ရော့... အင့်

၁၂လ ၂၀၀၉
၅ ရက်နေ့ တစ်စနေ
တစ်ညနေ ၄ နာရီ
တစ်ဗီလိန် *နှဖန်သကျိုး
တစ်ခါပေး ၃ခါရ
၃လသွား တစ်ခါယူ

ဗီလိန်

မှတ်ချက် ။ ။ * = နှစ်

ပန်း


အတင့်ဆန်း
ပွင့်လန်းတဲ့
အမြင့်ပန်းလေးရေ
နမ်းမထိုက်
လှမ်းမထိုက်တဲ့
ငမိုက်သားမို့
နှလုံးသားမှာ ပုံရိပ်တင်
ကဗျာမဆင်တဲ့ စာတစ်စု
ရင်လှိုက်သဲလှိုက် ချကြည့်ချင်တယ်...
ညှို့သူဝန်းတဲ့ ပန်းမှော်ရှင်

ဗီလိန်

ငပေါများဂေဟာ နှစ်ပတ်လည် မဟာအငြိမ့်ပွဲကြီး - ၃ (ဒီဗီဒီ ဗားရှင်း)

ဇာတ်သိမ်းကတော့ ကိုဟန်သစ်ငြိမ် နဲ့ ကျနော် ၂ ယောက်တည်းပဲ လက်စသတ်လိုက်ပါတယ်ဗျာ။ ဆက်လက် အားပေးကြပါဦး။

ပျော်ရွှင်နိုင်ကြပါစေဗျာ။

=============================================================================



ဟန်သစ်ငြိမ်။ ။ `ကဲ ဘော်ဒါတို့ရေ... မင်းသမီးလေးက အကလည်းကောင်း အယိမ်းလည်းကောင်း... ခု ကျုပ်တို့တောင် မသောက်ဘဲနဲ့ ယိမ်းကုန်ပြီ...´

အင်ဒီ။ ။ `ကျုပ်တို့ မင်းသမီး ယိမ်းနေတာ ခုမှသိတယ်... အဟာရ ပြတ်နေတာကိုး... ဗိုက်မှောက် ရေသောက် ဆိုလားပဲ...´

ဖောင်း... ဖြောင်း...
ဗီလိန်။ ။ `ဟဲ့... အဟာရချို့ရင် စင်ပေါ်တောင် တက်က နိုင်ပါ့မလားဟဲ... အဲဒါ ပညာလို့ ခေါ်တယ်... ကျုပ်တို့ နာယကဂျီးလိုပေါ့... ချိုမိုင်မိုင်နဲ့တင် ပရိသတ်ကို ထိန်းသွားတာ...´

ဟန်သစ်ငြိမ်။ ။ `ကဲ... ခုတစ်ခါတော့ ပရိသတ်ပျော်ပြီး ကျွန်တော်တို့ မောရမယ့် အလှည့်ဖြစ်လို့ လာပြီပေါ့...´

အားလုံး။ ။ `ဟုတ်ပါ့ဗျာ...´

ဟန်သစ်ငြိမ်။ ။ `ဇာတ်သမားလာရင် လျှက်ဆားပါသလို...´

ဖြောင်း...
အောင်သာငယ်။ ။`ဘာ လျှက်ဆားပါတာလဲ... ဇာတ်သမားလာရင် မှတ်သားစရာပါဝင်... အဲလိုဖြစ်ရမှာလေ...´

ဟန်သစ်ငြိမ်။ ။ `အဟီး၊ မသိလို့ပါဗျ... အဲလိုပဲ... ဇာတ်သမားကျန်ရင်... လက်ယားကျန်ချင်..´

ဖြောင်း၊ ဖြောင်း... ဖြောင်း...
ဟန်သစ်ငြိမ်။ ။ `ဟ၊ ဟ… ဟ...´

ချမ်းရဲမှာ ဟန်သစ်ငြိမ်ကို ဘယ်တုန်းက အညှိုးတွေနှင့် မသိ အသေလိုက်ဆော်တော့သည်။

ချမ်းရဲ။ ။ `ဘာ... လက်ယားကျန်ခဲ့မှာလဲ... နင့်ဂျီးတော်လား... ဇာတ်သမားတကာပြန်ရင် မှတ်သားစရာကျန်တယ် အဲလိုလုပ်ပါဟ။ ဇာတ်ထောင်စားပြီး ဒါလေးတောင်မသိရင် နင်ထမင်းငတ်ဖို့ပဲ ရှိတယ်...´

အောင်သာငယ်။ ။ `တော်ကြဟာ... ကဲ၊ ဟန်သစ်ငြိမ် ဘာလုပ်မှာလဲ ပြော...´

ဟန်သစ်ငြိမ်။ ။ `ဒီလိုလေ... ကိုကြီးသာရ... ပရိသတ်က ပျော်လည်း ပျော် ဗဟုသုတလည်း ရအောင် ကျွန်တော်တို့တွေ သင်ပုန်းကြီး ဆိုကြရင် မကောင်းဘူးလား...´

အင်ဒီ။ ။ `က၊ ကလေးငယ် ချစ်စဖွယ်... အဲလိုလား...´

ဟန်သစ်ငြိမ်။ ။ `ဟုတ်တယ်၊ မဟုတ်ဘူး...´

ဇာနည်။ ။ `ဘယ်လို ဟုတ်တယ်... မဟုတ်ဘူးလဲ... နာယကဂျီးလေသံ လာခိုးနေပြန်ပြီ...´

ဟန်သစ်ငြိမ်။ ။ `ဟုတ်တယ်ဆိုတာ သင်ပုန်းကြီးဆိုမှာကိုပြောတာ။ မဟုတ်ဘူးဆိုတာ ကျုပ်တို့က အသစ်ဖျက်ဆိုမှာလေ...´

ဗီလိန်။ ။ `အော်… ဂလိုလား... စိမ်လိုက်လေ... အဲဒါမစခင် တစ်ခုပြောမယ်... ကကြီး၊ ခခွေးတွေနဲ့ ဘယ်သူ ကဗျာစပ်နိုင်လဲ…´

ဟန်သစ်ငြိမ်။ ။ `အော်ဒါများ လွယ်လွယ်လေး... က၊ ကောင်မလေးရေ... ခ၊ ခင်လို့ပါကွာ... ဂ၊ ဂျင်ပေါက်ချင်လို့... င၊ ငါနဲ့အတူတူ... စ၊ စမ်းသပ်ပြီးတော့... ဆ၊ ဆော့ကြရအောင်... ဇ၊ ဇွန်ပန်းရုံနား... ည၊ ညဘက်မှာလေ...။

အောင်သာငယ်။ ။ `အောင်မယ် အောင်မယ်... ခင်တာနဲ့ ညဘက် ဂျင်ပေါက်ချင်တယ်တဲ့... ဟုတ်သေးပါဘူး...´

အင်ဒီ။ ။ `ညဘက် ဂျင်ပေါက်ရအောင် မမြင်မစမ်းနဲ့ ဒီလူကြီး မရိုးသားဘူး...´

ဟန်သစ်ငြိမ်။ ။ `ရဘူးလားဗျ...´

အောင်သာငယ်။ ။ `ရဘူး... ဒီမှာ... ကျုပ်ဆိုပြမယ်... က၊ ကောင်မလေးရေ... ခ၊ ချစ်မိနေလို့... ဂ၊ ဂျွမ်းပစ်နေပြီ... င၊ ငါ့ရင်ထဲမှာ... စ၊ စွဲလမ်းလွန်းလို့... ဆ၊ ဆုတောင်းပါတယ်... ဇ၊ ဇာတ်သိမ်းခန်းမှာ... ည၊ ညားပါရစေ...´

ဇာနည်။ ။ `အံမယ်... ညားပါရစေဆိုပါလား... ကဲ... ကျုပ်လည်း ခုတင် စပ်လိုက်ပြီ... က၊ ကောင်မလေးရေ... ခ၊ ခွင့်လွှတ်နော်... ဂ၊ ဂိန်ဆိုပြီး... င၊ငါကန်လိုက်လို့... စ၊ စိတ်ဆိုးတာ ဆ၊ ဆရာမကို သွားမတိုင်နဲ့၊ ဇ၊ ဇာတ်ထဲကလို... ည၊ ညီးနေမှာပေါ့ :P
အင်ဒီ။ ။ `သူ့ထက်သူ လူစွမ်းကောင်းချည်းပါလားဗျ... ကျုပ်လည်း ရေးထားတယ်... က၊ ကောင်မလေးရေ... ခ၊ ချမ်းလိုက်တာကွာ... ဂ၊ ဂျင်းပြုတ်ရည်လေး... င၊ ငါသောက်ချင်လို့... စ၊ စေတနာနဲ့.. ဆ၊ ဆူအောင်တည်ပြီး... ဇ၊ ဇွန်းကလေးနဲ့... ည၊ ညှစ်တိုက်ပါကွာ...´
ဟန်သစ်ငြိမ်။ ။ `ဟ ဟ၊ ဂျင်းပြုတ်ရည် သောက်ချင်လို့ ဆိုပါလား...´

ဗီလိန်။ ။ `အေးဟ၊ ဒီလူကြီး လိုင်းပြောင်းသွားပလား...´

ချမ်းရဲ။ ။ `နေပါဦး `ဃ´ နဲ့ `ဈ´ က ဘယ်သွားထားမှာလဲ...´

အင်ဒီ။ ။ `အမ်... ဟိုလူကြီးတွေလည်း ထည့်မှ မစပ်ဘဲ...´

ဟန်သစ်ငြိမ်။ ။ `ဘာလို့ မရမှာလဲ... ဒီမှာကြည့် ကျုပ်စပ်ပြမယ်... က၊ ကောင်မလေးရေ... ခ၊ ချစ်မိနေလို့... ဂ၊ ဂျွမ်းပစ်ပြီးတော့... ဃ၊ ဃရာဝါသ... င၊ ငါပြုချင်တယ်... စ၊ စွဲဆောင့်ချင်ပြီး... ဆ၊ ဆောင့်စွဲချင်တယ်... ဇ၊ ဇွန်းတွေရောင်းတဲ့... ဈ၊ ဈေးရုံထဲမှာ... ည၊ နေဘက်ပေါ့...´

ဖောင်း... ဖြောင်း... ဖုန်း...

အောင်သာငယ်။ ။ `တော်စမ်းဟာ၊ ညစ်တီးနဲ့ ညစ်ပတ်တွေ... ဃရာဝါသ ပြုချင်သလေး ဘာလေးနဲ့´

အင်ဒီ။ ။ `ဟုတ်တယ်၊ ဒီလူကြီး မရိုးဘူး... စွဲဆောင့်၊ ဆောင့်စွဲဦးမတဲ့...´

ဟန်သစ်ငြိမ်။ ။ `ထားဗျာ... ခရီးမရောက်ဘဲ ရှိတော့မယ်... ကျုပ်တို့ သင်ပုန်းကြီးကို စကြရအောင်...´

အားလုံး။ ။ `အိုကေ... စလေ...´

ဟန်သစ်ငြိမ်။ ။ `စလေ...´

အားလုံး။ `စလေ...´

ဟန်သစ်ငြိမ်။ ။ `အေးလေ... စလေ...´

ဗီလိန်။ ။ `ဟာ၊ ခင်ဗျားအကြံပေးတာ ခင်ဗျား အရင်စလေဗျာ...´

ဟန်သစ်ငြိမ်။ ။ `အိုကေ... စမယ်... က၊ ကွမ်းယာ စားကြည့်ဗျာ...´

အောင်သာငယ်။ ။ `ခ၊ ခေါင်ရည် သောက်သင့်သည်...´

ဗီလိန်။ ။ `အောင်မယ်... ဟုတ်နေကြပါလား... ကဲ ဆက်လိုက်မယ်... ဂ၊ ဂေါ်လီ ခေတ်ဆန်သည်...´

ချမ်းရဲ။ ။ `င၊ ငွေပဲ အသည်းစွဲ...´

ဇာနည်။ ။ `စ၊ စောက်... စောက်...´

ဖုန်း၊ ဖြောင်း... ခွပ်...

ဟန်သစ်ငြိမ်။ ။ `ဘာတွေ ညစ်တီးနဲ့ ညစ်ပတ် လုပ်မလို့လဲ... တခြားဟာဆို...´

ဇာနည်။ ။ `အဟင့်... ခက်တော့တာပဲ... အဲ... စ၊ စီးကရက် သောက်လေမပျက်...´

အင်ဒီ။ ။ `ဆ၊ ဆေးခြောက် အမြဲစွဲသောက်...´

ဟန်သစ်ငြိမ်။ ။ `ဇ၊ ဇီဇာ ကြောင်ကြည့်ပါ...´

အောင်သာငယ်။ ။ `ည၊ ညုတုတု အမြဲပြု...´

ဗီလိန်။ ။ `တ၊ တဏှာ မက်ကြပါ...´

ချမ်းရဲ။ ။ `ထ၊ ထန်းရည် အမူးသောက်မလေ...´

ဇာနည်။ ။ `ဒ၊ ဒုစရိုက် ပြုကြည့်လိုက်...´

အင်ဒီ။ ။ `ဓ... ဓ... အဲ... ခက်တော့တာပဲ...

အောင်သာငယ်။ ။ `ဘာခက်လို့လဲ... ဓ၊ ဓာတ်ဆီ ခိုးရောင်းမည်...´

ဟန်သစ်ငြိမ်။ ။ `န၊ နှာဗူး ထလို့မြူး...´

အင်ဒီ။ ။ `ပ၊ ပိုကာ ဒေါင်းကြည့်ပါ´

ဗီလိန်။ ။ `ဖ၊ ဖာ... ဖာ...´

ဖောင်း... ဖြောင်း၊ ဖြောင်း... ဖောင်း

အောင်သာငယ်။ ။ `တော်၊ တော်... နင်ဘာဆိုမလဲ ငါသိတယ်... ဒီပြင့်ဟာဆို...´

ဗီလိန်။ ။ `အင်း... အဲ... ဖ၊ ဖဲဆို ရိုက်ဖို့လို...´

ချမ်းရဲ။ ။ `ဗ၊ ဗရုတ်ကျ အမြဲလုပ်ကြ´

ဇာနည်။ ။ `ဘ၊ ဘီယာ သောက်ကြည့်ပါ´

အင်ဒီ။ ။ `မ၊ မိန်းမ လိုက်စားကြ...´

အောင်သာငယ်။ ။ `ယ၊ ယမကာ ကောင်းလှတာ...´

ဟန်သစ်ငြိမ်။ ။ `ရ၊ ရမ်ဆို သောက်ဖို့လို...´

ဗီလိန်။ ။ `လ၊ လိမ်ပြီး ပြောကာဖြီး´

ချမ်းရဲ။ ။ `၀ီစကီ သောက်ပါမည်… အဟီ အဟီ...´

ဇာနည်။ ။ `သ၊ သံဝါသ ပြုယှက်ကြ...´

အောင်သာငယ်။ ။ `အောင်မယ်... သံဝါသတဲ့ အေကိုက်နေမယ်... လူကြီး... ဟိုကောင် အောင်ဒီကန် ဆက်ဆိုလေ...´

အင်ဒီ။ ။ `ဟ၊ ဟ...ဟ... ဟ၊ ဟန်သစ်ငြိမ်...´

ဖောင်း...

ဟန်သစ်ငြိမ်။ ။ `ဟ ဆိုတာနဲ့ ကျုပ်ကို အော်စရာလား... ဒီမှာ... ကျုပ်စပ်ပြမယ်... ဟ၊ ဟီးရိုးအင်း အကြောထဲသွင်း...´

ဗီလိန်။ ။ `ကဲ... ကျုပ်က အဆုံးသတ်လိုက်မယ်... အ၊ အရက် သောက်လေမပျက်... အဟဲဟဲ...´

အားလုံး။ ။ `အဟဲ... ဟဲ... ဟဲ...´

အောင်သာငယ်။ ။ `ကဲ... ဘော်ဒါတို့ရေ... ပျော်တာလည်း ပျော်ကြတာပေါ့... မင်းသမီး အလှည့်ပေးဖို့ အချိန်လည်း ကျပြီ မဟုတ်လား...´

ဟန်သစ်ငြိမ်။ ။ `ဟုတ်တာပေါ့... ခုတစ်ခါ ဘယ်သူ့ကို ခေါ်မလဲဗျို့...´

ဗီလိန်။ ။ `အော်... သူကတော့ အင်မတန်မှ လှပဆန်းသစ်စွာ သီဆိုဖျော်ဖြေမယ့် မင်းသမီးချောလေး... ဆန်းပြားတဲ့ ဂန်းစတား မစွန်မု... ပဲဖြစ်ပါတယ်... ကဲ... ဒါလီနှမ လာဒီည... ပါတီခင်ဗျ...´

ဖောင်း... ဖြောင်း
အောင်သာငယ်။ ။ `အာ... မင်းသမီး ခေါ်ပါဆို... ဘာပါတီလဲ... ကျုပ်ခေါ်မယ်... ဟဲ့ကောင်မ ခုရှေ့ထွက်ခဲ့စမ်း...´

ဖောင်း... ဖောင်း၊ ဖြောင်း...
ဟန်သစ်ငြိမ်။ ။ `အာ... ခက်တော့တာပဲ... မင်းသမီးခေါ်ပါဆို ငါစိမ်းတန်းရောက်နေသလား မှတ်ရတယ်... ကဲ ကျုပ်ခေါ်ပြမယ်... ဘာတဲ့... ဖြေရှင်း မညီးတော့ပါဘူး.... အခြေသတင်းကြီးလေတဲ့ ရွှေမင်းသမီးရေ... ကျုပ်နဲ့ အနေချင်းသာ... နီးလိုက်ပါတော့... အော့...အော့´

ဖောင်း၊ ဖြောင်း... ဖောင်း
ချမ်းရဲ။ ။ `ဟ၊ တော်စမ်းပါဗျာ။ ဒီလူကြီး လူတကာနဲ့ အနေနီးချင်နေတယ်... အေကိုက်မှ ခက်မယ်နော်...

အင်ဒီ။ ။ `အဲဒါဆို... ကျုပ်ခေါ်မယ်... အထင်ကရ... အမြင်လှ... နင်အကစိုတဲ့ ခင်နှမပျို... ရေ... အေ... အေ´

လှုပ်တုပ်လှုပ်တုပ်နဲ့ မင်းသမီး စင်ပေါ်သို့ တက်လာပြန်သည်။

မစွန်မု။ ။ `ဟိုဘက်က အပျိုတောင် လျှာလည်တဲ့ ကိုအောင်သာငယ်လားဗျ...´
အောင်သာငယ်။ ။ `မှန်ပါ့ဘုရား...´

ဖောင်း... ဖြောင်း။ ဖောင်း...
ဟန်သစ်ငြိမ်။ ။ `ဘာတွေ မှန်ပါ့ လုပ်နေတာလည်း ဘုရင်ခေတ်ဆိုတာ ရှိတော့ဘူးဆိုတာ သိဘူးလား...´

မစွန်မု။ ။ `ဟိုဘက်နားက အမှန်အစစ်မငြိမ်တဲ့ ဟန်သစ်ငြိမ်လားဗျ...´
ဟန်သစ်ငြိမ်။ ။ `ဟုတ်ကဲ့ပါ မစွန်မုရေ... ရန်ဖြစ်ချိန်တောင် မရှိပါဘူး...´

မစွန်မု။ ။ `ဒီဘက်ကတော့ အမှန်အတည်ကြောင်တဲ့ အန်ဒီကောင်လား ရှင့်...´
အင်ဒီ။ ။ `ဟုတ်ကဲ့ ခင်ည တွေ့ရတာ ၀မ်းနာပါတယ်...´

ဖောင်း... ဖြောင်း...
အောင်သာငယ်။ ။ `၀မ်းသာတယ် လုပ်ပါ...´

မစွန်မု။ ။ `တယ်လည်း နောက်ကြသကိုး... ဟိုအခြမ်းထဲက ကိုချမ်းရဲလား ရှင်...´
ချမ်းရဲ။ ။ `ယက်စ်... နိုက်စ် တူ ဆီး ယူ မင်းသမီး...´

ဟန်သစ်ငြိမ်။ ။ `အံမယ်... အရေးထဲ ဗိုလ်လာဆန်နေရသေးတယ်´
မစွန်မု။ ။ `အားလုံးကို တွေ့ရတာ ၀မ်းသာပါတယ်ရှင်...´

ဇာနည်။ ။ `ဟ ဟ... ကျွန်တော် ကျန်သေးတယ်လေ မင်းသမီး...´

ဖောင်း... ဖြောင်း... ဖွပ်... ဖြောင်း...
အင်ဒီ။ ။ `နင်အသာနေစမ်း... နင့်ကို မင်းသမီးက အဖက်မှ မလုပ်တာ...´

ဇာနည်။ ။ `ငါ့အဖက်မလုပ်တော့... နင်တို့ကိုရော အဖက်လုပ်လို့လား...´

ဖောင်း... ဖြောင်း...
အောင်သာငယ်။ ။ `တော်ကြစမ်းဟာ... ညစ်တီးနဲ့ ညစ်ပတ်တွေချည်း စင်ပေါ်တက်အော်နေ... ဟိုမှာ စိစစ်ရေးက အကိုကြီးတွေ ထိုင်နေတာ မတွေ့ဘူးလား... ရှေ့ဆုံးတန်းမှာ ခက်တော့တာပဲ...´

မစွန်မု။ ။ `ဆောရီးနော်... မေ့သွားလို့ပါရှင်... ဒီနားလေးက ဘာမထီတဲ့ ရုပ်နဲ့ ကိုဇာနည်လားရှင့်...´
ဇာနည်။ ။ `ဟုတ်ကဲ့ပါ... မင်းသမီး... အဟီး ဟီး... နေကောင်းပါ၏ ဟီး ဟီး...´

အင်ဒီ။ ။ `နွားကျနေတာပဲ သွားတွေကို ဖြီးလို့...´

ဗီလိန်။ ။ `သူ့ခဗျာ ခုမှ အမမြင်ဖူးရှာတာလေ...´

ဖောင်း...
ဇာနည်။ ။ `အာ... ခုမှ မြင်ဖူးရအောင် ငါက အထီးတောထဲ ရောက်နေလို့လားဟ...´

ဗီလိန်။ ။ `သိဘူးလေ...´

အောင်သာငယ်။ ။ `နင်တို့တွေ တော်ကြစမ်းဟာ... ရန်ဖြစ်ချင် စင်အောက်ရောက်မှဖြင့်... အချိန်ရှိဘူး... ကဲ... မင်းသမီး နင်က ခေါင်းစောင်း ဆိုတော့...´

ဟန်သစ်ငြိမ်။ ။ `ခေါင်းဆောင်မင်းသမီး လုပ်ပါ... ဘယ့်နှယ် ခေါင်းစောင်း ရမှာလဲ...´

အောင်သာငယ်။ ။ `အော်... အေး... မှားလို့... ဒီတော့ မင်းသမီး ခုနကလိုပဲ... ကစရာရှိက... ပြီးရင်ဂျောင်း...´

အားလုံး။ ။ `မလကဂျောင်း...´

မစွန်မု။ ။ `အဟီး ဟီး... သမီးကို မလကဂျောင်းတဲ့... ကိုကြီးသာ ပြောပါဦး...´

မင်းသမီးက ကိုအောင်သာငယ် လက်ကိုဆွဲပြီး ညုတော့...

အောင်သာငယ်။ ။ `ဟေ့ကောင်တွေ ခု ပါးစပ်ပိတ်... ကဲ မင်းသမီးစတော့...´

မစွန်မု။ ။ `အဟင့်... စပါ့မယ်ရှင့်... ခုတစ်ခါ သီဆိုမယ့် သီချင်းကတော့... ထွန်းအိမ်သာဗိုလ်ရဲ့...´

ချမ်းရဲ။ ။ `ထွန်းအိန္ဒြာဗိုလ် လုပ်ပါဟယ်... တော်ကြာ ဟိုမှာ တက်သေသွားပါဦးမယ်...´

အင်ဒီ။ ။ `ဟုတ်တယ်... သူလုပ်မှ အိန္ဒြာကျော်ဇင်က အိမ်သာကျော်စင်ဖြစ်တော့မယ်...´

ဟန်သစ်ငြိမ်။ ။ `ကဲ... မင်းသမီး စမယ်ဆိုလည်း စဗျာ... အကုန်တွေ ချိန်တယ်´

ဗီလိန်။ ။ `အချိန်တွေ ကုန်တယ် လုပ်ပါဟ...´

ဟန်သစ်ငြိမ်။ ။ `အင်း... ဟုတ်တယ် မင်းသမီး၊ အကုန်တွေချိန်... အဲ... အချိန်တွေကုန်တယ်...´

မင်းသမီး။ ။ `အင်း... သမီး ခုတစ်ခါ သီဆိုမှာကတော့ အဲဒီ... ထွန်း... ထွန်း... ထွန်းဟိုဒင်းဗိုလ်ရဲ့...´

အောင်သာငယ်။ ။ `အရေးထဲ ဟိုဒင်းဗိုလ်နေရသေး... မြန်မြန်ဆိုဟာ... ပြီးရင် ဆင်း...´

မင်းသမီး။ ။ `အဟင့်... မီးကို ရက်စက်လိုက်တာ... ဆိုပါ့မယ်၊ ကပါ့မယ် ရှင်... အဲဒီ အဆိုတော်မမ ဆိုထားတဲ့ `ကိုကိုရေ ချစ်မိပြီ´ ဆိုတဲ့ သီချင်းပါ...´

သူ့စကားဆုံးတာနဲ့ ရွာစားသံလွင်ဟီးရိုးရဲ့ တီးဝိုင်းနဲ့ ဒီဂျေ ဖိုးဂျယ်တို့ရဲ့ တီးခတ်သံတွေ ထွက်လာတော့သည်။ သီချင်းနဲ့အတူ မင်းသမီးက တစ်ကိုယ်လုံးကို လှုပ်ခါပြီး သီဆို ကခုန်တော့သည်။

ဆုံဆုံလာတဲ့ ကျွန်မနဲ့ နိုက်ကလပ်မှာ
ရင်တွေ တင်တွေကိုပဲ ကြည့်နေလို့
ကျွန်မစိတ် အိုမလုံပါဘူး သူဘာများလုပ်မလို့လဲ
ငွေတွေပါတာကို ရင်ဖွင့်ပြောမယ်လို့ ထင်ခဲ့

မြန်မြန် မြန်မြန်လေး ပြောမယ် ဈေးစကားဆို
ကိုရေ လူတွေ လစ်တုန်း ပြောပါလား
ကြောက်တတ်လိုက်တာ လွန်ပါရော
ရှင်ယောက်ျား မဟုတ်လို့လား
လူပုံကို မြင်တာနဲ့ ဗူးတာ သိတာပေါ့...

အို... နင်ဘယ်လောက်လဲ ဖွင့်မေးရင်လည်း အို၊ ကျွန်မက စိတ်ဆိုးမယ်ထင်လား
ဘယ်လိုလဲ ရှင်... ပြောတော့မလား ကြာရင် သိပ်နောက်ကျလို့ သွားလိမ့်မယ်

ကိုကိုရှင် စဉ်းစားတာ သိပ်သိပ်ကြာ
ငွေတွေကုန် မှာကိုပဲ စိုးနေသလား
ချစ်တတ်တဲ့ အို... ကိုကိုရေ ဒီအထာလေး ပေးလိုက်မယ်
ဟန်မဆောင်နဲ့ မြင်ရင်တစ်ခါတည်း... ဈေးပြောနိုင်ပါတယ်

ဆုံဆုံလာတဲ့ ကျွန်မနဲ့ နိုက်ကလပ်မှာ
ရင်တွေ တင်တွေကိုပဲ ကြည့်နေလို့
ကျွန်မစိတ် အိုမလုံပါဘူး သူဘာများလုပ်မလို့လဲ
ငွေတွေပါတာကို ရင်ဖွင့်ပြောမယ်လို့ ထင်ခဲ့

အို... နင်ဘယ်လောက်လဲ ဖွင့်မေးရင်လည်း အိုကျွန်မက စိတ်ဆိုးမယ်ထင်လား
ဘယ်လိုလဲ ရှင် ပြောတော့မလား ကြာရင် သူများဦးသွားလို့ မောလိမ့်မယ်

ကိုကိုရှင် စဉ်းစားတာ သိပ်သိပ်ကြာ
ငွေတွေကုန် မှာကိုပဲ စိုးနေသလား
ချစ်တတ်တဲ့ အို... ကိုကိုရေ ဒီအထာလေး ပေးလိုက်မယ်
ဟန်မဆောင်နဲ့ မြင်ရင်တစ်ခါတည်း... ဈေးပြောနိုင်ပါတယ်
ကိုကိုရှင် စဉ်းစားတာ သိပ်သိပ်ကြာ
ငွေတွေကုန် မှာကိုပဲ စိုးနေသလား
ချစ်တတ်တဲ့ အို... ကိုကိုရေ ဒီအထာလေး ပေးလိုက်မယ်
ဟန်မဆောင်နဲ့ မြင်ရင်တစ်ခါတည်း... ဈေးပြောနိုင်ပါတယ်

ကိုကိုရေ ဈေးပြောပါ... အာဟာ...


မင်းသမီးက ဆိုပြီးတာနဲ့ ရှက်ကိုးရှက်ကန်း စင်ပေါ်မှ တစ်ခါတည်း ဆင်းသွားလေတော့သည်။

ဟန်သစ်ငြိမ်။ ။ `ကဲ... ကဲ... ပရိသတ်ရေ... မင်းသမီးကတော့ အထာပေးသွားပြီနော်...´

ဖောင်း... ဖြောင်း... ဖောင်း...

ဇာနည်။ ။ `မင်းသမီးက အထာပေးစရာလား ပရိသတ်ကို...´

ဟန်သစ်ငြိမ်။ ။ ` သိဘူးလေ... ဈေးပြောနိုင်ပါတယ်ဆို... ပြီးတော့ နိုက်ကလပ်ဆိုလားပဲ...´

ဗီလိန်။ ။ `ဟာ... အဲဒါ ကျုပ်တို့ကို စောင်းဆိုတာ ဖြစ်မှာပေါ့...´

အင်ဒီ။ ။ `ဟုတ်တယ်... ကျုပ်တို့မင်းသမီးက နိုက်ကလပ်မှာ အကကောင်းဆိုပဲ...´

ဖောင်း... ဖြောင်း...

အောင်သာငယ်။ ။ `နင်တို့ အဲဒါပဲ တွေးနေ... ဟိုမှာ အစောကြီးတည်းက ပြောပါတယ်... ထွန်းအိမ်သာဗိုလ် ဆိုထားတာပါဆို...´

ချမ်းရဲ။ ။ `ထွန်းအိန္ဒြာဗိုလ်လုပ်ပါဗျာ... တခါလာ အိမ်သာ အိမ်သာနဲ့´

အင်ဒီ။ ။ `တော်စမ်းပါဗျာ... ခင်ဗျားတို့ မင်းသမီးကဖြင့် ဆင်းသွားပြီ... ခုထိ အိမ်သာကိစ္စ မပြီးသေးဘူး...´

ဟန်သစ်ငြိမ်။ ။ `အဲဒါ အသာထား... ခုဘာ ဆက်လုပ်ကြမှာလဲ...´

ဇာနည်။ ။ `ဟ၊ ကျုပ်တို့က လူရွှင်တော်တွေဆိုတော့ ဟာသ ပြောရမှာပေါ့...´

ဟန်သစ်ငြိမ်။ ။ `အေး၊ အဲဒါဆို ပြောလေ...´

ဇာနည်။ ။ `အင်း... ဟုတ်တယ်၊ ပြောလေ...´

အောင်သာငယ်။ ။ `ဟုတ်သားပဲ၊ ပြောကြလေ...´

ဗီလိန်။ ။ `အာ... ခင်ဗျားတို့... ဘာတွေဖြစ်နေတာလဲ... ဟာသ ပြောကြပါဆို...´

အင်ဒီ။ ။ `ဟုတ်တယ်၊ ပြောကြလေ...´

ချမ်းရဲ။ ။ `အာ... ခက်တော့တာပဲ... ဟေ့လူတွေ ဟာသဗျ၊ ဟာသ...´

အချင်းချင်း လက်ညှိုးတွေ ထိုးကုန်ကြတော့သည်။ တချို့က ရေချိန်ကိုက်နေသလို ၊ တချို့ကလည်း ဖဲရိုက်ချင်... တချို့ကလည်း အွန်လိုင်းတက် ချက်တင်း လုပ်ချင်စိတ်က စောနေသဖြင့် ကျက်ထားသမျှ ဟာသတွေ မေ့ကုန်သဖြင့် အချင်းချင်း မေးငေါ့ကြကုန်တော့သည်။

ဟန်သစ်ငြိမ်။ ။ `ဟ၊ ဟ... လုပ်ကြဦးဟ... ဟိုမှာ ပရိသတ် စောင့်နေပြီ... ခက်တော့တာပဲ...´

အင်ဒီ။ ။ `ကဲ... ဒီလိုလုပ် ကျွန်တော် သီချင်းတစ်ပုဒ် ဆိုပြမယ်...´

ဟန်သစ်ငြိမ်။ ။ `အေး၊ ကောင်းတယ်... ဘာသီချင်းလဲ...´

အင်ဒီ။ ။ `ဟိုလေ... ဇော်ပိုင် ဆိုထားတဲ့ `စုံသော အသီး´ ဆိုတဲ့ သီချင်းလေ...´

အောင်သာငယ်။ ။ `အာ... မဆုံသောလမ်းပါ... နင့်အလှည့်ကျမှ စုံသောအသီးဖြစ်ရတယ်လို့...´

အင်ဒီ။ ။ `သိဘူး... ကျွန်တော့် ဗားရှင်းအသစ်က စုံသောအသီးတဲ့...´

ချမ်းရဲ။ ။ `ဘာဖြစ်ဖြစ်ဆိုကွာ... ကြာတယ်...´

အင်ဒီ။ ။ `ဟို... ပြီးတော့... အလယ်က Chorus ပဲ ရတာနော်...´

ဗီလိန်။ ။ `ဆိုစရာရှိ ဆိုကွာ...´

အင်ဒီ။ ။ `အင်း… ဆိုမယ်...´

ဗီလိန်။ ။ `ဆို...´

အင်ဒီ။ ။ `ဆိုမယ်နော်...´

ဗီလိန်။ ။ `ဆိုလေကွာ...´

အင်ဒီ။ ။ `ဆိုတော့မယ်နော်...´

ဖောင်း... ဖြောင်း... ဖောင်း...

အောင်သာငယ်။ ။ `ငါ... လုပ်လိုက်ရ... ဆိုစရာရှိ ဆိုဟာ...´

အင်ဒီ။ ။ `အဟင့်... ဆိုပါ့မယ်... ဆိုမယ်နော်...´

ဟန်သစ်ငြိမ်။ ။ `အာ... ဒီလူ... ထပ်ရိုက်လိုက်ရ...´

အင်ဒီ။ ။ `ရိုက်ပါနဲ့ဗျာ... ဆိုပါ့မယ်...

အင်ဒီက ဇော်ပိုင်စတိုင် ဂစ်တာ တီးသလိုလို လက်ဟန်နှင့် လုပ်နေသေးသည်။ ပြီးတော့မှ...

စုံသောအသီး...
မင်းကြိုက်ရာရွေးခြယ်သွားပြီး...

စုံသောအသီး...
မင်းကြိုက်ရာရွေးခြယ်သွားပြီး...
ကျန်နေတာက ဘူးသီး...
ရော့ ကျောက်ဖရုံသီး...
မလိုချင်ဘူး သခွားသီး...
မင်းမကြိုက်တဲ့ ငရုတ်သီး...
အို... စုံ သော အသီး...

စုံသောအသီး...´
(မှတ်ချက်။ ဇော်ပိုင်၏ မဆုံသောလမ်း Chorus အလိုက်ဖြင့် သီဆိုပါရန်)

ဇာနည်။ ။ `ခင်ဗျား... အသီးဆိုမှ ကျုပ်အသီးနဲ့ ပတ်သက်တာတွေ သွားသတိရမိတယ်...´

အောင်သာငယ်။ ။ `ဆိုစမ်းပါဦးဗျ...´

ဇာနည်။ ။ `ကဲ နားထောင်... ဒီလိုဗျာ... ရှောက်သီးလို လျှောက်ဖြီးတာမဟုတ်ပါဘူး… ထန်းမြစ်လို အရမ်းချစ်တာပါ ချစ်သူရယ်... ဘူးသီးကြော်လို ရူးပြီးအော်နေတာလည်း မဟုတ်ပါဘူး... ငါးပိချက်လို အသိမခက်ပါနဲ့တော့... မဟုတ်ရင် ဂျူးမြစ်လို အရူးဖြစ်ရပါ တော့မယ်...´

ဟန်သစ်ငြိမ်။ ။ `အံမယ်... ဒါမျိုးဆို သားတို့လည်း ရပါတယ်ဗျ... သခွားသီးလို တအားညည်းပြီး သင်္ဘောသီးလို အတင်းအပြောကြီးနေတာ မဟုတ်ပါဘူး ချစ်သူရယ်... သရက်သီးလို အရှက်ကြီးတတ်တဲ့သူကို ငရုတ်သီးလို အစုတ်ကြီးလို့တော့ မပြောလိုက်ပါနဲ့၊ တကယ်ဆို ကိုယ်ဟာ သစ်တော်သီးလို အချစ်တော်တော်ကြီးလို့... ခရမ်းသီးလို အလွမ်းမီးတွေ ဝေနေရတာပါ။

အောင်သာငယ်။ ။ `ကဲ... တော်ကြတော့ ပြောစရာမရှိတာကို အဖြစ်လုပ် ပြောမနေကြနဲ့... မင်းသမီး ခေါ်မယ်ဆိုခေါ်... ကျုပ်တို့ စင်နောက်မှာ လုပ်စရာ တပုံကြီး´

ဗီလိန်။ ။ `ဟုတ်ပါပြီ... ဘယ်က ဘယ်လို စခေါ်ကြမှာတုန်းဟ...´

အင်ဒီ ။ ။ ဒီတစ်ခါ မင်းသမီး သုံးယောက်လုံး ခေါ်ဗျာ။

ချမ်းရဲ ။ ။ ဟ လောဘကကြီးလှချည်လား။

ဟန်သစ်ငြိမ် ။ ။ လောဘကြီးတယ် မလုပ်နဲ့ အချိန်က သိပ်မရှိတော့ဘူး။ ကမ္ဘာက ပျက်ရဦးမှာ။

ဇာနည် ။ ။ အေးကွာ ခေါ်မယ့်ခေါ် သုံးယောက်လုံးသာ ပြိုင်တူခေါ်လိုက်။ ကျုပ်တို့လည်း ငန်း....အန်း... အန်း.....

ဖျောင်.... ဖျောင်.....
အောင်သာငယ် ။ ။ ငန်းစရာလား။ အဲဒါ့ ဂေဟာ လူဂျီးမြင်းတွေ၊ ဝံဂျီးတွေ။ ဘာအောင့်မေ့နေလဲ.....။ ငါပဲငန်းမယ်။

ဖုန်း..... ဒိုင်း....... ဂွမ်း........ (အားလုံးက ဝိုင်းသမကြလေတော့သည်။)
ဗီလိန် ။ ။ အောင်မာအောင်မာ။ ကာကွယ်ရေးဦးစီးချုပ် ဆိုတိုင်း ထင်တိုင်းကျဲလို့ရမလားဟ။

ချမ်းရဲ ။ ။ ကိုဗီလိန် ဂေဟာရဲ့ ကာကွယ်ရေးဦးစီးချုပ်လို့ ပြောရင်ကောင်းမယ်နော်။ ဂေဟာ ဆိုတာလေးထည့်ပြော။

အင်ဒီ ။ ။ ကဲကဲ............ ခင်ဗျားတို့ မခေါ်ရင် ကျနော်ခေါ်ပြီဗျာ။ အပြောတွေရပ်လို့ အရပ်တွေ လုပ်ကြပါစို့.......

ဟန်သစ်ငြိမ် ။ ။ အင်းဟာ.... အင်းဟာ ညစ်တီးညစ်ပတ်တွေ မပါပါနဲ့လို့ ဘယ်နခါပြောရမလဲ။ ကျနော်တို့ ပေါတာတွေ ရပ်ပြီးတော့ မင်းသမီး သုံးယောက်လုံးကို ရောခေါ်မယ်လား။ ဒါဆို ကျနော်ခေါ်ပြမယ်။ ကဲ....... အပေါတွေ ရပ်ပြီးတော့ အ............

ဖျောင်း........ ဖျောင်း
အားလုံး ။ ။ ဘာတွေ ရောမှာလဲ ပြော။

ဟန်သစ်ငြိမ် ။ ။ အပေါတွေ ရပ်ပြီးတော့ အမောတွေလည်း ပြေရအောင်လို့ .......... လို့ ပြောမလို့ပါ။

အောင်သာငယ် ။ ။ ပြီးရော ဒါဆို ဆက်ဆို။

ချမ်းရဲ ။ ။ အမောလေးကယ်လို့ မကယ်ရင် ငါထင်တာမှန်တယ်။

ဟန်သစ်ငြိမ် ။ ။ ကဲ......... အပေါတွေ ရပ်ပြီးတော့ အမောတွေလည်း ပြေရအောင်လို့.. အပေါတွေ ရပ်ပြီးတော့ အမောတွေလည်း ပြေရအောင်လို့.. ငပေါဂေဟာ အချောအလှ ကညာပျိုတို့ရေ.........

စင်အနောက်မှ ခြေကားယားလက်ကားယား မစ္စတာ ဘင်းစ် ပုံစံ တစ်ဖုံ၊ ခါခါယမ်းယမ်းနှင့် တစ်မျိုး၊ တွန့်လိမ်ကောက်ကွေး တစ်မည် မင်းသမီး သုံးပါး ထွက်လာပါတော့သည်။

ခေါင်းဆောင် မင်းသမီးကြီး တွန့်လိမ် စွန်မုက
ဆုမွန် ။ ။ ဟောသည်က အစ်ကိုတို့ မောင်ငယ်တို့ရေ့

အောင်သာငယ် ။ ။ အားလုံး လူစုံတက်စုံ ရှိကြောင်းပါ မဆုမွန်ရေ့

ဆုမွန် ။ ။ ဒီက မဇင်ဇင် နဲ့ မတူးတူးသာလား မသိဘူး

တူးတူးသာ/ဇင်ဇင်ဇော် ။ ။ ညီမလေး ဆုမွန်ရေ။

ဆုမွန် ။ ။ အခု ဆိုရင် ကျမတို့ရဲ့ ငပေါများဂေဟာ ထူထောင် လာတာ တစ်နှစ် တင်းတင်း ပြည့်ခဲပြီ မဟုတ်ပါလား။

ဗီလိန် ။ ။ မှန်ပါ့ မဆုမွန်ရေ့။ အားလုံးရဲ့ အားပေးအားမြှောက်မှုတွေ နဲ့ ကျနော်တို့ အားလုံး တစ်နှစ် ဆိုတဲံ အတိုင်းအတာကို ချီတက်နိုင်ခဲ့ပါပြီ ခင်ဗျ။ ဒီတစ်နှစ်မှာ ဝိုင်းဝန်းကြိုးပမ်း၊ အားပေးကူညီ ခဲ့ကြတဲ့ ဘုတ်အဖွဲ့၊ ဝန်ကြီးများ၊ အသင်းသား အသင်းသူများနှင့်တကွ စာဖတ် ပရိသတ်အားလုံးကိုလည်း ဒီနေရာကနေ ဂါရဝပြု ကျေးဇူးတင်ပါကြောင်း ပြောကြားချင်ပါတယ်။

ချမ်းရဲ ။ ။ မှန်ပါတယ် ကိုဗီလိန်ရေ့။ တကယ်တော့ လူရွှင်တော် ဆိုတာ မလွယ်ကူသလို၊ ဟာသ ဆိုတာကလည်း ခက်ခဲ နက်နဲတဲ့ ပညာပါ။ လူတစ်ယောက်ကို ငိုဖို့ထက် တစ်ချက်လေး ပြုံးအောင်လုပ်ဖို့ ဆိုတာ မလွယ်ကူဘူး မဟုတ်ပေလား။

အင်ဒီ ။ ။ ထောက်ခံပါတယ်။ ဒီတစ်ခါတော့ အကျင့်ပါနေလို့ ထောက်ခံတာ မဟုတ်ဘူးနော်။ ရင်ထဲက လှိုက်လှိုက်လှဲလှဲကို ထောက်ခံတာပါ။ အဲသလို မလွယ်ကူတဲ့ ဟာသပညာကို စော်ကားသလို မဖြစ်ရအောင်၊ ရှေးရှေး ဟာသဆရာကြီးတွေ၊ လူရွှင်တော်ကြီးတွေကိုလည်း ပြစ်မှားသလို မဖြစ်ရအောင်၊ အဲ... တစ်ဘက်တစ်လမ်းကလည်း ဘလော့ လောကရဲ့ ဘလော့ဂါအပေါင်းကို ရယ်ရွှင်စရာ ဟာသလေးတွေလည်း ပေးခွင့်ရအောင် ဟာသ လို့ မခံယူပဲ ငပေါများလို့ နာမည်ခံယူခဲ့ကြတာပဲ မဟုတ်ပေဘူးလားဗျာ။

အောင်သာငယ် ။ ။ ဟုတ်ပါတယ် အင်ဒီရေ။ အိမ်မှာ ဘယ်လောက်ပဲ အိမ်တွင်းရေးတွေ ရှုတ်ထွေးနေပါစေ၊ စီးပွားရေးတွေ၊ လူမှုရေးတွေ ရှုပ်ထွေးနေပါစေ စင်ပေါ်ရောက်ရင် ပရိသတ်ကို ရယ်ရွှင်မြူးတူးအောင် လုပ်ပေးရမှာ လူရွှင်တော်တွေရဲ့ တာဝန်ဖြစ်သလို၊ ကိုယ်ပိုင် ပုဂ္ဂလိက ပြဿနာ အထွေထွေကို မေ့ဖျောက်ပြီး ဘလော့လောကမှာ ရှိတဲ့ ဘလော့ဂါတွေ အားလုံးလည်း အပြုံးလေး တစ်ချက် ပွင့်နိုင်ရင်ပဲ ဖြစ်ဖြစ် ကိုယ်အားဉာဏ်အားနဲ့ ကြိုးစားခဲ့ကြတာလည်း ငပေါများဂေဟာက ငပေါများပဲ မဟုတ်ပါလားဗျာ။

ဇာနည် ။ ။ မှန်လိုက်လေ ကိုအောင်သာငယ်ရယ်။ အားလုံးကလည်း တက်စွမ်းသလောက် ရှိတဲ့ ဟာသဉာဏ်လေးတွေနဲ့ ပျော်ရွှင်ဖွယ် ဖြစ်အောင် ကြိုးစားခဲ့ကြတာပါပဲ။ ဒီအထဲမှာမှ ဟာသအရာ မမြောက်တဲ့ လိုအပ်ချက်လေးတွေကိုလည်း နားလည်ခွင့်လွှတ်ပေးကြပါလို့ အနူးအညွန့် တောင်းပန်ချင်ပါတယ်။

ဟန်သစ်ငြိမ် ။ ။ မှန်ပါတယ်။ ဘယ်ငပေါပဲ ဖြစ်ဖြစ် စာဖတ်သူတွေကို ရယ်ရွှင်စေချင်တာကတော့ ငပေါတွေရဲ့ နှလုံးသားထဲမှာ ကမ္ဗည်းကျောက်စာ ထိုးသလို စွဲမြဲနေကြပါပြီ။ ကဲ ကြုံတုန်း ကြော်ငြာလေးလည်း ဝင်လိုက်ဦးမယ်။ အကယ်၍များ ငပေါများဂေဟာကို စိတ်ဝင်စားလို့ ငပေါတစ်ယောက် ဖြစ်ချင်ပါတယ် ဆိုရင်တော့ crazybloggergroup@gmail.com ကို လိပ်မူပြီးပဲ ဖြစ်ဖြစ်၊ သက်ဆိုင်ရာ ဘုတ်အဖွဲ့ဝင်တွေရဲ့ အီးမေးလ် ကိုပဲ ဖြစ်ဖြစ် ဟာသနှောနှော ခပ်ပေါပေါ လျှောက်လွှာ တစ်စောင်ကို ကြိုက်သလို ရေးသားပြီး ပေးပို့နိုင်ကြပါတယ်။ ဟာသ ပညာကို စိတ်ဝင်စားတဲ့ သူတွေ အားလုံးကို ငပေါများဂေဟာက နွေးထွေးစွာ ဖိတ်ခေါ်ကြောင်း ပြောချင်ပါတယ်။ အဖွဲ့ မဝင်ချင်သော်ငြား ဟာသ ပို့စ်တွေကို ပေးပို့ချင်တယ် ဆိုရင်လည်း အပေါ်ကလိပ်စာအတိုင်း လိပ်မူပြီး ပေးပို့နိုင်ကြပါတယ်။

ဆုမွန် ။ ။ ကဲ.... အစ်ကိုတို့ရေ။ အချိန်လည်း အတော်လင့်လို့ နှုတ်ဆက်ချိန်လည်း တန်ပါပြီ။ တချိန်လုံးလည်း ပေါခဲ့ ကြတာ ဆိုတော့ ဒီတခါ ငပေါများဂေဟာရဲ့ ကျေးဇူးတင်ထိုက်သူများ အားလုံးကို ကျေးဇူးတင်တဲ့ အနေနဲ့ ကျမ ဆုမွန်၊ ကျမ တူးတူးသာ (တူးတူးသာမှ ပြောသည်။)၊ ကျမ ဇင်ဇင်ဇော် (ဇင်ဇင်ဇော်မှ ပြောသည်) တို့က ချမ်းမြေ့ပါစေ ဆိုတဲ့ အကလေးနဲ့ ဆုတောင်း ပေးရင်းနဲ့ နှုတ်ဆက်ချင်ပါတယ်ရှင်။

အားလုံး ။ ။ နားဆင်ကြပါစို့ဗျာ........

(ကောင်းမြတ်သော စိတ်ဓာတ်နဲ့ မေတ္တာပွား... ဝေ
အနန္တသတ္တဝါ ဘလော့ဂါတွေ
ကိုယ်ရောစိတ်ပါ အန္တရာယ်ခပ်သိမ်း ကင်းငြိမ်းချမ်းသာစေ
အင်တာနက် စာမျက်နှာ မင်္ဂလာမျက်မှောက် အမြဲရောက်ပါစေ)၂

CHO: ချမ်းမြေ့ ချမ်းမြေ့ပါစေ ချမ်းမြေ့ပါစေ
ဘလော့ဂါလည်း ချမ်းမြေ့ပါစေ၊ ဘလော့ဂါသူလည်း ချမ်းမြေ့ပါစေ၊ ငပေါများလည်း ချမ်းမြေ့ပါစေ

(ဘလော့ထိုထိုတွင်းမှာ တို့ခြင်းရှို့ခြင်း ကင်းဝေးကာလေ
ဘလော့ဂင်းသော..... ပန်းလည်း လန်းပါစေ
ကော်ပီကူးသော.... ပန်းလည်း လန်းပါစေ
အနီးအဝေး အနိမ့်အမြင့် ကော်နတ်ရှင်တိုင်းလည်း ကောင်းကြပါစေ။)၂

ဘလော့ကမ္ဘာ ရေနှယ်အေးစေ... ဘလော့ရွာ ရေနှယ်အေးစေ...
(မေတ္တာအေးနဲ့ ဘလော့လေးတော့ ရေးလိုက်ချင်ပေ)၂

CHO: ချမ်းမြေ့ ချမ်းမြေ့ပါစေ ချမ်းမြေ့ပါစေ
ဘလော့ဂါလည်း ချမ်းမြေ့ပါစေ၊ ဘလော့ဂါသူလည်း ချမ်းမြေ့ပါစေ၊ ငပေါများလည်း ချမ်းမြေ့ပါစေ

ငပေါ..ဂေဟာ အရောက်မှာ
သောကနှင်းပေါက် ပျောက်ကွယ်နိုင်စေ
ဂေဟာအတွင်း ဟာသကွက်များ
မြဲ.... အောင်မြင်စေ.......
မကွဲ.... မကွာ..... အမြဲသာ တွဲကာ
ကမ္ဘာတည်သရွေ့ သာလေ....

CHO: ချမ်းမြေ့ ချမ်းမြေ့ပါစေ ချမ်းမြေ့ပါစေ
ဘလော့ဂါလည်း ချမ်းမြေ့ပါစေ၊ ဘလော့ဂါသူလည်း ချမ်းမြေ့ပါစေ၊ ငပေါများလည်း ချမ်းမြေ့ပါစေ
အားလုံးလည်း ချမ်းမြေ့ပါစေ.... အားလုံးလည်း...... ချမ်း...... မြေ့...... ပါ....... စေ......


“ငပေါများဂေဟာ နှစ်ပတ်လည် မဟာအငြိမ့်ပွဲကြီး ဤမှာတွင် ပြီးဆုံးပါပြီ။”

ငပေါများဂေဟာ နှစ်ပတ်လည် မဟာအငြိမ့်ပွဲကြီး - ၂ (ဒီဗီဒီ ဗားရှင်း)

ကိုဟန်သစ်ငြိမ်၊ ချမ်းရဲနဲ့ ကျနော် ဗီလိန် ဆက်လက်ဖန်တီးထားတဲ့ အပိုင်း (၂) ဖြစ်ပါတယ်။ ဆက်လက် အားပေးကြပါဦး။
ပျော်ရွှင်နိုင်ကြပါစေဗျာ။

=============================================================================

ထိုစဉ်အိပ်ငိုက်နေသော အန်ဒီ တစခန်းထလေသည်
အင်ဒီ ။ ။ “ဝေး............ မင်းသမီး သွားပြီကွ။”

အောင်သာငယ် ။ ။ “တယ်.. ဒီကောင်” (နားရင်းကို ၃ ချက်လောက် ဆင့်ရိုက်လိုက်သည်။ ဘယ်တုန်းကတည်းက ညှိုးထားသလဲ မသိ။) “မင်းသမီးသွားတာ ပျော်စရာလား။ အောက်က ပရိသတ် မင့် ခဲနဲ့ ထုလိမ့်မယ်။ ဟုတ်တယ်မလား ပရိတ်သတ်ကြီး” (လေးဖြူ ဒီဇိုင်းနဲ့ လှမ်းမေးလိုက်သည်။ အငြိမ့်ရိုက်ရန် တစ်ထောင်ဖိုး ၃ယောက်နှင့် ခေါ်ထားသော ပရိသတ်ကလည်း မင်းသမီးကို အားပေးဟန်တူသည်။ “မထူးပါဘူးဗျိုး၊” ဟု ဝိုင်းအော်ကြသည်။)

ဗီလိန် ။ ။ “ခဲနဲ့ မထုဘူး စနိုက်ဘာနဲ့ ချောင်းပစ်မှာ။”

ဟန်သစ်ငြိမ် ။ ။ “နေပါဦး နေပါဦး။ စနိုက်ဘာ မပြောနဲ့ စနိုက်ဘာလောက်ရှည်တဲ့ သေနတ်တောင် မင်းက မြင်ဖူးလို့လား။ ကြီးကြီးကျယ်ကျယ်တွေ မပြောစမ်းပါနဲ့ ဗီလိန်ရာ။”

ဗီလိန် ။ ။ “ကိုဟန်သစ်ငြိမ် မသိပဲနဲ့ ပြောပြန်ပြီဗျာ။ စောစောက မင်းသမီးကနေတုန်း စင်ပေါ်ကို ပုဆိုးတစ်ထည် ရောက်လာတယ်လေ မတွေ့ဘူးလား။”

ဇာနည် ။ ။ “ဘာဆိုင်လို့တုန်းဟ။ သူ့ဟာသူ ပုဆိုးကိုလေပေါ်မြှောက်ပြီး အားပေးရင်း လွတ်ပြီး စင်ပေါ်ရောက်လာတာလေ။” (ဇာနည်က မေးရင်နှင့် လက်ကလည်း ဗီလိန့် ဇာတ်ပိုးကို ရွယ်ထားလိုက်သည်။ ဗီလိန့် အစားချမ်းရဲက ဝင်ဖြေပေးလိုက်သည်။)

ချမ်းရဲ ။ ။ “အဲဒါ ကျည်ထိုးတာနေမှာ” “ဖျောင်းဖျောင်း ဖျောင်းဖျောင်း။” (ဗီလိန့်ကိုရွယ်ထားသည့် လက်က ချမ်းရဲ၏ ဇတ်ပိုးကို ရိုက်ချလိုက်လေတော့သည်။)

ဗီလိန် ။ ။ “ဒီလိုလေဗျာ။ ပွဲခင်းထဲကို ဝင်ရင် လုံခြုံရေးက အဝမှာ ငိုက်နေတယ်မလား။ အဲလေ... အဝမှာ စစ်ဆေးတယ်မလား။ စစ်ဆေးတာ မမိအောင် စနိုက်ဘာကို ပုဆိုးနဲ့ ပတ်လာမှာပေါ့။ ဒါကိုပြောတာပါဗျ။”

ချမ်းရဲ ။ ။ “တော်သေးတာပေါ့။ လုံခြုံရေး ကယ်လို့။ မဟုတ်ရင် ငါထင်တာမှန်တယ်။” (မျက်နှာလေး ပေကလပ်ပေကလပ်ဖြင့် မိမိဘာသာ နှစ်သိမ့်လိုက်သည်။)

အင်ဒီ ။ ။ “အင်း... လုံခြုံရေးဆိုလို့ ကျနော်လည်း ပြောရဦးမယ်။ ဟိုတလောက ဂေဟာမှာ ဖဲရိုက်တာ ကျနော် ရှုံးပါလေရော။ ဂေဟာက ဖဲဝိုင်းက ကြေးကလည်းကြီး ရိုက်တဲ့သူကလည်း တွင်းတူးတို့၊ ငတိတို့၊ မမတို့လို ဆြာကြီးတွေ ဆိုတော့ အရင်းပြုတ်သွားတဲ့ ကျနော့အတွက် ဝိုင်းထဲ ပြန်တိုးဖို့က မလွယ်တော့ဘူး။ ဒါနဲ့ ကြံရာ မရဖြစ်ပြီး တောင်ဥက္ကလာက ကျနော့ညီတစ်ယောက် ဝယ်ထားပြီး မသုံးတဲ့ အိမ်နဲ့ ခြံကို ခဏတောင်း။ ကြေးနည်းနည်းနဲ့ ရိုက်လို့ရမယ့် သူတွေကိုစုပြီး ပျံဝံ ဖဲဝိုင်း အသေးလေးတစ်ခု ထောင်တာပေါ့။”

ဇာနည် ။ ။ “အဲဒီ့တုန်းက ကျနော်တောင် ကွဲနေလို့ လာရိုက်မယ် လုပ်သေးတယ်။ မိန်းမမလစ်လို့ မလာလိုက်ရဘူး။”

အင်ဒီ ။ ။ “အင်း အင်း ဟုတ်တယ်။ ကျနော်က ဖဲရိုက်တယ် ဆိုရင် လုံခြုံရေးကို သိပ်သတိထားတာ။”

ဟန်သစ်ငြိမ် ။ ။ “အင်း စိတ်ချရအောင် ဘယ်လို လုပ်တုန်း”

အင်ဒီ ။ ။ “လုံခြုံအောင် ဆိုပြီး အိမ်ထဲမှာတောင် မရိုက်ဘူး။ အနောက်က အပင်လေးဘာလေး စိုက်ထားတဲ့ မြေလွတ်မှာ စားပွဲ ချရိုက်တာပေါ့။ အရေးဟဲ့ဆို အနောက်ဘက်ထဲကို ခြံကျော်ပြီး ပြေးလို့ရအောင်။ ခြံစည်းရိုးကလည်း သံဆူးကြိုးနဲ့တင် ကာထားတာဆိုတော့ ပြေးရလွှားရလွယ်တယ်လေ။ အိမ်ရှေ့မှာ လုံခြုံရေးအတွက် ကလေးတစ်ယောက်ကို မုန့်ဖိုးပေးပြီး စောင့်ခိုင်းထားတာပေါ့။ အချက်ပြရအောင် လူခေါ် ဘဲလ်လေးပါ တပ်ပေးထားသေးတယ်။”

အောင်သာငယ် ။ ။ “အဲဒီ့နေ့က နိုင်လားဗျ။ ပျံဝံတို့များ ရှုံးရင်သာ တဂျီဂျီနဲ့ နိုင်ရင် အသံမထွက်ဘူး”

အင်ဒီ ။ ။ “နိုင်မနိုင်တော့ မသိဘူးဗျာ။ ပြောရရင်တော့ ငိုချင်ပါတယ်ဗျာ။ ဟိုတလောက ကျနော် ဂေဟာကို မလာနိုင်တာ အဲဒါကြောင့်ပေါ့။ ရဲလာဖမ်းလို့ အားလုံး အချုပ်ထဲ ရောက်ကုန်တော့တာပဲ။ ”

ဇာနည် ။ ။ “ဟ.. မင်းပြောတော့ လုံခြုံရေးကောင်းတယ်ဆို။”

အင်ဒီ ။ ။ “လုံခြုံရေးတော့ ကောင်းပါတယ်ဗျာ။ ခက်တာက ကျနော်တို့ ပြေးမယ်ဆိုတဲ့ အနောက်က ခြံက ရဲစခန်းဝင်းဗျ။”

ဗီလိန် ။ ။ “ကျားရှေ့မှောက်ယက်လဲတယ်ဆိုတာ ဒါမျိုးပေါ့။ ဒါနဲ့ မင်း ဒီအငြိမ့်ပွဲ မီအောင် ဘယ်လိုပြန်ထွက်လာလဲ။”

အင်ဒီ ။ ။ “အဲ တွင်းတူးလုပ်ပြီး ညံ့ပါ့ ကိုဗီလိန်ရာ။ အခုခေတ်က ဘာခေတ်လဲ သိလား။”

ဗီလိန် ။ ။ “အိုင်တီ ခေတ်လေ။ အိုင်တီခေတ်။ အင်တာနက်ခေတ်”

အင်ဒီ ။ ။ “မှားတယ်။ ငြုပ်သီးမှုန့်တံဆိပ်တစ်ခု ကြားဖူးလား။”

ဇာနည် ။ ။ “သြော်.... ဘုတ်ဆုံမခေတ်”

ဖျောင်း.... ဒိုင်း....
အောင်သာငယ် ။ ။ “ဘုတ်ဆုံမက နင့်ဂျီးဒေါ်။”

အင်ဒီ ။ ။ “ဆင်ဖြူတော် ခေတ်ဗျ။ ဆင်ဖြူတော်ခေတ်။ မြဲမြဲ မှတ်ထား အရင်က ဆင်ဖြူတော်မှီ ကြံစုတ်တဲ့ ဆိုးရိုးရှိသဗျ။ အခု ပြောင်းသွားပြီ။“

ဟန်သစ်ငြိမ် ။ ။ “ဘယ်လိုပြောင်းသွားတုန်း အင်ဒီကောင်ရဲ့”

အင်ဒီ ။ ။ “ဆင်ဖြူတော်ထွက် ကိစ္စပြတ် တဲ့”

အားလုံး ။ ။ “ဒီမှာ. အသည်းနှလုံး..... (ဗြုန်း) အသည်းနှလုံး..... (ဗြုန်း) အသည်းနှလုံး ပေးလိုက်ချင် ရော့ရော့ရော့”

ဒီဂျေ ဖိုးဂျယ်၏ တဂျိဂျိ အသံဖြင့် တယောက်တစ်ပေါက် ကကြလေသည်။ ဟန်သစ်ငြိမ်က သူ၏ မဟာနှာခေါင်းကြီးကို ပွစိပွစိဖြင့် လည်းကောင်း၊ ဇာနည်က ခြေတပေါင်ကျိုး ခုန်ဆွ ခုန်ဆွဖြင့် လည်းကောင်း၊ အင်ဒီကောင်က ဂျက်ကီချန်း၏ အရက်မူးသိုင်းလိုလို ဘာလိုလိုဖြင့် လည်းကောင်း၊ အောင်သာငယ်က နားရွက်ဆွဲထိုင်ထ လုပ်ခြင်းဖြင့် လည်းကောင်း၊ ကလန်ကလားဗီလိန်က နာဂစ်ဓာတ်တိုင်လို အတောင့်လိုက် ခါးရမ်းကာ ကလေတော့သည်။ ချမ်းရဲကမူ ခေါင်းလေး တစ်ကုပ်ကုပ်ဖြင့်

ချမ်းရဲ ။ ။ “အ.. ကိုဂျီးတို့။ ကျနော် စင်္ကာပူကို ပြန်တော့မယ်။ စစ်အဲက ထွက်တော့မယ်တဲ့ ခုပဲ ဖုန်းဆက်တယ်။” (ဗီလိန်က ချမ်းရဲ လက်ကို ဖမ်းဆွဲထားလိုက်သည်။)

ဗီလိန် ။ ။ “မပူပါနဲ့ကွာ စစ်အဲမမီလည်း အမ်အေအိုင် ရှိပါတယ်ကွာ။ မရှိလည်း ကားနဲ့ ပြန်လို့ရပါတယ်။ ဘာတဲ့... သီချင်းလေးတောင် ရှိသေးတယ်။ .... ကားပြာလေးကို စီးကာကွယ်.....”

ချမ်းရဲ ။ ။ “ဖွက် ဟဲ့... လွဲပါစေ။ ဖယ်ပါစေ။ ခင်ဗျားကြီးကတော့ ဟုတ်တာပေါ့ဗျ။ ကျုပ်က မိန်းမ မရသေးဘူး။ စလုံးမှာ ချစ်သူစောင့်နေတယ်။ အဟင့်”

ဇာနည် ။ ။ “ငိုပါကွာ ငိုပါ။ ပြိတ္တာ မျက်ရည် မြေကျကျ မကျကျ မထူးတော့ပါဘူး။”

ချမ်းရဲ ။ ။ “ခင်ဗျာ..... အမလေးလေး.... ပြောကာမှ ပိုဆိုးပြီ။ တော်ပြီဗျာ။ ငိုတော့ဘူး။ ကားပြာမကလို့ ကားဝါ ဖြစ်ဖြစ် ကားနီ ဖြစ်ဖြစ်။ ဂေဟာ အကျိုး...... ချစ်သူရေ.... ဒီဘဝမှာ မင်းနဲ့ မဆုံရပေမယ့် မင်းကို ဘယ်လောက်ချစ်တယ်ဆိုတာ မိုးနတ်မင်းကြီးကို တိုင်တည်ပြီး ကိုယ်ပြောခဲ့ချင်တာက........” (နှာခေါင်း တစ်ချက်ရှုံ့လိုက်ကာ ဆက်ပြောသည်။ ) “မိုးနတ်မင်းကြီးကို တိုင်တည်ပြီး ကိုယ်ပြောခဲ့ချင်တာက.... ကိုယ့်အကြွေးတွေ ဆပ်ပေးစမ်းပါ”

ဖျောင်း... ဖျောင်း... ဒိုင်း
ဟန်သစ်ငြိမ် ။ ။ “ကဲ... အရေးထဲ ဖဲကြွေးလာရှင်းနေသေးတယ်။”

ဇာနည် ။ ။ “အင်ဒီကောင်က ပြောတော့ ကျနော်လည်း ပြောရဦးမယ်ဗျ။ ကျနော် ဟိုနေ့က ဂေဟာ မရောက်တဲ့ အကြောင်း။”

အောင်သာငယ် ။ ။ “အင်းဟုတ်သားဟ။ တစ်ပတ်လောက် ပျောက်နေတာ။ ဘာလဲ အသည်းလေးနဲ့ ချောင်းသာသွားတာလား။”

ဇာနည် ။ ။ “ဘယ်ကသာဗျာ။ အဲဒီ့နေ့က ဂေဟာက အပြန် လှည်းတန်းနားမှာ ဘော်ဒါတွေနဲ့လည်း တွေ့ရော ဟိုက် ၁ ပြား ထပ်ကစ်လိုက်တယ်။ အဲ.. အပြန်ကျတော့ ဟိုက်အစွမ်းပြတော့တာပဲ။ ဘယ်နေရာ အိပ်ပျော်သွားမှန်း မသိပါဘူးဗျာ။ နိုးတော့ မျက်နှာတွေ ဖူးရောင်လို့ သံတိုင်တွေ ကြားထဲ ရောက်နေတော့တာပဲ။”

ဟန်သစ်ငြိမ် ။ ။ “ဖြစ်မှ ဖြစ်ရလေဗျာ။ အမှုတဲ့လဲ။”

ချမ်းရဲ။ ။ “မှောင်ရိပ်ခိုမှုတဲ့ဗျာ... မှောင်ရိပ်ခိုရင် ဖမ်းတယ်တဲ့... ခက်တာက ရန်ကုန်မှာကလည်း ခင်ဗျားတို့ သိတဲ့အတိုင်းဗျာ... မီးမှမလာတော့ မှောင်တာပေါ့... အဟင့်... ”

ဇာနည် ။ ။ “အမှုတွေကတော့ စုံစိနေတာပါပဲ။ မူးယစ်ရမ်းကားမှု၊ အမျိုးသမီးတွေ အဆောင်ကို ခြံစည်းရိုးဖျက်မှု၊ မှောင်ရိပ်ခိုမှု၊ ၃၇၆ ကြံစည်မှု၊ ခိုးမှု၊ ပိုင်နက်ကျူးကျော်မှု၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု အင်း.... နောက်ပြီး.........”

အင်ဒီ ။ ။ “နေဦးနေဦး ဟိုအမှုကော မပါဘူးလား”

အားလုံး ။ ။ “ဘယ်အမှုတုန်း”

အင်ဒီ ။ ။ “ရေကူးတဲ့ အမှု” (ဗျောင်း.... ဒိုင်း...... ဝိုင်းသမကြသည်။)

ဗီလိန် ။ ။ “မူးနေပါတယ်ဆိုမှ ရေကူးရင် နစ်သေမှာပေါ့ဟ”

အင်ဒီ ။ ။ “မသိဘူးလေ။ အဲဒီ့ လှည်းတန်းဆိုတော့ အင်းယားကန်မှာ ရေတွေဘာတွေ သွားကူးသေးလားလို့ပါ။” (ဗျောင်း.... ဒိုင်း...... နောက်တစ်ကြိမ် ဝိုင်းသမကြသည်။)

ချမ်းရဲ ။ ။ “ကိုဗီရေ စစ်အဲ လက်မှတ် ၂ စောင် ဖြတ်ထား လိုက်တော့မယ်နော်။ ကျနော် စိုက်ထားလိုက်မယ်။ လခထုတ်မှ ပြန်ပေး။”

ဗီလိန် ။ ။ “မပူပါနဲ့ကွာ။ နှစ်မကြီးကြီးအောင် လုပ်ပေးပါမယ်။ ကဲ... ကိုဇာနည် ဆက်ပါဦး”(ချမ်းရဲမှာတော့ ငိုမဲ့မဲ့။)

ဇာနည် ။ ။ “ကိုအောင်သာငယ်တို့ ကိုဟန်သစ်တို့ သိပါတယ်ဗျာ။ ကျနော် မူးရင် ဘာလိုနေလဲ။ ကျနော်က မူးရင် အေးရာအေးကြောင်း နေတတ်တာပါ။ နောက်ပြီး ခြံစည်းရိုးချိုးဖို့ မပြောနဲ့ ကိုယ့်ဘာသာတောင် အနိုင်နိုင်ရယ်။”

ဟန်သစ်ငြိမ် ။ ။ “ဟုတ်ပါပြီ။ ဒါနဲ့ အဲ့ဒီ့ အဆောင်ပိုင်ရှင်နဲ့ ရှင်းရရောလား။”

ဇာနည် ။ ။ “အဆောင်ပိုင်ရှင် မပြောနဲ့ ဘယ်အဆောင်မှန်းတောင် မသိပါဘူးဗျာ။ သူတို့ အပြောကတော့ အဆောင်ပိုင်ရှင်က ကြေအေးသွားတယ်လို့ ပြောတာပဲ။”

အောင်သာငယ် ။ ။ “အင်းပေါ့။ သူကလည်း သူခိုးဝင်ခံရတဲ့ အိမ်ရှင်ဆိုတော့ ထောင် ၃နှစ်တွေ ဘာတွေ ကြောက်မှာပေါ့။” (ပရိတ်သတ်က ဝါးကနဲ ပွဲကျသွားသည်။)

ချမ်းရဲ ။ ။ “ဟေ့ လူ..... ဟာဗျာ။ သွား.. ခင်ဗျားတို့ပြက်လုံးမထုတ်နဲ့တော့။ မင်းသမီးခေါ်တော့ဗျာ။ ကျနော့ချစ်သူ စောင့်နေတယ်။ နောက်ကျနေပြီ။”

အင်ဒီ ။ ။ “ရောက်တော့လည်း အသိသာကြီးပေါ့ဗျာ။ ပျော်ပျော်ပါးပါးကြီးပေါ့။”

ချမ်းရဲ ။ ။ “ချစ်သူရေ.... ဒီဘဝမှာ မင်းနဲ့ မဆုံရပေမယ့် မိုးနတ်...နတ်....နတ်..............................”

ဖြောင်း... ဗျောင်း.... ဗျောင်း.... ဗီလိန်က သုံးချက်လောက် ဆင့်တီးလိုက်သည်။
ဗီလိန် ။ ။ “လာပြန်ပလား ဒီမိုးနတ်မင်း။ နေစမ်းပါဦးဟ။ ကိုဇာနည်ပြောတာ ဆုံးအောင် နားထောင်ပါဦး။ ဒါနဲ့ပဲ အိမ်ရှင်ကြေအေးတာနဲ့ လွတ်သွားရောလားဗျ။ ကိုဇာနည်ရဲ့။”

ဇာနည် ။ ။ “ဟင့်အင်း။ အဲဒီ့တော့မှ ရဲမှု တဲ့ဆိုပြီး ခုနက ခေါင်းစဉ်ကြီးတွေ တပ်တော့တာပဲ။ အဟင့် အဲလောက်အမှုကြီးတွေ ကျူးလွန်တယ်ဆိုတာ သူတို့ ပြောမှ သိရပါတယ်။ စိတ်ကူးထဲတောင် မကြံစည်ဖူးပါဘူး။ အီး... ဟီး......။”

အင်ဒီ ။ ။ “စိတ်ကူးထဲသာ မကျူးလွန်ဖူးတာ ၃၇၆ နဲ့ ၃ခါကျပြီးပြီ။” (အင်ဒီကောင်က ဝင်တွတ်သည်။)

ချမ်းရဲ ။ ။ “ကျူးလွန်တာတော့ ဟုတ်ပါတယ်။ အခုကျ ဘယ်လိုဘယ်လို စင်ပေါ်ရောက်လာတာတုန်းဗျ။”

ဇာနည် ။ ။ “သြော်...... ဒါကတော့ ကိုသာကြီးရယ်။ အင်ဒီကောင်ရဲ့ ဆိုးရိုးလေးက ဘာတဲ့”

အင်ဒီ ။ ။ “ဆင်ဖြူတော်ထွက် ကိစ္စပြတ်”

အားလုံး ။ ။ “ဒီမှာ. အသည်းနှလုံး..... (ဗြုန်း) အသည်းနှလုံး..... (ဗြုန်း) အသည်းနှလုံး ပေးလိုက်ချင် ရော့ရော့ရော့” တစ်ယောက်တစ်ပေါက် ကကြပြန်သည်။ ဒီတစ်ခါတော့ ချမ်းရဲပါ စိတ်ပါပြီး ကင်းခြေများဖိနပ်စီးသည့်အတိုင်း ဟိုဘက်ခြေထောက်ကို လက်နဲ့ တို့လိုက် ဒီဘက်ခြေထောက်ကို လက်ဖြင့် ထိလိုက်ဖြင့် ကမြင်းကျောထနေသည်။

ဗီလိန် ။ ။ “မကတော့လည်း သူပဲ။ ကတော့လည် ၂ယောက်မရှိဘူး။ နေစမ်းပါဦး ခင်ဗျားကကော ဟိုရက်တွေက ဘာကိစ္စ ဂေဟာကို မလာရတာတုန်း ချမ်းရဲ။ ဒီကိစ္စရှင်း။”

အင်ဒီ ။ ။ “ဟုတ်တယ် ဟုတ်တယ်။ အားလုံးမှာ အကြောင်းပြချက်ရှိလို့ ပျက်ကြတာ။ မင်းက ဂေဟာကို မလေးမစားနဲ့။ ဘာလဲ။ ပုန်ကန်ချင်တာလား သစ္စာဖောက်ချင်တာလား။ ထုချေလွှာ အမြန်တင်။”

ချမ်းရဲ ။ ။ ဒီလိုမပြောပါနဲ့ဗျာ.. အားလုံးက ဂေဟာကို ချစ်ပါတယ်.. တန်ဖိုးထားပါတယ် ။ ဂေဟာနဲ့ အဆက်အသွယ်ပျက်နေတာ.. အကြောင်းရှိတယ်..အကြောင်းရှိတယ် ။

အားလုံး ။ ။ ပြောပြစမ်းပါအုံး ဒါဆို..

ချမ်းရဲ ။ ။ ဒီနေ့ ကမ္ဘာမှာ ဘာတွေဖြစ်နေလဲ ခင်ဗျားတို့ အသိပဲလေဗျာ ။ မုန်တိုင်းတိုက်လိုက် ၊ ငလျင်လှုပ်လိုက် ၊ ရောဂါဆိုးတွေ ဖြစ်လိုက်နဲ့ ..အဲဒီလို ကပ်ဘေးဒဏ်တွေ ခံနေရတဲ့ ပြည်သူပြည်သားတွေဆီ သွားရောက် လေ့လာတယ်.. တတ်နိုင်သလောက် ကူညီတယ် ။

အောင်သာငယ် ။ ။ အော်..တကယ်လားဗျ။ ဒါဆိုရင် သာဓုပါဗျာ... ဘာတွေများသိခဲ့ မြင်ခဲ့ရတုန်း

ချမ်းရဲ ။ ။ (သတင်းသမားလေသံဖြင့်) နာဂစ်မုန်းတိုင်းဖြစ်အပြီးမှာ မုန်တိုင်းဒဏ်ခံကျေးရွာတွေအတွက် ပညာသင်ကျောင်းဆောက်ဖို့ နိုင်ငံတကာလူ့အဖွဲ့အစည်းတွေက ရန်ပုံငွေ ဒေါ်လာ ၁၀ သန်းပေးမယ် ဆိုပြီး ကျွန်တော့်ကို ပြောတယ်။

အင်ဒီ ။ ။ အမ်မယ် တယ်မြင့်ပါလားဗျ

ချမ်းရဲ ။ ။ ကလေးတွေရဲ့ ပညာရေးအတွက်ဆိုပြီး ကျွန်တော်လဲ ဂေဟာက ပညာရေးဝန်ကြီး.. နာမည်က အဲ..ဘယ်သူ..

ဗီလိန် ။ ။ ဇင်ဇင်.. နာမည်တွေလည်း မမှတ်မိပါလား..ငါ့နှယ်နော်

ချမ်းရဲ ။ ။ အင်း..ဇင်ဇင်..ပညာရေးဝန်ကြီး ဇင်ဇင်ကိုယ်တိုင်ကို အဲဒီကိစ္စအတွက် နိုင်ငံတကာအကြီးအကဲတွေဆီ သွားရောက် ဆွေးနွေးခိုင်းလိုက်တယ် ။ ဒါပေမယ့် အဆင်မပြေပါဘူးဗျာ။

ဇာနည် ။ ။ ဟမ်.. ဘာလို့လဲ

ချမ်းရဲ ။ ။ ဇင်ဇင်က သူတို့ပြောတဲ့ အင်္ဂလိပ်စကားကို တစ်လုံးမှ နားမလည်လိုက်ဘူးတဲ့ ။

ဗီလိန် ။ ။ (ကဲဟာ..ဖောင်း..) ဒါ ပညာရေးဝန်ကြီးကို သိက္ခာချတာ ။

ချမ်းရဲ ။ ။ ဒါ ထားပါ.. ရှိသေးတယ်ဗျ.. ဟိုနေ့က ကျွန်တော် ပျင်းပျင်းရှိတာနဲ့ deadly tsunami ဆိုတဲ့ ကိုရီးယားကား သွားကြည့်တာ သနားစရာဗျာ.. တိုက်လောက်မြင့်တဲ့ ရေလှိုင်းလှုံးကြီးတွေမြို့ထဲဝင်လာတာ.. ရေတွေ လမ်းမပေါ်မှာလျှံပြီး မြုပ်တဲ့လူကမြုပ် မျောပါသွားတဲ့လူတွေက မှီရာကို လှမ်းဆွဲ တွယ်ကပ်နေရတာဗျ

အားလုံး ။ ။ သနားစရာဗျာ ။ နာဂစ်တုန်းကလည်း ဒီလိုပဲနေမှာ

ချမ်းရဲ ။ ။ ဟုတ်ပါ့ဗျာ.. အဲဒီအချိန် ဓာတ်တိုင်က ကျိုးကျတော့ လျှပ်စစ်ဓာတ်ကြိုးက ရေထဲကျပြီး ရေပေါ်ကလူတွေ ဓာတ်လိုက်သေသွားတာ မကြည့်ရက်စရာဗျာ ... ကျွန်တော်တို့ မြန်မာပြည်မှာဆိုဖြစ်မှာမဟုတ်ဘူး

အင်ဒီ ။ ။ ဘာလို့တုန်း

ချမ်းရဲ ။ ။ ဓာတ်ကြိုးက လျှပ်စစ်မှမစီးတာ

အားလုံး ။ ။ အမ်...။
အေး..ဟုတ်တော့ ဟုတ်သားဗျ နော်..

ချမ်းရဲ ။ ။ ခုလည်း အဲဒီ မုန်းတိုင်းကျပြီ ရေလွှမ်းခဲ့တဲ့ မြန်မာပြည်ကဒေသတွေမှာ ကြွက်တွေသောင်းကျန်းနေတယ်လို့ကြားတယ်။

ဗီလိန် ။ ။ ကြွက်တွေက အစထဲက သောင်းကျန်းနေတာလေ..

ချမ်းရဲ ။ ။ မရှည်နဲ့...(ရိုက်လျှက်..ဖောင်း ဖောင်း) မရှည်နဲ့ ။ ငါက တကယ့်ကြွက်ကိုပြောတာ..မရှိလို့မှ ခက်နေရတဲ့ ဆင်းရဲသားတွေ..သူတို့ ရင်းနှီး စိုက်ပျိုးထားတာတွေ ကြွက်တွေ စားသောက်ခံရတာနဲ့ ကုန်မှာပဲ။

ဗီလိန် ။ ။ ငါလည်း တကယ့်ကြွက်ကိုပြောတာပဲ။ နေရင်းထိုင်ရင်း အရိုက်ခံရတယ်..အဟင့်

ချမ်းရဲ ။ ။ ဘာဖြစ်ဖြစ်..ရိုက်ရင်ခံ ဒါပဲ..။ အဲဒါ ပုလိပ်ရောဂါရဖြစ်တော့မှာ မကောင်းဘူး။

ဗီလိန် ။ ။ ပုလိပ်ပါဆိုမှ ကောင်းမလား..

ချမ်းရဲ ။ ။ မရှည်နဲ့.. ( ရိုက်လျှက်..ဖောက်..ဖုတ်) မရှည်နဲ့ လို့ ပြောနေတယ်။ ငါက ပုလိပ်ရောဂါကို ပြောတာ

ဗီလိန် ။ ။ ငါလဲ ပုလိပ်ရောဂါ မကောင်းဘူးလို့ ပြောတာလေ။ ဒီပြန်ဝံ ဆော်မယ်ဆိုတာကြီးပဲ (မဲ့လျှက်)

ချမ်းရဲ ။ ။ အဲဒီအတွက် ကျန်းမာရေးဝန်ကြီးကိုတိုင် ဆေးဝါးအပြည့်အစုံနဲ့ သွားကူညီဖို့ ကြံခဲ့သေးတယ်.. အဆင်မပြေလိုက်ပါဘူးဗျာ

ဗီလိန် ။ ။ ဘာလို့တုန်းဗျ

ချမ်းရဲ ။ ။ အဲဒီဆေးဝါးတွေရော ပါလာတာတဲ့ပစ္စည်းတွေ ကြွက်စားတာခံလိုက်ရတယ်လေ...

ဟန်သစ်ငြိမ် ။ ။ အော်....

ချမ်းရဲ ။ ။ ဆောက်လုပ်ရေးဝန်ကြီးလည်း ကူညီဖို့ကြိုးစားခဲ့ပါသေးတယ်ဗျာ။

ဟန်သစ်ငြိမ် ။ ။ ဟုတ်တယ်ဟုတ်တယ်။ (ဂုဏ်ယူဝံ့ကြွားဟန်ဖြင့် ကော်လံသလိုက်သည်)
အောင်သာငယ် ။ ။ ဘယ်လိုတုန်းဗျ ။

ချမ်းရဲ ။ ။ လေဒဏ်သင့် အဆင့်မြင့် လေမုန်တိုင်းဒဏ်ခံ အဆောက်အဦးတွေ စမ်းသပ်တည်ဆောက်ခဲ့သေးတယ်။ ဒါပေမယ့် မအောင်မြင်ပါဘူးဗျာ..

အောင်သာငယ် ။ ။ ဘယ်လိုဖြစ်ရပြန်တာတုန်း

ချမ်းရဲ ။ ။ အိုက်လို့ဆိုပြီး ပန်ကာဖွင့်လိုက်တာ အဆောက်အဦးတစ်ခုလုံးပြိုကျပါလေရော

အားလုံး ။ ။ အဲဒါလား လေမုန်တိုင်ဒဏ်ခံ...ခွပ် ဖောင်..ဖြောင်း.. ကဲဟာ

ချမ်းရဲ ။ ။ အဲဒီ့ အဆောက်အဦးတွေ ပြိုတဲ့ ကိစ္စနဲ့ပဲ ကိုဟန်သစ်ငြိမ်နဲ့ ကျနော် မနည်းရှင်းလိုက်ရသေးတယ်။

အားလုံး ။ ။ ဘယ်လို ရှင်းလိုက်တုန်း

ဟန်သစ်ငြိမ် ။ ။ ဒီမှာ.... အသည်းနှလုံး......

အားလုံး ။ ။ “ဒီမှာ. အသည်းနှလုံး..... (ဗြုန်း) အသည်းနှလုံး..... (ဗြုန်း) အသည်းနှလုံး ပေးလိုက်ချင် ရော့ရော့ရော့”

သောင်းကျန်းကြပြန်သည်။ ဒီဂျေဖိုးဂျယ်၏ ဒီဂျေသံအဆုံးတွင် ကော့ကော့ကော့ကော့နှင့် ထွက်လာသူကား ကိုဇာနည်ဖြစ်သည်။

ဇာနည် ။ ။ သူများတွေပြောတော့ ကျုပ်လည်း ပြောချင်သားဗျ။ ဒီလိုဗျာ ဟိုနေ့က ဘောပွဲနိုင်လို့ ကိုအောင်သာငယ်နဲ့ ကျနော် စားသောက်ဆိုင် သွားစားကြရောဗျာ။

ဟန်သစ်ငြိမ် ။ ။ ဒါမျိုးကျ အသံတိတ် ဟုတ်လား (ဖျောင်းဖျောင်း ဆိုဆော်ထည့်လိုက်သည်။)

အင်ဒီ ။ ။ ကိုဇာနည် ကြွားတာလေးတွေ လျှော့ပြောရင် ပိုကောင်းမယ်ဗျာ။ မဟုတ်ရင် မင်းသမီးခေါ်လိုက်တော့မယ်။

ဇာနည် ။ ။ ဟ စိတ်ကလည်း ကြီးပြန်သကော။ နေပါဦးဟ ကောင်းခန်းလာတော့မယ်။ ဒီလို ကိုအောင်သာငယ်က လူပျိုကြီး လူပျိုကြီးနဲ့ အထင်တော့မသေးလိုက်နဲ့ သူကြိတ်ခိုက်နေတဲ့ ကောင်မလေးရှိသဗျ။

ချမ်းရဲ ။ ။ (အနားသို့တိုးလာပြီး) လုပ်ပါဦးဗျ။ ဒါမျိုးဆို စိတ်ဝင်စားတယ်။ (ကိုအောင်သာငယ်က လက်သည်းကိုက်ကာ ခင်စန်းဝင်းထမီကျွတ်သလို ရှက်ပြနေသည်။)

ဇာနည် ။ ။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီ့နေ့က စားသောက်ဆိုင်မှာ ကောင်မလေးနဲ့ တည့်တည့်တိုးပါလေရောဗျာ။... အဟိ။

ဗီလိန် ။ ။ သူငယ်ချင်းတွေ စုပြီး လာစားကြတာနေမှာပေါ့။ ဇာတ်ရှိန်ကတော့ တက်လာပြီ။ ဆက်ပါဆက်ပါ။ မြန်မြန်ဆက်စမ်းပါ။

ဇာနည်။ ။ သူပြတော့ ရုတ်တရက် ကျနော်က မြင်ဖူးသလိုလိုတော့ ရှိသားလို့....။ ကောင်မလေးက ဟိုဘက်ဝိုင်း၊ ကျနော်တို့က ဒီဘက်ဝိုင်း၊ ကောင်မလေးတွေက လှမ်းကြည့်လိုက်၊ ကျနော်တို့က လှမ်းကြည့်လိုက်နဲ ကလိကျလိ လုပ်နေတာပေါ့ဗျာ။ ဘီယာလေး တော်တော်ကျပြီး အရှိန်လေးလည်ရရော ကိုသာကြီး စခန်းထတော့တာပဲ။

အောင်သာငယ် ။ ။ မင်းကလဲကွာ။ တော်တော့။ ပြောနဲ့တော့ ဆို.....။ (ရှက်ကိုရှက်ကန်းပုံစံဖြင့် ဒူးခါပြနေသည်)

ဇာနည် ။ ။ ကောင်မလေးကို ချစ်တယ်၊ ကောင်မလေးနဲ့ စကားပြောချင်တယ်၊ ကောင်မလေးကို ခါးလေး ဖက်ထားချင်တယ်။ ကောင်မလေးကို မွှေးမွှေးပေးချင်တယ်၊ ကောင်မလေးကို ........ အဲ..... အင်း...............။ ဒီလိုနဲ့ပဲ သောင်းကျန်းပါလေရောဗျာ။ ဝုန်းဝုန်းဒိုင်းဒိုင်းဖြစ်လာတော့ ဝိတ်တာတွေလည်း ရောက်လာတယ်။

အင်ဒီ ။ ။ ကွိုင်ပဲဗျာ။ ဒီလူကြီးကလဲ။

ဇာနည် ။ ။ ဒါပေမယ့် ဇာနည်လေ။ သိတယ်မလား။ အားလုံးအဆင်ပြေအောင် ရှင်းပေးလိုက်ပါတယ်။ ကိုသာကြီးက ဆန္ဓတွေ အားလုံး ဖြည့်ဆည်းပေးလိုက်တာပေါ့။

ဗီလိန် ။ ။ အားပါးပါးပါး သိပ်ကြိုက်သွားပြီ။ ကိုဇာနည်။ ကျနော်ကောင်မလေးနဲ့ အဆင်ပြေအောင်လည်း လုပ်ပေးဗျာ။ နော် ....။ အဝတိုက်မယ်။ ဘယ်လို အောင်သွယ်ပေးလိုက်လဲ။

ဇာနည် ။ ။ လွယ်ပါတယ်ဗျာ။ အင်ဒီကောင့် ဆိုရိုးလေးနဲ့ပဲပေါ့။

အားလုံး ။ ။ သြော်.................................

အားလုံး ။ ။ “ဒီမှာ. အသည်းနှလုံး..... (ဗြုန်း) အသည်းနှလုံး..... (ဗြုန်း) အသည်းနှလုံး ပေးလိုက်ချင် ရော့ရော့ရော့”

တယောက်တပေါက် ကနေသည့်အထဲမှ ကိုဇာနည်က ဗီလိန့်ကို ဆွဲထုတ်လိုက်ပြီး
ဇာနည် ။ ။ ဒါနဲ့ မင့်ကိုမေးရဦးမယ်။ မင်းညီမလေး အဲဒီ့ဆိုင်မှာ သီချင်းဆိုသေးလား။

ဖျောင်းဖျောင်း.......... ဗျောင်းဗျောင်း............
ဗီလိန်က ဇာနည်ကို မနားတမ်း သမသည်။ ဇာနည်ကလည်း ပုဆိုးမပြီး စင်နောက်ထဲသို့ ပြေးဝင်သွားသည်။ ဗီလိန်လည်း စင်နောက်ထဲထိ လိုက်သမလေတော့သည်။

စင်ပေါ်တွင် ကျန်ခဲ့သည့် ၄ ယောက်ထဲက အင်ဒီကောင်က
အင်ဒီ ။ ။ ကဲ... ပျော်တာလည်း ပျော်ကြတာပေါ့ဗျာ။ ကျနော်တို့လည်း ခွက်ပုန်းလေးကစ်ရအောင် .... အဲလေ။ မင်းသမီးကို အလှည့်ပေးရအောင် ခေါ်ကြပါစို့ဗျာ။

ချမ်းရဲ ။ ။ ဟုတ်ပြီဗျာ။ ကဲ ကိုဟန်သစ်ငြိမ်ပဲ ခေါ်ဗျား

ဟန်သစ်ငြိမ် ။ ။ ခေါ်ဆိုလည်း ခေါ်ရတာပေါ့ဗျာ။ ဒီတခါ ဘယ်သူများလဲ ဗျ။

အောင်သာငယ် ။ ။ မွေးမြူရေးနဲ့ ရေလုပ်ငန်ဝံဂျီး ခေါင်းဆောင် မင်းသမီးချောလေ ဂန်းစတား စွန်မုလေဗျာ။

ဟန်သစ်ငြိမ် ။ ။ ကဲ.... ပန်းစကားရယ် ညှင်းလေရယ် သယ်ပါဘိ ဂန်းစတားနှယ် သင်းလေးရယ် ကျိုင်ပါလေရဲ့ မြင်သူတကာ တင်ကာဆန်း၊ ရင်ဖိုကာ လှိုက်နမ်းချင်လှပြီ။ စွန်မု ဆိုတဲ့ ဆုမွန် ကလေးနှမပျို............ ရေ........

ယိမ်းတိမ်း ယိမ်းတိမ်းနဲ့ မင်းသမီး စင်ပေါ် တက်လာတော့သည်။ သူက ခုနက မင်းသမီးတွေနဲ့မတူ... လှုပ်နေတာမဟုတ်... လေတိုက်လို့ ယိမ်းနေသလိုမျိုးဖြစ်နေသည်။

ဗီလိန်။ ။ `ဟ... ဟ၊ လုပ်ကြပါဦး... တို့မင်းသမီး နာဂစ်မိလာပုံရတယ်...´

အင်ဒီ။ ။ `အာ... မင်းသမီးကော ဟုတ်လို့လား... စင်ပေါ်ကို မြွေတက်လာသလား အောင့်မေ့ရတယ်...´

ဖောင်း... ဖြောင်း...

ချမ်းရဲ။ ။ `မြွေဖြစ်မလားဟ၊ မြွေက မတ်တပ်ကြီး တွန့်တတ်လို့လား...´

အင်ဒီ။ ။ `တွန့်ချင် တွန့်မှာပေါ့... သူက နာဂစ်မိလာတာကိုး...´

အောင်သာငယ်။ ။ `နင်တို့တွေ တော်ကြစမ်းပါ... တော်ကြာ မင်းသမီး နှာကစ်ပြီး ပြန်ဆင်းသွားမှ ခက်နေရော့မယ်...´

ဟန်သစ်ငြိမ်။ ။ `ကဲ... မင်းသမီး... ခုတစ်ခါ ဘာဆိုမှာလဲ... မောင်ကြီး အစိကလိနေပုံလား...´

ဇာနည်။ ။ `အေး... ဟုတ်တယ်၊ ခုနက ဟို... မင်းသမီးဆိုတုန်းက မောင်ကြီးအစိ ကလိနေပုံဆိုတာ... အဲဒါ ဘာကို ပြောတာလဲဟင်...´

ဖောင်း...

အောင်သာငယ်။ ။ `အာ... သူများသမီးပျိုကို ညစ်တီးနဲ့ ညစ်ပတ်တွေ သွားမေးစရာလား...´

ဇာနည်။ ။ `သိဘူးလေ... သူတို့တွေပဲ ဆိုတဲ့ဟာကိုး...´

ဗီလိန်။ ။ `အဲဒါက ခုနက ရင်တင်ဖော်...တဲ့ ဇင်ဇင်ဇော်လေ...´

ဖောင်း၊ ဖြောင်း... ဖောင်း... ခွပ်... ဖောင်း... ဟန်သစ်ငြိမ်မှာ ဗီလိန်ကို အသေသမတော့သည်...

ဟန်သစ်ငြိမ်။ ။ `ကဲဟာ။ သူများသားသမီးကို နာမည် ဖျက်စရာလား...´

ဗီလိန်။ ။ `ဟွန်း... ခုနက သူပဲ အဲလို ခေါ်ပြီးတော့များ... ခုကျမှ...´

အောင်သာငယ်။ ။ `ကဲ... ခင်ဗျားတို့ အသာနေ... ဒီမယ်... မင်းသမီး ခုနကလိုပဲ... စစရာရှိ စ၊ ကစရာရှိက... ပြီးရင်ဂျောင်း...´

မစွန်မု။ ။ `အဟင့်... ကပါမယ်... ပြီးရင်လည်း ဆင်းပါ့မယ်... တကတည်း... ခု မီး သီဆိုကပြမယ့် သီချင်းက... နာမည်ကြီးသီချင်း တစ်ပုဒ်ဖြစ်တဲ့ ကုန်နေပြီ ပဲဖြစ်ပါတယ်...´

ချမ်းရဲ။ ။ `မှုန်ရွှေရည်ပဲ ကြားဖူးပါတယ် မင်းသမီး... ခု ဘယ့်နှယ် ကုန်နေပြီ ဖြစ်ရတာလဲ...´

မစွန်မု။ ။ `အော်... ဒါက ဒီဘက်ခေတ် အီကော်နော်မစ်အရ သီချင်းကို ခံစားချက် ပြောင်းထားတာပါ... နားဆင်ကြည့်ပါနော်...´

ပြောပြီးသည်နှင့် ရွာစားကျော် သံလွင်ဟီးရိုး၏ တဗြုန်းဗြုန်း လက်သံထွက်လာတော့သည်။ ဆိုင်းသံကြားသည်နှင့် မင်းသမီးမှာ မျက်စိမျက်နှာပျက်ပြီး ရွာစားကို ယပ်တောင်ဖြင့် သွားဆော်တော့သည်။

သံလွင်ဟီးရိုး။ ။ `ဟ ဟ၊ မင်းသမီး လူရွှင်တော်တွေ မမဲရတာနဲ့ ကျုပ်လာဖြဲနေပါလား...´

မစွန်မု။ ။ `ဘာမှ ရှင့်လာမဲနေတာ မဟုတ်ဘူး၊ ရှင့်လုပ်ပုံကို ရှင်ပြန်ကြည့်လေ...´

သံလွင်ဟီးရိုး။ ။ `ဘာဖြစ်လို့လဲဗျ...´

မစွန်မု။ ။ `ဘာဖြစ်ရမလဲ... ရှင်တီးနေတာ စိတ်ညစ်လို့ အရက်ကိုသောက်တယ်... အဲဒီ သီချင်း သံစဉ်အလိုက်ကြီးလေ... ကျွန်မကမယ့် ကုန်နေပြီမှ မဟုတ်တာ...´

သံလွင်ဟီးရိုး။ ။ `အဟီး... ဟုတ်သားပဲ... နည်းနည်းလေး လက်ချော်သွားလို့ပါ... ချောဒီးနော် မင်းသမီး ပြန်တီးပေးမယ်... ကဲ... ဒီဂျေ ဖိုးဂျယ် ဒီတစ်ခါ မင်းအရင်ဝင်...´

တွီတွီတွီ... ကျီ ကျီ ကျီ... (မှုန်ရွှေရည် တီးလုံးကို ဒီဂျေ ပွတ်နေသည်ဟု မှတ်ပါ)

ကုန်နေပြီ... ခုန်သေမည်... ၀သုန်မြေမဟီ...

ကုန်နေပြီ... မှိုင်ကာသာငေးမည်... ထိုင်ကာသာချေးမည်...
ဆန်ဆီငွေများ ကုန်လေပြီ... ထမင်းငတ်ဖို့ ရှိလေသည်...
ဟင်းငတ်ဖို့ ရှိလေသည်... ငတ်ပြတ်ပြတ် ဗိုက်မှောက်ခုန်သေမည်... ကုန်နေပြီ...

ကုန်နေပြီ... မှိုင်ကာသာငေးမည်... ထိုင်ကာသာချေးမည်...
ဆန်ဆီငွေများ ကုန်လေပြီ... ထမင်းငတ်ဖို့ ရှိလေသည်...
ဟင်းငတ်ဖို့ ရှိလေသည်... ငတ်ပြတ်ပြတ် ဗိုက်မှောက်ခုန်သေမည်... ကုန်နေပြီ...

ဗိုက်မှောက်ရေသောက် အသက်ပြောက်လုပြီ
လူမြင်သူမြင် မကောင်းလည်း ဘာမထီ
ခေတ်အမီ ငတ်တာပြတ်တာ မဆန်းတော့ပါလေပြီ...
ဗိုက်မှောက်ရေသောက် အသက်ပြောက်လုပြီ
လူမြင်သူမြင် မကောင်းလည်း ဘာမထီ
ခေတ်အမီ ငတ်တာပြတ်တာ မဆန်းတော့ပါလေပြီ...
ငါးထောင်တန် ကယ်လည်းမရပါ... ထမင်းစားဖို့တောင် လိုက်လို့မမီပါပြီ...

ကုန်နေပြီ လွမ်းပြလို့ မထူးခြားတော့သည်
မြင်မြင်သူ အရွဲ့တိုက်တောင် မထူးခြားတော့ပြီ
ကုန်နေပြီ လွမ်းပြလို့ မထူးခြားတော့သည်
မြင်မြင်သူ အရွဲ့တိုက်တောင် မထူးခြားတော့ပြီ
ဆီကုန်ဆားမရှိ ကုန်နေပြီ... ဆန်ကုန်သကြားရှိ ကုန်နေပြီ...
နတ်ဗြဟ္မာတွေ ရွာသွန်းပေးမယ့်... ရွှေမိုး ငွေမိုး မျှော်နေသည်

ဗိုက်မှောက်ရေသောက် အသက်ပြောက်လုပြီ
လူမြင်သူမြင် မကောင်းလည်း ဘာမထီ
ခေတ်အမီ ငတ်တာပြတ်တာ မဆန်းတော့ပါလေပြီ...
ဗိုက်မှောက်ရေသောက် အသက်ပြောက်လုပြီ
လူမြင်သူမြင် မကောင်းလည်း ဘာမထီ
ခေတ်အမီ ငတ်တာပြတ်တာ မဆန်းတော့ပါလေပြီ...
ငါးထောင်တန် ကယ်လည်းမရပါ... ထမင်းစားဖို့တောင် လိုက်လို့မမီပါပြီ...


ငပေါများဂေဟာ နှစ်ပတ်လည် မဟာအငြိမ့်ပွဲကြီး - ၃ (ဒီဗီဒီ ဗားရှင်း) ကို ဆက်လက် ရှုစား အားပေးကြပါ။

ငပေါများဂေဟာ နှစ်ပတ်လည် မဟာအငြိမ့်ပွဲကြီး - ၁ (ဒီဗီဒီ ဗားရှင်း)

အောက်တိုဘာ ၃၀ ရက်နေ့မှာ ကျရောက်တဲ့ ငပေါများဂေဟာရဲ့ နှစ်ပတ်လည်နေ့ အတွက် ကိုဟန်သစ်ငြိမ်မတူးတူးသာ နဲ့ ကျနော် ဗီလိန်တို့ ၃ယောက်ပေါင်း ဖန်တီးထားတဲ့ အငြိမ့်ပွဲလေးပါ။ အပိုင်း ၁ မှာ ကိုအောင်သာငယ်က အများဆုံးဖြစ်ပါတယ်။ ဂေဟာက ပို့စ်တွေကို ကျနော့ရဲ့ အိပ်ရာမှာ တင်ခဲပါတယ်။ နှစ်ပတ်လည်နေ့ အထူး အစီအစဉ် ဖြစ်တာကတစ်ကြောင်း၊ လာဖတ်သူတွေလည်း အပျင်းပြေ ရယ်မောနိုင်အောင်က တစ်ကြောင်း ငံပြာရည် နည်းနည်းတို့လိုက်ပါတယ်။

ပျော်ရွှင်နိုင်ကြပါစေဗျာ။

=============================================================================


ငပေါဦးတည်ချက် ၄-ရပ်
* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက်ဖက် နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

(သရုပ်ဆောင် မာမီအာနိုး၊ ဂေါ်လီ စတားပြား)
ဒက်ဒက်ဒက်ဒက်ဒက်....

တို့ဂေဟာကလူသည်.... ငပေါဘက်က အမြဲရပ်တည်.... အမှန်ပင် ကာကွယ်မည်... တယ်တဲတဲ့တဲ့ တယ့်တဲတဲ့
သတ္တိခဲတွေသည်.... ပုရွက်ဆိတ်လောက် တို့မမှုပြီ.... ဂေဟာက တို့ဖြစ်သည်....

>>
တီဗွီ ။ ။ အာာ... ကျော်လိုက်ပြီလား။ မကျော်နဲ့လေ။
ပရိသတ် ။ ။ ကျော်မှာပဲ အကျင့်ပါနေပြီ။ ငပေါဦးတည်ချက် ဆိုကတည်းက ကျော်ချင်နေတာ။ ရီမုရှာမတွေ့လို့။ အငြိမ့်ကြည့်မလို့ပါ ဆိုမှ စစ်လာ တိုက်ပြနေတယ်။ စစ်တိုက်ချင် စစ်ကားရိုက်ပေါ့။
တီဗွီ ။ ။ အင်းပါကွယ်။ အင်းပါ။ ကော်ပီခွေ မဝယ်တာပဲ ကျေးဇူးတင်ပါတယ်။ သည်းခံရမပေါ့။


-----------------------------------------------------------

ပေ ၂၀၀ ပတ်လည်ရှိသေး ရွှေအိုရောင် လိုက်ကာကြီး ရှေ့တွင် လှပသော ရောင်စုံ ကနုတ်ပန်းဖြင့် ထိုးထားသည့် ငပေါများဂေဟာ နှစ်ပတ်လည် မဟာအငြိမ့်ပွဲကြီး ဟူသည့် စာတမ်းက ငပေါများအားလုံး၏ နှလုံးသားကို ၂၀၁၂ အလား (ရုပ်ရှင်ထဲကလို) ဖြစ်ကုန်လေတော့သည်။

ခေါင်းဆောင် မင်းသမီး ... ဂန်းစတား စွန်မု (မွေး/ရေ စုမွန်)
ရှေ့ထွက် မင်းသမီး ... ထမင်းတူးဟင်းတူး (နာယကဂျီး
တူးတူးသာ) (ကချင်လွန်းလို့ စောင့်နေတာ အိမ်က ထမင်းအိုးတူးနေတာ မသိ။) နဲ့ ဇင်ဇင်ဇော် (ပညာရေး) (Shift ပျက်နေလျှင် မရိုက်ရ)

ပေါလူရွှင်တော်များ
အင်ဒီဗီလိန်ဇာနည်အောင်သာငယ်ဟန်သစ်ငြိမ်ချမ်းရဲ

ဆိုင်းဝိုင်း
ဆိုင်း
သံလွင်ဟီးရိုး
DJ
ဖိုးဂျယ်
ပလက်ကင်
ကေလာ
ကီးဘုတ်
ခေါင်ခေါင်

စာတမ်းထိုးပြီးသည်နှင့် သံလွင်ဟီးရိုး၏ အဖွင့်ဆိုင်းနှင့်အတူ ရွှေရောင်ကားလိပ်ကြီးကို ဖွင့်ချလိုက်သော် ပေါရွှင်တော်များက လက်အုပ်ချီလျက် မင်္ဂလာရှိစွာ ဦးညွှတ်ဂါရဝ ပြုလိုက်သည်။ သံလွင်ဟီးရိုးက ပတ်ကမကြီးကို “ဂျိ” ကနဲတီးလိုက်သော်လည်း “ဂျိ” ဟု မြည်ရမည့်အစား “ဗျိ” ဟု မြည်သွားလေသည်။ အကြောင်းမှာ အတွင်းရေးမှူး၂ ဗီလိန်သည် ဖဲဝိုင်းမတည်ငွေ မရှိတော့သဖြင့် ပတ်မကြီးမှ သားရေများကို ခွာကာ ပေါင်ထားသဖြင့် လေကို တအားကုန်း၍ အတွင်းအားဖြင့် တီးလိုက်ရာ သံလွင်ဟီးရိုး၏ ပုဆိုးကွဲသွားသည့် မြည်သံ ဗျိ ဖြင့်သာ အသုံးတော်ခံလိုက်ရလေတော့သည်။ ပတ်မကြီးသားရေကိုရွေးရန် သံလွင်ဟီးရိုး အပေါင်ဆိုင် ပြေးနေစဉ် ဖိုးဂျယ်၏ ဒီဂျေဖြင့် ဆက်ကမည်ဖြစ်သည်။

ရွှေရောင်ကားလိပ်ကြီးမှာ အမှန်တော့ ဖွင့်စရာမလိုအောင် ဖွင့်ပြီးသားဖြစ်နေသည် ... အဘယ်ကြောင့်ဆိုသော် ထိုကားလိပ်ကြီးလည်း အပေါင်ဆိုင် ရောက်နေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် လက်အုပ်ချီပြီး ထွက်လာသော ပေါလူရွှင်တော်များ ဒီတိုင်းပင် မိုက်ကရိုဖုန်းရှေ့ သွားရပ်လိုက် လေတော့သည်။ ဗီလိန်က ခွန်းထောက် အဖွင့်ကို စဆိုရန် ဟန်ပါပါဖြင့် ရပ်လိုက်သည်။

ဗီလိန် ။ ။ များကလျာနော် လိုအင်တွေ ပြည့်ကြစေဖို့ ... (ဂျစ်ဂျစ်ဂျစ် ..ခင်မောင် ခင်မောင် - ဖိုးဂျယ်၏ ဒီဂျေပွတ်သံ) များကလျာနော် လိုအင်တွေ ပြည့်ကြ စေဖို့ ... (ယို့ယို့ .. ယက်စ်နိုး အေဘီစီဒီ ခင်မောင်) စားစရာ ချိုချဉ် တရွေးရယ်နဲ့ လာသမျှကိုတဲ့ ဧည့်တော်ခံမယ် ...မယ် ..

ဇာနည် ။ ။ ဟာ ချိုချဉ်မလုပ်နဲ့ ... နေကြာစေ့ပဲလုပ်။ ကျုပ်က နေကြာစေ့ပဲကြိုက်တာ။

အင်ဒီ ။ ။ ဟာ ... ဒါမျိုးဧည့်ခံပွဲဆိုတာ ယမကာလေးပါမှဗျ။ ဟိုက် ကလေးဘာလေးနဲ့ လုပ်ပါဗျာ (မူးသံလေး စွက်၍)

အောင်သာငယ် ။ ။ ညီလေးတို့က ကဗျာမဆန်ပဲကိုး ... အစ်ကိုကြီး သဘောပြောရရင်ဖြစ် ... အော့အော်အော် ပြောရ.. ပြောရရင်ရင်းဖြင့် ...။

ဟန်သစ်ငြိမ် ။ ။ ရိုးရိုးပဲ လုပ်ပါလား တို့ကိုကြီးသာရေ .... ရိုးရိုး လေးသာ လုပ်ပါဗျ။ ကျနော်ကတော့ အန်ဒီကို ထောက်ခံပါတယ် (ဇာတ်သံမှာ နှာသံလေးစွက်၍)

အောင်သာငယ် ။ ။ အစ်ကိုကြီးပြောလို့ မပြီးသေးဘူးလေကွယ် ... ဒီလိုရှိတယ်ကွဲ့ ... ကဗျာဆန်ဆန်ေ ပြာရရင်ဖြင့် ချိုချဉ်ယမကာ နေကြာစေ့နဲ့ ဒီလိုပွဲမျိုး လားလားမှ မဆိုင်ပါတယ် ... လားလားမှ မဆိုင်ပါတယ် ... ။ ဒီတော့ကာ ... ပြင်သစ်ဝိုင်ကလေးနဲ့ လာသမျှကို ဧည့်တော်ခံပါလားကွယ် ဗီလိန်လေးရယ် .. အဲငှယ် အဲငှယ်။

ဗီလိန် ။ ။ သည်းခံပါခင်ဗျာ သည်းခံကြပါခမျ ... တကယ်ဧည့်ခံတော့ ကြိုက်ရာနဲ့ဧည့်ခံကြပါ။ ကျုပ်ကတော့ အလွတ်ကျက်ထားတာ ဒါပဲရပါတယ်။ (အားလုံး မဲ့ရွဲ့လိုက်ကြ) ကဲ ဆက်မယ်။ စားစရာချိုချဉ် တရွေးရယ်နဲ့ လာသမျှကိုတဲ့ ဧည့်တော်ခံမယ် ... ပွဲခေါ်ရန် အငြိမ့်ဆိုင်းတွေနဲ့ ... အလိုဗျာ ... ငပေါဂေဟာရဲ့ ရာဇဝင်တွင်မယ့် နှစ်ပါတ်လည်ပွဲ ဟယ် ပွဲဟယ် ပွဲ ..... ဟဲ ငှဲငှဲ ....... ပွဲ .. (ကိညောင်ကိညောင်ကိညောင် ကွမ်ကွမ်းကွမ်) ရှေ့က ကိညောင်မှာ ကေလာ့ လက်သံဖြစ်၍ နောက်က ကွမ်ကွမ်းကွမ်မှာ ခေါင့်ခေါင် အိမ်မှုံစုံမွှားဖြင့် ထ တီးလိုက်သော ကီးဘုတ်သံဖြစ်သည်။

နောက်ဆုံးက “ပွဲ” ကိုသံရှည်ဆွဲဆိုသည့်နေရာတွင် အကုန်လုံးလိုက်ဆိုသော်လည်း တယောက်တပေါက် ကီးမဝင်သဖြင့် ကီးကို အလွန်ဂရုစိုက်သော ကိုအောင်သာငယ်က လိုက်မဆိုပေ ...။

ပေါငြိမ် ။ ။ ကဲကဲ ... ခွန်းထောက်တော့ အလွတ်ကျက်ထားလို့ ပြီးသွားပြီး ခုဘာဆက်လုပ်ရမှာလဲ။

ဗီလိန် ။ ။ စင်နောက်မှာ ဝိုင်းကကောင်းနေတာတဲ့ သိလား။

ဇာနည် ။ ။ ဟာ ချော်တောက ငေါ့ပြီ ဘာဆက်လုပ်မလဲ မေးတာ ဒီကစားသမားနဲ့တော့ (ပြောရင်း ဇက်ပိုးကို တချက်တီး)

ဗီလိန် ။ ။ သိတယ်လေ ... ခုဏ မမ က ဝိုင်းကောင်းတယ်တဲ့ အချက်ပြနေတယ် .. အဲဒီတော့ ကျနော်တို့လည်း ခဏ အနားရအောင် မင်းသမီးကို ကခိုင်းထားလိုက် မကောင်းဘူးလား။

အင်ဒီ ။ ။ အင်း အာကလည်း ချောက်လာပြီ ... ကောင်းတယ်။ မင်းသမီးခေါ်မယ်။

အောင်သာငယ်။ ။ ကဲ...ဟန်သစ်ငြိမ်... ရှေ့ထွက် မင်းသမီးလေး ဇင်ဇင်ဇော်ကို ခေါ်ချေဗျာ...

ဟန်သစ်ငြိမ်က လက်အုပ်ကို နတ်ပူးသလိုချီရင်း... ပရိသတ်ကို အရိုသေပေးလိုက်သည်။ ပြီးတာနဲ့...

ဟန်သစ်ငြိမ်။ ။ အသွင်မချော် နင်တော်ကာထက်စေဖို့... အဟမ်း... ဘ၀င်မရှော် အစင်မျှော်ကာ တက်နေသို့... အဟမ်း၊ ဟမ်း... ရင်မော်ကာ စင်ပေါ်က အော်လိုက်မယ်... နင် ဖင်ပေါ်သလေ... အေ အေအေ...

ဖြောင်း၊ ဖြောင်း၊ ခွပ်... ဖုံး... ခွပ်... ကျန်လူရွှင်တော်တွေ ၀ိုင်းသမလိုက်ခြင်းဖြစ်သည်။

အောင်သာငယ်။ ။ `ဘယ့်နှယ် ဇင်ဇင်ဇော်ပါဆိုမှ နင်ဖင်ပေါ်သလေး ဘာလေးနဲ့... ကဲ... နင်မရဘူး... ဗီလိန် နင်ခေါ်စမ်း...´

အားလုံး။ ။ `ဟ၊ ဟ... ကန့်ကွက်တယ်... ဘယ့်နှယ်ဗျာ... မင်းသမီးကို ဗီလိန်သွား အခေါ်ခိုင်းရတယ်လို့ စဉ်းစားသာကြည့်...´

အောင်သာငယ်။ ။ `အိုကေ... ဒါဆို ချမ်းရဲ နင်ခေါ်...´

ချမ်းရဲ။ ။ `အဟမ်း၊ ဟမ်း...´

ချမ်းရဲက ချောင်းကို အကျယ်ကြီးဟန့်ပြီး မိုက်ကို မိုက်ကယ်ဂျက်ဆင်စတိုင် ကိုင်လိုက်တယ်... ပြီးတော့မှ...

ချမ်းရဲ ။ ။ “ရင်တင်တွေ အတော်ကြွတာမို့... နင်အပြင်ဆင် ဖော်လှသာမို့... ခင်မင်ချင် အဖော်များလေတဲ့... အင်ဂျင်ညှော်... အော်အော်...”

ဖုံး၊ ခွပ်၊ ခွပ်၊ ဖုံး... ဖြောင်း... သူ့ကိုလည်း ကျန်လူတွေ ၀ိုင်းသမခြင်းဖြစ်သည်။

အောင်သာငယ် ။ ။ “ဘယ့်နှယ်... ဇင်ဇင်ဇော်ပါဆို အင်ဂျင်က ညှော်ရသလား...”

ချမ်းရဲ ။ ။ “ဟ... ညှော်တော့မပေါ့... မီးမှမလာတော့ ၂၄ နာရီ ဒီမီးစက်ကြီးမောင်းနေတာ အင်ဂျင်က မညှော်ပဲ နေမလားဟ...”

အောင်သာငယ် ။ ။ “တော်တော်၊ နင်လည်း မဖြစ်ချေဘူး... နောက်လူဆက်ခေါ်”

အင်ဒီ ။ ။ ကဲပါဗျာ။ ကျနော်ခေါ်ပါမယ်။ ဟိုက်ကော်မရှင်နာလို ရင်လှိုက်ငင်ကာ အသုံးတော်ခံဖို့၊ ဂရန်းရွိုင်ရယ်လို တသျှမ်းလှိုင်လှိုင် ဂုဏ်သတင်း ကျူးရင့်ပါတဲ့၊ မယ်ဂေါင် သုံးပက်နဲ့ ပရိတ်သတ် အရယ်မရပ်ခင်၊ ဆော်ဒါ ၂ ခွက်နဲ့ ဗော်ကာ စပ်လိုက်မယ်။ အပီအပြင်ဆော်ပါမယ့် ဇင်ဇင်ဇော်ရေ့။

အင့်... (အောင်သာငယ်က စောင့်ကန်လိုက်ခြင်းဖြစ်သည်။)

အောင်သာငယ် ။ ။ “ဘာကို အပီအပြင်ဆော်မှာတုန်း။”

အင်ဒီ ။ ။ “က ကတာကိုပြောတာလေ။”

ဇာနည် ။ ။ “ကဲဗျာ ကဲဗျာ။ ဂေဟာက လူတွေ ဖြစ်ပြီး မင်းသမီးတောင် အဖြစ်ရှိအောင် မခေါ်တတ်ဘူး။ ခေတ်ရေစီးကြောင်းနဲ့ ညီသွားအောင် ကျနော်က ဟစ်ဟော့နဲ့ ခေါ်မယ် ဟစ်ဟော့နဲ့”

အောင်သာငယ် ။ ။ “အောင်မာ အောင်မာ။ ကြီးကြီးကျယ်ကျယ်တွေ လုပ်ပြန်ပြီ။ ခေတ်ရေစီးကြောင်းလေး ဘာလေးနဲ့။ ကဲ ခေါ်စမ်းပါဦး ခေါ်စမ်းပါဦး။”

ဇာနည် ။ ။ “ကဲ ဒီဂျေ ဖိုးဂျယ်ရေ့။ အိုးလေး တစ်ချက်လောက်။”
“ခွန်းထောက်ကို စပ်ကာဆို၊ တချို့ငပေါတွေ မျက်နှာညို ပေါခြင်းကို ရှက်စရာလို့ အတွေးမှားရင် ပြဿနာဗျို့......”
အားလုံး ။ ။ “အိုးလေး လှုပ်ပါဟေ့ အိုးလေးလှုပ်ပါဟေ့”

ဇာနည် ။ ။ “ဇဂွဲရေး ငတ်သတ်နဲ့ ဇဂွဲရေး ငတ်သတ်နဲ့ ဇော်လေး ထပ်ကပ်ထည့်၊ ထပ်ခေါ်ရင် Shift တော့ မမေ့နဲ့ ချစ်တော့ ချစ်သဟေ့ ပေါတော့ ပေါသဟေ့။ အကျင့်ကတော့ ငပေါလိုမျိုး လူကြီးမိဘတွေ စိတ်တွေဆိုး၊ အလုပ်အကိုင်ရာထူးက ပညာပေးလိုက်မယ်။ အငေါက်အငမ်း ကြမ်းတယ်နော်။ ဗိုက်ကလေးကပူ ချက်ကလေးကစူ.................
အားလုံး ။ ။ ”အိုးလေး လှုပ်ပါဟေ့ အိုးလေးလှုပ်ပါဟေ့”

ဖျောင်း....... ဖျောင်း..... ဒိုင်း...... ဘုန်း..........
အောင်သာငယ် ။ ။ “ဒီဗိုက်ပူတာက မတက်တော့ဘူးလား ဆက်ဆိုရင် မင်းသမီး စိတ်ဆိုးပြီး ထွက်မလာပဲ နေတော့မပေါ့။”

ဗီလိန် ။ ။ အိုးလေးလှုပ်ပါဟေ့.... ဟေ့ဟေ့.. လှုပ်ပါဟေ့.... (အရှိန်မသေသေးသည့် ဗီလိန်က ရာဇာနေဝင်း ဒီဇိုင်းဖြင့် ဆက်ကနေသေးသည်။)
အင့်....... (အောင်သာငယ်က ဖနောင့်နှင့်ပေါက်လိုက်တော့ ခွက်ပုန်းအရှိန်နှင့် လဲကျသွားသည်။)

အောင်သာငယ် ။ ။ “ကဲ ဘယ်သူမှ မခေါ်နိုင်ရင် ငါပဲ ခေါ်တော့မယ်။ ကဲ.... မြင်သူတကာ မော်ကြွားစေဖို့၊ ရင်ဖိုကာ ရှုစားလေမယ့်၊ အကြင်နာရှင် ဇင်ဇင်ဇော်ရေ့။ စင်ပေါ်တင် ကပြပါစို့... ကလေးနှမပျို......... ရေ။” (ပလို့ဂျိ... )

မျက်စိကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး မင်းသမီး ဇင်ဇင်ဇော် ထွက်လာသည်။ ရှိသမျှ ပစ္စည်းတွေကို အသားကုန် လှုပ်ခါ လှုပ်ယမ်းယုံမျှ မက လက်ကလည်း ယပ်တောင်ကိုပါ ယမ်းနေသေးသည်။

ဇာနည်။ ။ `ဟ… ဟ... မင်းသမီး၊ အရမ်းမယမ်းနဲ့လေ... ´

ဇင်ဇင်ဇော်။ ။ `အရမ်းယမ်းတော့ ဘာဖြစ်သလဲရှင့်...´

ဇာနည်။ ။ `အရမ်းယမ်းတော့ အရမ်းယမ်းတာပေါ့...´

အင်ဒီ။ ။ `အရမ်းအရမ်းကို ယမ်းတာပါပဲချဉ်... အင်...´

ဟန်သစ်ငြိမ်။ ။ `ဒီလိုလေ မင်းသမီးရဲ့... သိက္ခာကျတယ်ဆိုတာ ရှိတယ်လေ...´

ဇင်ဇင်ဇော်။ ။ `ဘယ်လိုလဲရှင့်... ပြောပါဦး´

ဟန်သစ်ငြိမ်။ ။ `သိက္ခာကျတယ်ဆိုတာ သိပ်ခါရင် ကျတယ်လို့ ပြောတာ...´

ဖောင်း၊ ဖြောင်း၊ ဖုံး... ခွပ်... ဖြောင်း... ကျန်လူတွေက စောင့်နေတာ ကြာပြီ။ ချက်ချင်းကို ၀ိုင်းသမတော့သည်။

ဇင်ဇင်ဇော်။ ။ `အဟီး ဟီး... မီးက အကောင်းမှတ်လို့ နားထောင်နေတာ...´

အောင်သာငယ်။ ။ `ကဲ... ကဲ... မင်းသမီး အကောင်းတွေ အဆိုးတွေ မှတ်မနေနဲ့ ဒါ တရားစခန်း မဟုတ်ဘူး... နင်က ရှေ့ထွက်နော်... နင့်နောက်မှာ... တပြုံကြီး ကျန်သေးတယ်... ကစရာရှိက... ဆိုစရာရှိဆို... ပြီးရင် ဆင်း...´

ဇင်ဇင်ဇော်။ ။ `အဟင့်... မီးကို ကပြီးရင် ဆင်းတဲ့... အစ်ကိုတို့ရေ ကယ်ပါဦး´

အင်ဒီ။ ။ `ဒီမယ် ကိုအောင်သာငယ်... ကောင်မလေးကို လွှတ်လိုက်´

ဟန်သစ်ငြိမ်။ ။ `ကဲ... ခင်ဗျားတို့ ရန်ဖြစ်နေတာနဲ့ ပရိသတ်က မောတော့မယ်... ကဲ... မင်းသမီး စချေဗျာ...´

ဇင်ဇင်ဇော်။ ။ `မီး သီဆိုကပြမယ့် သီချင်းကတော့ `ချစ်အာရုံ´ ဆိုတဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်... အဲဒါကို တေးရေးဆရာက ဒီဘက်ခေတ်နဲ့ လျှော်ညီအောင် `Love Feeling´ ဆိုပြီး ပြင်ဆင်ရေးဖွဲ့ပေးထားတာပါ။ အားပေးကြပါနော်...´

ပြောပြီးသည်နှင့် မင်းသမီး ဇင်ဇင်ဇော်မှာ တစ်ကိုယ်လုံး ခြေဆုံးခေါင်းဆုံး လှုပ်ခါယမ်းကာ ကတော့သည်။

ကျွန်မရဲ့ ဖြစ်ပုံ... ဖြစ်ပုံ အဆန်းစုံ
Night Club တက်မိတော့ မောင်ကြီးနဲ့ ဆုံသလေတော့
မြင်မြင်ချင်းအသိ မောင်ကြီးအစိ ကလိနေပုံ
ပျိုလေးမိ Feeling တွေ တသိမ့်သိမ့်ရှိုက်လို့တုန်
မြန်လှချည်ရဲ့ Love မိတဲ့ Love Feeling

ကျွန်မရဲ့ ဖြစ်ပုံ... ဖြစ်ပုံ အဆန်းစုံ
Night Club တက်မိတော့ မောင်ကြီးနဲ့ ဆုံသလေတော့
မြင်မြင်ချင်းအသိ မောင်ကြီးအစိ ကလိနေပုံ
ပျိုလေးမိ Feeling တွေ တသိမ့်သိမ့်ရှိုက်လို့တုန်
မြန်လှချည်ရဲ့ Love မိတဲ့ Love Feeling

နုထွားပျို Body သူ့အသည်းမှာ Like နေပါသတဲ့
သည်းလိုက်တဲ့ ဖြစ်ပုံ...
နုထွားပျို Kissing သူ့ပါးမှာ Want နေပါသတဲ့
သည်းလိုက်တဲ့ ဖြစ်ပုံ

ဘီယာကုန်ရင် လိုက်ခဲ့ပါလား ဖိတ်ခေါ်ပါရဲ့ ယုံ
လူယိုင်နေတာတောင် လိုက်လို့လာမလား ဖိတ်ခေါ်နေတဲ့သူ
ဘီယာကုန်ရင် လိုက်ခဲ့ပါလား ဖိတ်ခေါ်ပါရဲ့ ယုံ
လူယိုင်နေတာတောင် လိုက်လို့လာမလား ဖိတ်ခေါ်နေတဲ့သူ

မူးပြီး ကဖို့အတွက် ဟိုနေရာမှာ လူတွေပြုံ
ပျိုလေးတို့ မအိပ်ဘူးဆို တစ်ညလုံးပဲ ခုန်ခုန်
သောက်လို့မူးရိုးမရှိဘူး မယုံချင်နေ ယုံ
ကကြပါစို့ ဒီ Club မပိတ်သေး ခင်လေးပါကွယ့်

အရက်ဘီယာ မှာချင်သလိုမှာ
Pepsi သောက်ချင်လည်း
ကြိုက်သလောက်သောက်တဲ့ ကြိုက်သလောက်သောက်တဲ့
အရက်ဘီယာ မှာချင်သလိုမှာ
Pepsi သောက်ချင်လည်း
ကြိုက်သလောက်သောက်တဲ့ ကြိုက်သလောက်သောက်တဲ့

ကလိုက်တာအမူးပဲ စိတ်ကတော့ သိပ်မလုံပါရှင်
မောင်ကြီး လာမယ့် Club မျှော်မှန်း ပျိုလေး ချစ်အာရုံ


မင်းသမီးဇင်ဇင်ဇော် ကပြီးတော့ ပရိသတ်ကို လက်အုပ်ချီ အရိုအသေပြုကာ ထုံးစံအတိုင်း လှုပ်ခါ လှုပ်ယမ်းပြီး စင်ပေါ်မှ ဆင်းသွားတော့သည်။
ဒီလိုနဲ့ လူရွှင်တော်ခြောက်ယောက် စင်ပေါ်သို့ ကို့ရိုးကားယားနဲ့ ပြန်တက်လာသည်။

ဟန်သစ်ငြိမ်။ ။`ကဲ... ဘော်ဒါတို့ရေ... အငြိမ့်အစ သံချပ်ကဆိုတော့... အငြိမ့်တို့ရဲ့ ထုံးစံ သံချပ်ကို ချန်ထားလို့ မဖြစ်ချေဘူး...´

ဗီလိန်။ ။`ဟုတ်တာပေါ့ ကိုဟန်သစ်ငြိမ်... အဲဒီတော့ သံချပ်တိုင်ဖို့က...´

ဟန်သစ်ငြိမ်။ ။ `ကျွန်တော်က တိုင်မယ်၊ ကျွန်တော်က ရှေ့ကနေ... မိုးမိုး မိုးလား မောင်တို့ဆို... ခင်ဗျားတို့က နောက်ကနေ... လေလေ လေလားမောင်တို့ အဲလို လိုက်ပေါ့ဗျာ...´

ဗီလိန်။ ။ `အိုကေ... ညီစေနော် ရဲဘော်တို့...´

ဟန်သစ်ငြိမ်။ ။ `ကဲ... မိုးမိုး မိုးလားမောင်တို့...´
အားလုံး။ ။ `လေလေ... လေလားမောင်တို့...´

ဟန်သစ်ငြိမ်။ ။ `ဟေ့... လေလေ လေလားမောင်တို့...´
အားလုံး။ ။ `အော်... မိုးမိုး မိုးလားမောင်တို့...´

ဟန်သစ်ငြိမ်။ ။ `ငပေါဦးတည်ချက် လေးရပ်ဟာ...´
အားလုံး။ ။ `လေလေ လေလားမောင်တို့´

ခွပ်၊ ဖုံး၊ ဖြောင်း... ဖြောင်း... ဖုံး... ဟန်သစ်ငြိမ်က ကျန်လူတွေကို လိုက်သမတော့သည်။ ပြီးတော့မှ...

ဟန်သစ်ငြိမ်။ ။ `ဘယ့်နှယ်ဗျာ... ငပေါဦးတည်ချက်လေးရပ်က... လေဖြစ်မလား၊ စဉ်းစဉ်းစားစား လုပ်ကြစမ်းပါ´

ဇာနည်။ ။ `သိဘူးလေဗျာ... ခင်ဗျားမှ တိုင်မပေးဘဲ...´

ဟန်သစ်ငြိမ်။ ။ `ဒီလိုလေဗျာ... ငပေါဦးတည်ချက် လေးရပ်ဟာ... ငပေါဂေဟာ ဓွန့်ရှည်ကြာဖို့... အိုကေနော်...´

ဇာနည်။ ။ `အိုကေ... ပြန်စ´

ဟန်သစ်ငြိမ်။ ။ `ငပေါဂေဟာ ဓွန့်ရှည်ကြာဖို့...´
အားလုံး။ ။ `ငပေါဦးတည်ချက် လေးရပ်ပါ...´

ဟန်သစ်ငြိမ်။ ။ `၀ံဂျီးတွေ ခွက်ပုန်းချကြတာ...´
အားလုံး။ ။ `ငပေါဂေဟာ ဓွန့်ရှည်ကြာဖို့...´

ဖြောင်း၊ ခွပ်၊ ခွပ်၊ ဖုံး... ဖောင်း...

ဟန်သစ်ငြိမ်။ ။ `ဟွန်း၊ အရက်သောက်တာ ငပေါဂေဟာ ဓွန့်ရှည်ကြာမလား၊ ရန်ဘုံးငွေတွေ ပြုန်းဖို့ပဲ ရှိတာပေါ့... စဉ်းစဉ်းစားစားလည်း လုပ်ကြပါ... ငပေါကတို့ရေ...´

အင်ဒီ။ ။ `သိဘူးလေ၊ ခင်ဗျားကြီးက ပြောမှ မပြောဘဲ...´

ဟန်သစ်ငြိမ်။ ။ `ကဲ... ဒီလိုဆို... ခွက်ပုန်းချပြီး အရက်သောက်တာ... နာယကဂျီးမှာ ငိုမဲ့ငိုမဲ့... ဟုတ်ဘူးလား... နာယကဂျီး စိတ်ဆင်းရဲမပေါ့... ခင်ဗျားတို့တွေ သောက်စားနေကြတော့...´

ချမ်းရဲ။ ။ `နာယကဂျီးက ငိုစရာလား...´

ဗီလိန်။ ။ `ငိုချင် ငိုမှာပေါ့... သူမပါရလို့ ငိုတာနေမှာ...´

ဟန်သစ်ငြိမ်။ ။ `ကဲ... ထားဗျာ ကျုပ်က တိုင်ရမှာလား ခင်ဗျားတို့က တိုင်ရမှာလား လိုက်ဆို.. ၀ံဂျီးတွေ ခွက်ပုန်းချကြတာ´
အားလုံး။ ။ `နာယကဂျီးမှာ ငိုမဲ့ ငိုမဲ့...´

ဟန်သစ်ငြိမ်။ ။ `နာယကဂျီးခမျာ ငိုမဲ့ ငိုမဲ့´
အားလုံး။ ။ `၀ံဂျီးတွေ ခွက်ပုန်း ချကြတာ´

ဟန်သစ်ငြိမ်။ ။ `အရက်မပါတဲ့ အခမ်းအနားပါ...´
အားလုံး။ ။ `နာယကကြီးခမျာ ငိုမဲ့ငိုမဲ့...´

ဖုံး၊ ခွပ်၊ အင့်... ဖြောင်း... ဖုံး...

ဟန်သစ်ငြိမ်။ ။ `အရက်မပါတဲ့ အခမ်းအနားဆိုမှပဲ... နာယကဂျီးက ငိုစရာလား... ခုပဲ တိုင်ပေး ထားတယ်လေ အရက်သောက်တာ သူမကြိုက်ပါဘူးဆို...´

အားလုံး။ ။ `ဟုတ်လို့လား၊ ဟုတ်လို့လား... ဟေ…´

ဟန်သစ်ငြိမ်။ ။ `ခင်ဗျားတို့ဗျာ... ကျုပ်တို့ နာယကဂျီးကို နာမည်ဖျက်ဖို့ပဲ လုပ်နေ... ကဲ... ဒီလိုဖြစ်ရမှာလေ... အရက်မပါတဲ့ အခမ်းအနားဆိုမှတော့ ဘုန်းကြီးကျောင်းမှာ လုပ်တာပါဗျ... အဲလိုဖြစ်ရမှာပေါ့... ကဲ ပြန်စမယ်´

အားလုံး။ ။ `ပြောပြောက စောပေါ့...´

ဟန်သစ်ငြိမ်။ ။ `ဘုန်းကြီးကျောင်းမှာ လုပ်တာပါဗျ´
အားလုံး။ ။ `အရက်မပါတဲ့ အခမ်းအနားပါ´

ဟန်သစ်ငြိမ်။ ။ `လက်နက်ကိုင်ပြီး ရမ်းကားတာ...´
အားလုံး။ ။ `ဘုန်းကြီးကျောင်းမှာ လုပ်တာပါဗျ´

ဖုံး၊ ခွပ်... ဖုံး... ဖြောင်း... ခွပ်...

ဟန်သစ်ငြိမ်။ ။ `ဟေ့လူတွေ... တော်တော်... ဘယ့်နှယ်ဗျာ... လက်နက်ကိုင်ပြီး ရမ်းကားတာ၊ ဘုန်းကြီးကျောင်းမှာ ဖြစ်မလားဗျ... စဉ်းစဉ်းစားစားလည်း လုပ်ကြပါဦး ငပေါ ကတို့ရေ...´

အားလုံး။ ။ `ဘယ်သိမှာလဲ... ခင်ဗျားမှ တိုင်မပေးဘဲ...´

ဟန်သစ်ငြိမ်။ ။ `ကဲ... ကဲ... လက်နက်ကိုင်ပြီး ရမ်းကားတာ အရှေ့အလယ်ပိုင်း ပြဿနာပါဗျ... ဟုတ်တယ်နော်...´

အားလုံး။ ။ `ဟုတ်ပါပြီ ပြန်ဆက်...´

ဟန်သစ်ငြိမ်။ ။ `လက်နက်ကိုင်ပြီး ရမ်းကားတာ...´
အားလုံး ။ ။ `အရှေ့အလယ်ပိုင်း ပြဿနာပါဗျ...´

ဟန်သစ်ငြိမ်။ ။ `အရှေ့အလယ်ပိုင်း ပြဿနာပါဗျ...´
အားလုံး။ ။ `လက်နက်ကိုင်ပြီး ရမ်းကားတာ´

ဟန်သစ်ငြိမ်။ ။ `၀ံဂျီးတွေ အနှိပ်ခန်း သွားကြတာ...´
အားလုံး။ ။ `အရှေ့အလယ်ပိုင်း ပြဿနာပါဗျ...´

ဖုံး... ဖြောင်း... ဖြောင်း... ဖုံး... ခွပ်

ဟန်သစ်ငြိမ်။ ။ `၀ံဂျီးတွေ အနှိပ်ခန်းသွားတာနဲ့... အရှေ့အလယ်ပိုင်းနဲ့ ဘာဆိုင်လို့လဲ...´
အားလုံး။ ။ `ဟို၊ ဟိုလေ... ဒါလည်း အရှေ့အလယ်ပိုင်းပဲ မဟုတ်လား... အရှေ့ရဲ့...´

ဖောင်း... ဖြောင်း...

ဟန်သစ်ငြိမ်။ ။ `တော်စမ်းပါဗျာ... ညစ်တီးနဲ့ ညစ်ပတ်တွေပဲ တွေးနေ... စိစစ်ရေးတင်မှ ဆင်ဆာဖြတ်ခံနေရမယ်... ဘာမှတ်နေလဲ...´

အားလုံး။ ။ `ဟို... သူတို့က ဒါမျိုးဆို ဖြတ်ဘူးဗျ... ဟိုဟာတွေပဲ...´

ဟန်သစ်ငြိမ်။ ။ `တော်စမ်းဗျာ... ၀ံဂျီးတွေ အနှိပ်ခန်းသွားကြတာ... လိုအပ်တာတွေ စစ်ဆေးမှာကြား... အဲလိုဖြစ်ရမှာပေါ့... အိုကေနော်... ပြန်ဆိုမယ်... ၀ံဂျီးတွေ အနှိပ်ခန်းသွားကြတာ´
အားလုံး။ ။ `လိုအပ်တာတွေ စစ်ဆေးမှာကြား...´

ဟန်သစ်ငြိမ်။ ။ `လိုအပ်တာတွေ စစ်ဆေးမှာကြား...´
အားလုံး။ ။ `၀ံဂျီးတွေ အနှိပ်ခန်းသွားကြတာဗျ´

ဟန်သစ်ငြိမ်။ ။ `မင်းသမီးတွေ အ၀တ်အစား လဲတဲ့အခါ´
အားလုံး။ ။ `လိုအပ်တာတွေ စစ်ဆေးမှာကြား´

ဖုံး... ခွပ်... ဖြောင်း... ဖောင်း... ဖုံး...

ဟန်သစ်ငြိမ်။ ။ `ကဲဟာ... ကဲဟာ... သူတို့ အ၀တ်အစားလဲတာနဲ့ နင်တို့က စစ်ဆေးမှာကြားစရာလား... ဒါမျိုးကျ အတိုင်ဖောက်က ညီလိုက်တာ... စစ်မယ်စစ် ငါပဲ စစ်ရမှာပေါ့...´

ခွပ်... ဖြောင်း... ဖုံး... အင့်... ခွပ်... ဟန်သစ်ငြိမ်ကို ပြန်ဝိုင်းသမကြတော့သည်။

အောင်သာငယ်။ ။ `နင်ကကော စစ်စရာလား... သူ့ဘာသာ အ၀တ်စားလဲတာ...´

ဟန်သစ်ငြိမ်။ `အင်းလေ... ဒါဆိုလည်း ပြီးရောမဟုတ်လား၊ ဘယ်သူမှ မစစ်နဲ့... ကဲ ပြန်ဆိုမယ်... အမှန်က မင်းသမီးတွေ ၀တ်စားလဲတဲ့အခါ... လူရွှင်တော်တွေ ဖျော်ဖြေပေးကြ... အဲလိုဆိုရမှာ...´

ဗီလိန်။ ။ `ဟုတ်ဘူးဗျ... အမှန်က Spy Cam နဲ့ ရိုက်ပြီး စင်ပေါ်မှာ ပိတ်ကားကြီးနဲ့ ပြရမှာ...´

ဖုံး... ခွပ်... အင့်...

ဟန်သစ်ငြိမ်။ ။ `တော်စမ်းပါ... ဆင်ဆာနော်... တော်ကြာ ဒီဗီဒီ မထွက်ဘဲ နေမယ်... ကဲ... ပြန်ဆိုမယ်... မင်းသမီးတွေ ၀တ်စားလဲတဲ့အခါ...´
အားလုံး။ ။ `လူရွှင်တော်တွေ ဖျော်ဖြေပေးကြ´

ဟန်သစ်ငြိမ်။ ။ `လူရွှင်တော်တွေ ဖျော်ဖြေပေးကြ...´
အားလုံး။ ။ `မင်းသမီးတွေ ၀တ်စားလဲတဲ့အခါ´

ဟန်သစ်ငြိမ်။ `ငပေါဂေဟာ တိုးတက်အောင်´
အားလုံး။ ။ `လူရွှင်တော်တွေ ဖျော်ဖြေပေးကြ...´

ဖုန်း၊ ခွပ်၊ အင့်... ဖြောင်း...

အားလုံး။ ။ `ဟေ့ လူရွှင်တော်တွေ ဖျော်ဖြေပေးကြ ငပေါဂေဟာ တိုးတက်အောင်...´

ဟန်သစ်ငြိမ်။ ။ `ဟေ့... မဟုတ်ဘူးလေ... ဟ ဟ´

ဟန်သစ်ငြိမ်လည်း ထိန်းလို့ မနိုင်တော့ဘူး... လူရွှင်တော်တွေလည်း ပြောချင်တာ ပြောကုန်ကြပြီ။ အတိုင်ဖောက်ကိုညီလို့...

အားလုံး။ ။ `ငပေါဂေဟာ တိုးတက်အောင်... လူရွှင်တော်တွေ ပေါက်ကရပြောကြ´
အားလုံး။ ။ `၀ံဂျီးတွေ အနှိပ်ခန်းသွားကြတာ... လူရွှင်တော်တွေ ပေါက်ကရပြောကြ´
အားလုံး။ ။ `လက်နက်ကိုင်ပြီး ရမ်းကားတာ... လူရွှင်တော်တွေ ပေါက်ကရပြောကြ´
အားလုံး။ ။ `အရက်မပါတဲ့ အခမ်းအနားပါ... လူရွှင်တော်တွေ ပေါက်ကရပြောကြ´
အားလုံး။ ။ `ခွက်ပုန်းချပြီး အရက်သောက်တာ... လူရွှင်တော်တွေ ပေါက်ကရပြောကြ´
အားလုံး။ ။ `ငပေါဦးတည်ချက်လေးရပ်ပါ... လူရွှင်တော်တွေ ပေါက်ကရပြောကြ´

ပြောပြီး အားလုံး စင်နောက်ဘက် ၀င်သွားကြတော့ ဟန်သစ်ငြိမ် တစ်ယောက်တည်း မတ်တပ်ကြီး စင်ရှေ့မှာ ကျန်ခဲ့လေတော့သည်။

စင်နောက်ပြေးဝင်သွားရင်း တလက်စတည်း ဖဲဝိုင်းဝင်ထိုင်သော ဗီလိန်ကို ကိုဇာနည်က အတင်းဆွဲခေါ်လာရသည်။ အန်ဒီကောင်ကတော့ ခွက်ပုန်း ရအောင်ကစ်လိုက်သေးသည်။

စင်ရှေ့ရောက်သည်နှင့် ဗီလိန်က ကိုအောင်သာငယ်နားကပ်ကာ “အစ်ကိုကြီး ကျနော်တို့ နောက်ထပ် မင်းသမီးတယောက်ပဲ ထပ်ခေါ်ရင် ကောင်းမယ်ထင်တယ်။ ဝိုင်းက တော်တော်လေး မြိုင်နေတာဗျ။ အဟီး လက်ယားလာပြီ”

အောင်သာငယ်။ ။ ခေါ်လေ ကောင်းသားပဲ မင်းသမီး ကနေတုန်း ... ကဗျာလေးဘာလေး ရေးပြီး ပို့စ်အသစ်တင်လိုက်ဦးမယ်။

ချန်းရဲ။ ။ ကြာတယ်ဗျာ ခုပဲခေါ်မယ်။ ကဲ ... အပျင်းတကယ်ကြီးတဲ့ အိုဘယ့် ကျနော်တို့ရဲ့ မင်းသမီးရေ ... လာပါဦး။

ပေါငြိမ်။ ။ ဟာ မင်းသမီးခေါ်တာ ပဲပြုတ်သည်ခေါ်တာ ကျနေတာပဲ ကျုပ်ခေါ်မယ် ကြည့်။

မင်းသမီးနာယကကြီးမှာ ကချင်လွန်းအားကြီးသောကြောင့် ခေါ်ပင်မခေါ်ရသေးဘဲ စင်ပေါ်ရောက်လာလေသည်။

မတူး။ ။ အို ဟောဒီဘက်က ကိုလိန်လိန်လေးတဲ့လား
ဗီလိန်။ ။ ဟင် ဘယ်အပေါက်က ဝင်လာတာတုန်း။ ဆောရီး ... ဟုတ်ပါ့မတူးရေ။

မတူး။ ။ ဒီဘက်က ကိုဇာနည်ထင်ပါ့။
ကိုဇာနည်။ ။ သိရင်လည်း ဘာလို့မေးနေသေးလဲ ... အားလုံးသိပြီးသားတွေ၊ ပရိသတ်လည်း ဒီလူတွေကို သိချင်တာမဟုတ်ဘူး။ နှုတ်ဆက် မနေနဲ့တော့ ကမှာဖြင့်က ... (ဆောင့်ကြီးအောင့်ကြီးဖြင့်ပြော)

မတူး။ ။ ဒါက ဖော်မြူလာအရ လုပ်ရတာပါရှင့် ကဲ ... ပေါငြိမ်ရေ ..
ဟန်သစ်ငြိမ်။ ။ ခည

မတူး။ ။ ဟော ဟိုနားလေးက ကိုအောင်သာငယ်လားရှင့်
အောင်သာငယ် ။ ။ ရှိ.. အိ.. ညှိ... ဂွိ..
ဟန်သစ်ငြိမ် ။ ။ အံမယ်။ မသိရင် စစ်တပ်ထဲမှာ ဆပ်ပြာတန်းစီတာ ကျနေတာပဲ။
ဗီလိန် ။ ။ အံဒါ ဆပ်ပြာတန်းစီတာ မဟုတ်ဘူး။ ဈေးရေအိမ်မှာ တန်းစီရင်းနဲ့ ချုပ်တီးထားရတဲ့ အသံ။
ဖျောင်း.... အောင်သာငယ်က ဗီလိန်ကို လှမ်းဆော်လိုက်သည်။

မတူး ။ ။ ဟိုထောင့်လေးက မောင်လေး ချမ်းရဲလားကွယ်။
ချမ်းရဲ ။ ။ ဟုတ်ကြောင်းမှန်ပါ့ အစ်မကြီး ဒဗလယ်တူးရေ့
ဇာနည် ။ ။ တော်တော် ဘိုလိုကြိုက်တယ်ဟုတ်လား။ ငါ့ မာဘိုလို တစ်ဗူးလောက်ဝယ်ပေးစမ်းပါ။
အောင်သာငယ် ။ ။ အရေးထဲ လာငတ်နေသေးတယ်။

မတူး။ ။ ဒီဘက်ကကော အောင်ဒီကန်တဲ့လား ...
အန်ဒီ။ ။ မလွဲမသွေ မူးနေကြောင်းပါ အစ်မဂျီးရေ ... ရေချိန်မကိုက်သေးလို့ တပိုင်းဖိုးလောက် ..။

ချန်းရဲ။ ။ အရေးထဲ ဒီအရက်သမားက တမျိုး (ဇက်ပိုးကို တချက်အုပ်ရင်းပြော) ကဲကဲ ပရိသတ်လည်း အော်ကျော့လန်လှပြီ ... ဘာသီချင်းနဲ့ ကမှာလဲ အစ်မဂျီးရဲ့။

မတူး။ ။ ကျမ ဒီနေ့ကမယ့် သီချင်းလေး နာမည်ကတော့ ချိုမိုင်မိုင်ပါတဲ့ရှင် ...။

ကိုဇာနည်။ ။ သြော်..... မင်းသမီးက တော်တော်ကို ခက်ခဲနက်နဲတဲ့ သီချင်းနဲ့ ကမှာကိုး ...

မတူး။ ။ မဟုတ်ပါဘူးရှင် ...

ဗီလိန်။ ။ ဟုတ်ပါတယ်ရှင် လို့ပြောရမှာလေ အစ်မဂျီး။

မတူး။ ။ ဒီလိုပါ မဟုတ်ပါဘူးရှင်ဆိုတာက ဟုတ်ပါတယ်ရှင် ... ဘာလို့လဲဆိုတော့ ကျမရဲ့ ကြိုးစားအားထုတ်မှု၊ လေ့လာအား ကောင်းမှု .. သင်ယူမှုတွေကြောင့် အကပညာကို တဖက်ကမ်းခတ် တတ်မြောက်ဖို့ဝေးလို့ ... လုံးလုံး ... မကတတ်ဘူးဖြစ်နေပါတယ် ရှင်၊ ဒါပေမယ့် စင်တွေ့ရင် မနေနိုင်တဲ့ အကျင့်ကြောင့် ထမင်းဟင်း အတူးခံပြီး ပါလေရာ ပဲခူးဆား လုပ်မိပါတယ်ရှင်။ အဲဒါနဲ့ ချိုမိုင်မိုင်ပဲ ကမယ်လေလို့ စဉ်းစားလိုက်ပြန်တော့ ... ချိုမိုင်မိုင်တောင် ဘယ်က စ ကရမှန်းမသိ ဖြစ်နေပါတယ်။ ပရိသတ်ကြီးကလည်း အငြိမ့်သဘင်ဆိုလိုက်တာနဲ့ လူပြက်တွေကိုပဲ ကြည့်ပြီး မင်းသမီးကို ကျော်သွားလေ့ရှိတယ်မဟုတ်လား (ဤနေရာတွင် သံလွင်ဟီးရိုးကော ဖိုးဂျယ်ပါ တီးလုံးများဖြင့် ပံ့ပိုးပေး)

ပေါငြိမ်။ ။ မှတ်သားလောက်ပါတယ် အစ်မဂျီးရေ။ မင်းသမီးကို ကျော်သွားတာကတော့ လမ်းမလယ်မှာ အိပ်ပျော်နေလို့ ဖြစ်ပါလိမ့်မယ်။ ဆက်ပါဦးဗျာ။

မတူး။ ။ ဟုတ်ကဲ့ပါရှင့် ... အဲဒီလို ကျော်သွားမယ့်အတူတူ မကတော့ဘူးလားလို့ စဉ်းစားမိပါတယ် ရှင် ... ဒန်တန့်တန် ဒန် (ချိုမိုင်မိုင်တီးလုံးနှင့်အတူ မစ္စတာဘင်းလေ့ကျင့်ခဏ်းလုပ်သလိုတောင်လှုပ် မြောက်လှုပ် လှုပ်ရင်းအထဲ ပြန်ဝင်သွား ..)

ဗီလိန်။ ။ တောက် သူကမှ ဝင်ကစားရမယ့်ဟာ မကဘူးဆိုတော့ မပါရတော့ဘူး။ မထူးပါဘူး (လှမ်းအော်ပြော) မမရေ ကျနော့်အတွက်ပါ အောက်ပြုတ်လေး ရိုက်ထားလိုက်။

ငပေါများဂေဟာ နှစ်ပတ်လည် မဟာအငြိမ့်ပွဲကြီး - ၂ (ဒီဗီဒီ ဗားရှင်း) ကို ဆက်လက် ရှုစား အားပေးကြပါ။

နားလည်မှု

နားလည်မှု.....
ဤစကားလုံးကို လူတိုင်း နားလည်ကြလိမ့်မည်။ အထူးသဖြင့် မြန်မာပြည်တွင် အလွန်တွင်ကျယ်ပြီး ထိရောက်သည့် စကားလုံးတစ်လုံးပင်တည်း။

လမ်းမီးတိုင် မရှိတဲ့ ကားလမ်းတွေမှာ ကား သို့မဟုတ် ဆိုင်ကယ်တွေ မျက်နှာချင်းဆိုင်မိမယ်ဆိုရင် အပြန်အလှန် မီးရောင်များကြောင့် အခက် တွေ့ကြရပါတယ်။ သူတို့ရဲ့ နားလည်မှုကတော့ အပြန်အလှန် မီးပိတ်ပေးလိုက်ခြင်းပဲပေါ့။ တစ်ဘက်က ပိတ်ထားရင် ကျန်တစ်ဘက်က မြင်ကွင်းရှင်းရှင်း မြင်ရပြီး ပိတ်ပေးတဲ့ ဘက်က ပြန်ဖွင့်ရင် ကျန်တစ်ဘက်က တလှည့် ပြန်ပိတ်ပေးပြီး ကြည့်ခွင့် ပြန်ပေးလိုက်တာမျိုးပါ။ အန္တရာယ် မဖြစ်စေရန်အတွက် ထိရောက်သည့် နားလည်မှုပင် မဟုတ်ပါလား။ ဤစနစ်ကို ဟိုင်းဝေးလမ်းမကြီးများ မှာလည်း အသုံးပြုကြတာကို တွေ့ရပါတယ်။

နားလည်မှုနဲ့ မီးပိတ်တာ နောက်တစ်မျိုး ရှိပါသေးတယ်။ မီးပိတ်တယ်ပဲ ပြောရမလား။ မီးပြောင်းသည်ပဲ ပြောရမလားပဲ။ ရုပ်ရှင်ထဲကလို အနောက်က လိုက်လာတဲ့ ရန်သူကို အချိန်ကိုက် တံခါးပိတ်လိုက်သလိုမျိုးပေါ့။ နောက်ကလိုက်လာတဲ့ကားကို မီးပွင့်မှာ ကျန်ခဲ့အောင် ၂၀၀ တန် တစ်ရွက်နဲ့ မီးပွိုင့် နီခိုင်းလိုက်တာမျိုး။ ဒါလည်း နားလည်မှုတစ်မျိုးပဲ။ အသေးစိတ်ဖတ်ချင်သေးရင်တော့ နန်းညီရဲ့ ပိုက်ဆံကောက်သူများ ပို့စ်ကို သွားဖတ်ကြည့်ကြပါ။ ဒီပို့စ်ထဲမှာပါသလို ဦးဦးဘဲဥတွေက ပိန်ညှောင်ညှောင် ကောင်လေးတွေကို ပုတ်ပြတ် ငှားထားတာကလည်း နားလည်မှု တစ်မျိုးပဲ။ တကယ်တော့ ခမောက်ဖြူဖြူလုံးလုံးခေါင်းမှာ စွပ်ထားတဲ့ ဂြိုလ်သားတွေကလည်း တစ်လမှ ဆင်ဖြူတော် ၆ ကောင်လောက်ရတဲ့ အနေအထားမှာ ဒီနားလည်မှုလေးတွေကပဲ မိန်းမ ငြိုငြင်ခံဘဝက လွတ်မှာမဟုတ်လား။ မီးပြောင်းခိုင်းတဲ့ စပယ်ယာအတွက်လည်း အကျိုးရှိ။ မီးပြောင်းပေးတဲ့ ဦးဘဲဥလည်း အကျိုးရှိ။ ပိုက်ဆံကောက်တဲ့ ကောင်လေးအတွက်လည်း အကျိုးရှိ။ ကဲ ဘယ်လောက်ကောင်းလိုက်တဲ့ နားလည်မှုများလဲ။

ဟိုင်းဝေးလမ်းမများက နားလည်မှု နောက်တစ်မျိုးအကြောင်း ပြောပြချင်ပါသေးတယ်။ နောက်ကားကို ကျော်တက်စေချင်လျှင် ညာအချက်ပြပြီး ပြ၍ လမ်းဘေးကပ်ပေးရမည်။ ကျော်မတက်စေချင်သေးလျှင် ဘယ် အချက်ပြမီး ပြကာ အသိပေးရမည်။ ဟူသည်ကား မြန်မာနိုင်ငံ ယာဉ်စည်းကမ်းတွင် သတ်မှတ်ထားသည့် စနစ်တစ်ခုဖြစ်သည်။ အမှန်တကယ် အပြင်တွင် လက်ရှိ ကျင့်သုံးနေသည်ကား မကျော်တက်စေချင်လျှင် ညာ အချက်ပြမီး ပြပြီး ကျော်တက်စေချင်လျှင် ဘယ် အချက်ပြမီး ပြသည်။ ဤသို့သော နားလည်မှုများဖြင့် ဟန်ချက်ညီနေသည့် ဟိုင်းဝေးကားလမ်းစနစ်ကို ဟန်နီထွန်း၏ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး ဇာတ်လမ်းတိုက ယာဉ်တိုက်မှုများ တိုးပွားစေလိုက်သည်။ တခါတရံ နားလည်မှု ဆိုသည်ကား ပယ်ဖျက်ဖို့ မသင့်ပေဘူး မဟုတ်လား။

တချို့ကလည်း နားလည်မှုကို နားမလည်ကြ။ နားမလည်ဆိုသည်ထက် နားမလည် ချင်ယောင်ဆောင်ကြသည်။ နားမလည် ချင်ယောင်ဆောင်သူများကြောင့် နားမလည် လည်အောင်လုပ်ရင်းက နားလည်မှုတွေကို နားမလည်နိုင်အောင် ဖြစ်ကုန်ကြသည်။ နောက်ဆုံးတော့ ပါဝါရိမ်းဂျားတွေ ဖြစ်ကုန်ကြသည်။ ကျနော့ စာများကို ဖတ်ပြီး နားမလည်ဖြစ်သွားသူများကို နားလည်အောင် ဥပမာ နည်းနည်းပေးပြီး ရှင်းပြပါ့မယ်။ တချို့က ချောကလတ် ကြိုက်တယ်။ (ဥပမာ - လေယာဉ်ကွင်းက ဦးဦးတွေလိုပေါ့)။ တချို့က လ္ဘက်ရည်ကြိုက်တယ်။ လ္ဘက်ရည်ဆိုပေမယ့် ထမင်းကြော်၊ ရှမ်းခေါက်ဆွဲ၊ ဆီချက်ကအစ ကြိုက်ကြပါတယ်။ (ဥပမာ - အစိုးရရုံး တော်တော်များများက ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမ တို့လိုပေါ့။) အစားအသောက် စိတ်မဝင်စားတဲ့ တချို့ကျတော့ ဘော်ဒါကြေးတဲ့။ (ကောင်းလိုက်တဲ့ အသုံးအနှုန်း။) တချို့ကျပြန်တော့ ဈေးရောင်းတာ ဝါသနာပါပြန်ရော။ (၁၀၀ တန် ပြက္ခဒိန် တစ်စောင်ကို ၁၀၀၀၊ ၂၀၀၀ စသဖြင့်ပေါ့။) အဲနောက်တစ်ခုက ထူးထူးခြားခြား အသုံးလေးပဲ ဘောပင်ဖိုးတဲ့။ (ဥပမာ - ထောက်ခံစာ တောင်းရတဲ့ နေရာမျိုးပေါ့။ လက်မှတ်ထိုးတာကတော့ မှင် တစ်ခြစ်စာလေးပါပဲ။ ဘောပင်ဖိုးကတော့ ဘောပင် အချောင်း ၁၀၀၀ စာလောက်တော့ ပေးရသား။) ဒါတွေ အားလုံးက နားလည်မှုတွေပါပဲ။ နားလည်မှုတွေ အတွက် နားလည်ပေးရမည့် သူဘက်က နားမလည်ပေးရင်တော့ စောစောက ပြောသလိုပဲ ပါဝါရိမ်းဂျားတွေ ဖြစ်ကုန်ကြပါတယ်။ ဒီလိုနဲ့ပဲ ပါဝါရိမ်းဂျားကြောင့် နားမလည်ချင်၊ နားမလည်လို့ ပါဝါရိမ်းဂျားဖြစ် ဖြစ်ကုန်ကြပါတယ်။

အချို့သော ဆရာ၊ ဆရာမတွေကလည်း စာသင်တာ အရမ်းကို ဝါသနာပါကြတယ်။ ဝါသနာပါလို့ပဲ ဆရာ၊ ဆရာမများဖြစ်လာကြတာ မဟုတ်လား။ ကျောင်းတွင် သင်တာအားမရလို့ အပြင်မှာပါသင်ကြသည်။ တချို့ဆရာမများက လကုန်ရက် တစ်ရက်ပဲ စာသင်သည်။ ကျောင်းသားများကလည်း လကုန်တစ်ရက်ပဲ သင်ယူချင်ကြသည်။ စာအသင်အပြကောင်းလွန်းလို့ တစ်လသင်ရမည့်စာကို တစ်ရက်ထဲ သင်ရုံနှင့် နားလည်သွားသည်။ စာမေးပွဲ မရှုံးအောင် ဖြေနိုင်ကြသည်။ ဤနားလည်မှုမျိုးကလည်း အချိန်ကုန်လူပန်း သက်သာတဲ့ နားလည်မှု တစ်မျိုး။

ကျနော် ငယ်ငယ်က တယ်လီဗီးရှင်းတွင် မြင်ဖူးတာ တစ်ခုရှိတယ်။ ရှေ့တန်းပြန် စစ်သည်များကို မိသားစုများနှင့် မိတ်ဆွေ အပေါင်းအသင်းများက ပန်းကုံးစွပ်ကြသည်။ ဂုဏ်ပြုသည့် သဘောပေါ့။ ရှေ့ဆုံးမှ ချီတက်လာသည် အရာရှိ၏ လည်ပင်းတွင် ပန်းကုံးများက မေးစေ့နားထိ ပြည့်နေသည်ကို ကြည့်ရင်း ရင်သတ်ရှုမောခဲ့ရသည်။ ယခင်က အရာရှိများထက် ပိုပြီးအစွမ်းထက်သူများက ယခုခေတ် အဆိုရှင်များဖြစ်သည်။ သူတို့ သီချင်းသီဆိုသည့် စားသောက်ဆိုင်ရှိ ပန်းကုံးများ အားလုံးကို သီချင်းတစ်ပုဒ်အတွင်း အစွပ်ခံရသည်။ လည်ပင်းတွင် မဆံ့၍ တန်းဖြင့်တင်ကာ ဘေးတွင်ချထားရသည်။ ပန်းကုံးသာမက ဦးထုပ်တွေ၊ စလွယ်တွေ၊ ပန်းခြင်းတွေ၊ ကျိုင်းတွေ ဘေးပတ်ပတ်လည်မှာ ပြန့်ကျဲနေတာပေါ့။ ကဲ ဒီလောက်ဆို သဘောပေါက်တော့ ဆိုတဲ့ နားလည်မှုမျိုး။

အဲ တစ်ခုပြောရဦးမယ်။ ကျနော် ဗီလိန်ရဲ့ အကျင့်တစ်ခုရှိတယ်ဗျ။ ညဥ့်နက်သန်းခေါင်မှ လ္ဘက်ရည်ဆိုင် ထိုင်ချင်တဲ့ အကျင့်။ ဒါပေမယ့် ရန်ကုန်မြို့ထဲမှာက ၁၁ နာရီဆို ဆိုင်တွေ အကုန်သိမ်းရပါတယ်။ အဲဒီ့မှာ ဘယ်လို နားလည်မှုတွေ တွေ့ရပြန်သလဲဆိုတော့။ ည ၉ နာရီလောက်မှ စဖွင့်တဲ့ ဆိုင်က ၁၁ နာရီမှာ ဆိုင်သိမ်းပါတယ်။ သိမ်းတယ်ဆိုပေမယ့် သိမ်းတဲ့ ပုံစံက ဒီလိုပါ။ လ္ဘက်ရည်ဖျော်တဲ့ နေရာနဲ့ မုန့်ဗန်းတွေနားမှာ မီးမှိန်မှိန်လေးပဲ ထားထားတယ်။ ခုံအပိုတွေကို ထပ်ထားတယ်။ ဝါးလုံးတွေ သစ်သားတန်းကြီးတွေကို ကြိုးနဲ့ စည်းပြီး ချထားတယ်။ မသိတဲ့သူ ကြည့်ရင် ဆိုင်သိမ်းနေတုန်းပေါ့။ ည ၁၁ နာရီမှာ သိမ်းလိုက်တဲ့ ဆိုင်က မနက် ၃နာရီလောက်မှာ သိမ်းလို့ပြီးပါတယ်။ ဆိုင်စခင်းတုန်းက နာရီဝက်တောင် မကြာပေမယ့် ဆိုင်သိမ်းတော့ ၄ နာရီလောက် အချိန်ယူရပါတယ်။ တယ်လည်း နားလည်ရခက်တဲ့ နားလည်မှုမျိုးတွေပဲကိုး။ နာယကကြီးလေသံနဲ့ ပြောရရင် ညည်းတို့ လောကဓာတ်တွေ နားမလည်ပါဘူးအေ။ ဆိုတာမျိုးပေါ့။

ပြောရရင်တော့ ပြောစရာတွေ မကုန်နိုင်တော့ပါဘူး။ အရက်ပုလင်းငှားတယ် ဆိုတာမျိုးရော ကြားဖူးကြမလားတော့ မသိဘူး။ သိပြီးသားဆိုရင်တော့ အားနာပါတယ်ဗျာ။ မသိတဲ့သူတွေကို ပြောပြချင်လို့။ ကျနော်မိတ်ဆွေ စတိုးဆိုင်ကြီးတစ်ခုပိုင်ရှင်တွေ့တော့ မေးကြည့်တယ်။ သိန်းပေါင်းများစွာတန်တဲ့ အရက်ပုလင်းတွေ ဆိုင်ထဲမှာ တန်းစီထားတယ်။ ဒါတွေက ရောင်းရော ရောင်းရရဲ့လား ဆိုတော့ သူက ရယ်တယ်။ ရောင်းတာမဟုတ်ဘူး ငှားတာတဲ့။ ကျနော်လည်း မျက်စေ့ရှုတ်သွားတယ်။ အထူးသဖြင့် ဒါမျိုးတွေကို ကြယ် ၆ ပွင့်က လာလာဝယ်ကြတယ်။ (ကြယ်ငါးပွင့် သင်္ဘောကျင်းတော့မဟုတ်ဘူး ပုခုံး နှစ်ဘက်ပေါင်းရင် ကြယ်ခြောက်ပွင့်ရှိတဲ့ ပါဝါရိမ်းဂျားတွေကိုပြောတာ။) ပြီးရင် အဘလို့ခေါ်တဲ့ လူတွေကို ကန်တော့တယ်။ အဘကမှ တစ်ဆင့် သူ့အဘကို ထပ်ကန်တော့တယ်။ သူ့အဘကမှ တစ်ဆင့် သူ့အဘဘဘ တွေကို အဆင့်ဆင့် ကန်တော့တယ် ဆိုပါတော့ဗျာ။ နောက်ဆုံးတော့ အဆင့်ဆင့်က ဆက်သသမျှ တန်ဖိုးကြီး အရက်တွေပေါင်းပြီး အပေါ်က အဘဘဘတွေက စတိုးဆိုင်ကို ပြန်လာ အပ်သတဲ့။ ဒါက အရက်ပုလင်း ယဉ်ကျေးမှု ပဲ ခေါ်ရမလား၊ အရက်ပုလင်း နားလည်မှုပဲ ခေါ်ရမလားပဲ။ အရက်ပုလင်းအစား ချက်လက်မှတ် ကြားညှပ်ထားတဲ့ ပါတိတ်တို့၊ ရွှေလက်ကောက်ပါတဲ့ မုန့်ဗုံးတို့လည်းရှိသေးတယ်။ ထူးဆန်းအံ့ဖွယ် အသွယ်သွယ်ပဲပေါ့။

ကဲပါလေ... ရေးလို့ကောင်းတိုင်း စွတ်ရေးနေတာ။ ဆက်ရေးရင် နားလည်မှုနဲ့ ဧည့်စာရင်းတိုင်စရာ မလိုတဲ့ နေရာ ရောက်သွားဦးမယ်။ ဒီမှာပဲ ရပ်လိုက်ပါတော့မယ်။ ဆန္ဒရှိရင်တော့ စာဖတ်သူတွေ ကြုံတွေ့ဖူးတဲ့ နားလည်မှု အထူးအဆန်းလေးတွေ အောက်ကကောမန့်လေးမှာ ဖြည့်စွက်ခဲ့ရင် ကျနော်လည်း ပြန်ဖတ်ရတာပေါ့။ ကျနော် တစ်ခုလောက် ပြောချင်တာကတော့ တချို့သော နားလည်ပေးရမယ့် နေရာမျိုးများ နားလည်ပေးလိုက်ကြပါ။ နားလည်ပေးမှ အလုပ်ဖြစ်မှာတွေက တပုံတပင်ဆိုတော့ နားလည်ရုံမှ တပါး အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် အားလုံးကို နားလည်မှုတွေ မျှမျှဝေဝေ ညှိညှိနှိုင်းနှိုင်း ဖြစ်စေချင်လို့ပါ။ ဒီရက်ထဲ ဘာကြောင့်လဲမသိဘူး လူအမြင်ကပ်မယ့် စာတွေချည်းပဲ ရေးနေမိတာ ခွင့်လွှတ်ကြပါဗျာ။

ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်လို့ ဆိုတဲ့ စကားပုံကို ပြောင်းပြန် ပြန်စဉ်းစား ကြည့်တာပါ။
စိတ်ဓာတ်တွေကို ခြမစားဖို့ ပြောရလောက်အောင် ကျနော်ဗီလိန် မစွမ်းပေမယ့် တစ်လှေလုံးပုပ်နေတဲ့ အထဲက တချို့သော ငခုံးမတွေ အတွက် အိမ်အပြန် ဆန်ထုပ်လေးတော့ ဆွဲခွင့်ပေးစေချင်လို့ ဗီလိန်က ထော်လော်ကန့်လန့် လုပ်လိုက်ရတာပါ။

(ဤစာသားလေး ထပ်ဖြည့်လိုက်ပါသည်။)

မှတ်ချက် ။ ။ အပေါ်တွင် တင်ပြသမျှ အားလုံးကို အချို့ (သို့) တချို့ဟုသာ သုံးနှုန်းထားပါသည်။

ဗီလိန်

ချစ် .... နာ .... မုန်း

ငါ့စာတွေကို လာမဖတ်နဲ့ ချစ်သူ
ဘယ်သူ့ကိုမှ ပြောခွင့်မရှိတဲ့ ရင်ခုန်သံတွေ
ကဗျာတစ်ပုဒ်ပဲဖြစ်ဖြစ် ချရေးပါရစေ

ငါ့ရင်ခုန်သံကို နားမထောင်နဲ့ ချစ်သူ
ဘယ်သူ့ကိုမှ မပေးတော့မယ့် အချစ်တွေ
ရင်ထဲမှာပဲဖြစ်ဖြစ် သော့ခတ်ထားပါရစေ

ငါ့အချစ်တွေ မလိုချင်နဲ့တော့ ချစ်သူ
ဘယ်လိုမှ ပေါင်းစည်းဖို့ မဖြစ်နိုင်တဲ့ ဘဝတွေ
တစ်သက်လုံးပဲဖြစ်ဖြစ် စိတ်နာလိုက်စမ်းပါ

ငါ့ဘဝကို စွန့်ထွက်သွားတော့ ချစ်သူ
ဘယ်လိုမှ ပြန်မလန်းဆန်းနိုင်တော့တဲ့ နားလည်မှုတွေ
ဓားနဲ့ပဲဖြစ်ဖြစ် ငါ့ရင်ကိုမွှန်းလိုက်စမ်းပါ

အကြင်နာတွေကို နာတာတွေနဲ့ ဖုန်းလွှမ်းလိုက်တော့ ချစ်သူ
ဖြူဖြူကျော်သိန်းဆိုခဲ့တဲ့ သီချင်းတစ်ပုဒ်ရဲ့ စာသားတွေ
နင်သက်သာအောင် အော်ဆိုလိုက်စမ်းပါ

ဗီလိန်