော့
စာစစ်ပေးမယ့် အမေမရှိဘူး
ငါဆုတက်ယူတော့
လက်ခုပ်တီးမယ့် အဖေမရှိဘူး
ငါချော်လဲတော့
လာထူပေးမယ့် မိတ်ဆွေမရှိဘူး
ငါရန်ဖြစ်တော့
ကူညီပေးမယ့် သွေးသောက်မရှိဘူး
ငါမှိုင်တွေတော့
နှစ်သိမ့်ပေမယ့် ချစ်သူမရှိဘူး
ငါယိုင်လဲတော့
ဝိုင်းရယ်မယ့် လက်ညှိုးတွေပဲရှိတယ်
ဟား ဟား ဟား ဟား
ဒါပေမယ့် ရှိသေးတယ်
ငါ့မာန
ငါ့အတ္တ
ငါ့လုံ့လ
ငါ့ခံယူချက်နဲ့ ငါ ချီတက်ဦးမှာ
ခနဲ့ပြုံးနဲ့ တစ်ခွန်းပဲပြန်ပြောလိုက်မယ်
Only One, But Lion!
ဗီလိန်
15 comments:
အိုး ခြင်္သေ့ကြီးပေကိုး.....ပိုင်သကွာ....:P
ခြင်္သေ့ကြီးလား..ထင်တော့ ထင်သား..
နှစ်သိမ့်ပေးမယ့် ချစ်သူမရှိလည်း..
ကိုင်ပေါက်မယ့် ချစ်သူ ရှာလေဗျာ.. :P
ဟေ ခြင်္သေ့ကြီးရေ အခုတော့ ရန်ဖြစ်ရင်
ထွက်ပြေးပေးမဲ့ သွေးသောက်တစ်ယောက်ရှိတာမမေ့နဲ့ကွာ
ဒါ မနိုင်းနိုင်းစနေ မကြားမကြားအောင် အော်နေတာဖြစ်ရမယ် :P
အော်လိုက် တာ လန့်တောင် လန့် သွားတယ် ..
အခုမှ အော်နေ ခြင်္သေ့တဲ့တော်.. ဟိုနေ့ကတော့ ကြောက်လိုက်တာလွန်ရော..
ခြသေ့်အော်တာတစ်ခါမှမမြင်ဖူးဘူး...
အခုတော့ကိုယ်တွေ.လာကြည့်သွားတယ်။
အင်းကဗျာလေးက မိုက်တယ်... ဝိုင်းရယ်တဲ့ လက်ညိုးတွေကို ကိုက်စားပစ်လိုက်...ခြင်္သေ့ပဲဟာ...
ဝေါင်း .. ဟောင်း ဟောင်း .... .(ခြင်္သေ့အော်သံ)
ဝူးး ဟူးဟူးးး
ဝေါင်း ဝေါင်း ဝေါင်းး
ခြင်္သေ့ ဗိုက်ဆာလို့ အော်သံ =)
တူတူဆော့ပေးပါ့မယ်.. လက်ခုပ်လည်းတီးပေးမယ်.. ချော်လဲရင်လည်း လာထူပေးမယ်.. ဆေးလိမ်းပေးမယ်.. ရန်လည်းကူဖြစ်ပေးမယ်... ယိုင်လဲရင်လည်း ရယ်စရာကောင်းရင် ရယ်မှာပဲ.. ဒါပေမယ့် ပြန်မတ်ကူပါ့မယ်..
ချစ်sisလေး
အင်း...ကျွန်တော်ကတော့တခါတခါခြင်္သေ့..
တခါတလေ နွား ၊.တခါတလေ ယုန်...
တခါတလေ ခွေး ...တခါတလေ ငှက်..
အဲလိုလူဗျ ဟဲဟဲ..
ကိုခြင်္သေ့ကြီး နေကောင်းလား.... ကဗျာကတော့ အားမာန်ပြည့်ပါရဲ့ဗျာ...
ကိုခြေင်္သ ကြီးရေးချက်က ပိုင်တယ်ဗျာ လန်ထွက်နေတာပဲ မှန်တယ် အဲလိုစိတ်ထားမှ
ဘယ်သူမှ လာမစော်ကားရဲမှာဗျ။
ခြင်္သေ့ကြီး ကိုဗီလိန်ရေ... ကဗျာထဲက အားတွေရလိုက်ပါတယ်...
တော်ကီ တွေသောက်ရမ်းလန်းတယ်...။
Post a Comment