မြို့ကြီးပြကြီး မဟုတ်လည်း ဖြစ်ပါတယ်။
စေတီပုထိုးနဲ့ ဘုန်းကြီးကျောင်းတွေ ရှိတာပဲ။
အိမ်ကောင်းတိုက်ကောင်းမှာ မနေရလည်း ဖြစ်ပါတယ်။
အသက်ရှူတော့ ဝနေတာပဲ။
လိုင်းကားတိုးစီးရလည်း ဖြစ်ပါတယ်။
နေမမြင်အောင် လုပ်နေရတာမှ မဟုတ်ပဲ။
ဒေါ်လာမစားရလည်း ဖြစ်ပါတယ်။
တစ်နေ့ သုံးနပ်တော့ ဖူလုံနေတာပဲ။
လျှပ်စစ်မီး မရလည်းဖြစ်ပါတယ်။
ဓာတ်ဆီဈေးတွေ ကျနေတာပဲ။
ဖုန်ထူလည်း ဖြစ်ပါတယ်။
ရေပေါတာပဲ။
ကော်နက်ရှင်မကောင်းလည်း ဖြစ်ပါတယ်။
၁ နာရီမှ ၅၀၀ တည်း။
ဟိုဘန်းဒီဘန်းလည်း ဖြစ်ပါတယ်။
Freedom နဲ့ Freegate ရှိတာပဲ။
ကားကြာကြာစီးပြီးမှ ကျောင်းတော်ကြီးရောက်လဲ ဖြစ်ပါတယ်။
မိဝေးဘဝေးမှ မဟုတ်ပဲ။
အဖေဆိုးလည်း ဖြစ်ပါတယ်။
ပထွေးကောင်းနဲ့ မနေရပြီးတာပဲ။
မင်းတို့ပြောတဲ့ စာလုံးငါးလုံးမရှိလည်း ဖြစ်ပါတယ်။
အသေခံတဲ့ လူသတ်သမားတွေမှ မရှိပဲ။
ဗီလိန်
*ကိုယ်ပိုင်ခံစားချက် သက်သက်မျှသာဖြစ်ပါသည်။ တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ပါ။*
17 comments:
ဒီလူနှယ်...အမှန်တွေပဲ ပြောတတ်သလား မသိ..
တစ်ခါတစ်လေ..မှားပါအုံး.. :P
ကိုဗီ ဂိမ်းမြန်မြန်တင်ပေးပါ... :D
ကောင်းလိုက်တဲ့ကဗျာ.. တစ်ကြောင်းပဲမရှင်းတာ။း)
ဖြစ်ပါကွာ..ဖြစ်ပါ..
တော်လိုက်တဲ့ ဗီဗီလေး ကောင်းလိုက်တဲ့ အတွေးလေးတွေကွာ
ငါနဲ့များကွာပါ့ ဒီခပ်ပိန်းပိန်းငဂျဲလေး မှာ ရူးရရှာ
အေးလေ
“ဟုတ်တာပဲ ဖြစ်နေတာပဲကိုနော့်လေ လိန်လိန် လာပြန်ကြစို့ ဒေါ်လာလည်းမစားနဲ့ ဘတ်လည်း မစားနဲ့ ကြက်ပဲစားကြမယ်
ကြက်= ပြည်ထောင်စုမြန်မာနိုင်ငံတော်ကျပ်ငွေ
စာလုံး ၅လုံးက ဘာလဲဗျို့..
ရှင်းရှင်းလုပ်လေဗျာ :D
အီမိုခရေဇီလားဟင်.. တားတားလိုပေါ့ :P
ခွင့်မလွှတ်ဘူးဟေး (အဟုတ်)
ဒီလိုကဗျာမျိုးတွေ ရေးတာပိုင်ပါ့ဗျာ
အဟမ်းတော်ပါ့ဗီးကတော့ နောက်ဆုံးစကားလုံးလေးကို
ကြောက်တယ်
ကဗျာတစ်ပုဒ်လုံးမိုက်တယ်ဗျာ...
မင်းတို့ ပြောတို့ ပြောတဲ့ စာလုံး ငါးလုံး ဆိုတာ .. ဘာလည်း .. ကေလာ တိချင်ဒယ် ..... :D
ဘာမှမရှိလည်းဖြစ်ပါတယ် ငပေါများဂေဟာ ရှိနေတာပဲ
ကိုဗီလိန်ရေ----
အတွေးဆန်းတဲ့ကဗျာလေးပါလား--
ဒါပေမယ့်--ဘဝဆန်တယ်---
လူတွေဟာ--ချမ်းသာအောင်မြင်မှုအတွက်--
အမြဲတမ်း ရှာနေကြတယ်--တကယ်လိုအပ်နေတာကတော့---
တစုံတခုပါပဲ---
အချိန်မှန်မလာတဲ့ MRT မရှိလည်းဖြစ်တယ်။ ပေါပေါလောလော တား စီးလို့ရတဲ့ CNG Taxi ရှိတာဘဲ။
အဖေဆိုးနဲ့ လည်းမနေပါရစေနဲ့။သားသမီးအရင်းခေါက်ခေါက်ကိုတောင်သတ်နေတဲ့ အဖေဆိုးမျိုးတော့ကြောက်..ကြောက် ...အဟင့် ပထွေးကောင်းကမှ တော်အုံးမယ်။။ဓါတ်ဆီဈေးတွေကျပေမဲ့ကုန်ဈေးနှုန်းတွေမကျတာ ဘယ်လိုလုပ်ကြမလဲ ..ဒုက္ခပါဘဲ နော်။။ကိုဗီလိန်ကြီး ဖြေရှင်းပေးပေတော့  ။
ရွာပြန်ချင်နေပြီလားဗျ မပြန်ပါနဲ့ဦးဗျာ။
t&rfcspfw,fuGm မပါတာ အဲ့စာလုံးတွေလား ...။ အောက်ဆုံး က
Post a Comment